[ Voice of the Day ] အခု NLD လွှတ်တော်ထဲ - TopicsExpress



          

[ Voice of the Day ] အခု NLD လွှတ်တော်ထဲ ဝင်တာ တော်တော်ကြာပြီ။ အကျိုးဆက်က ရှင်းရှင်းလေးပဲ။ NLD လွှတ်တော်အမတ်တွေ လွှတ်တော်ထဲမှာ ဘာတွေလုပ်နေလဲ။ သူတို့ ရဲ့ Voting Record ခေါ်တဲ့ မဲပေးမှတ်တမ်းကို ကြည့်ကြည့်လိုက်။ အာဏာရပါတီက တင်လာတဲ့ အဆိုတွေကို ဘယ်နှခေါက် သူတို့ ဝေဖန်ဖူးလဲ။ တင်လာသမျှ အမြဲတမ်း ဝေဖန်စရာ မလိုဘူး။ တချို့ကိစ္စကို ကောင်းတာပါရင် လက်ခံပေါ့။ တချို့ကိစ္စတွေက Modified လုပ်ပေါ့။ ပြုပြင် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တာရှိမယ်။ အချို့ကိစ္စတွေမှာ ဝေဖန်တာ ရှိမယ်။ တချို့ကိစ္စတွေမှာ ကိုယ်ပိုင်တင်တာ ရှိမယ်။ အချို့ကန့်ကွက်တာ ရှိရမယ်။ ဒါတွေ ဘာသွားတွေ့လဲ ဆိုတော့ အဖွဲ့အစည်းက လူပုဂ္ဂိုလ်ပေါ် သိပ်အားပြု လွန်းတဲ့အခါ ကျတော့ အဖွဲ့အစည်းက သူ့နေရာနဲ့သူ အားမကောင်းတော့ဘူး။ မနက်ဖြန်၊ သန်ဘက်ခါ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ရပါပြီတဲ့။ သူ့မှာ အစိုးရဖွဲ့နိုင်တဲ့ လူ လုံလုံလောက်လောက် ရှိလားဆိုတဲ့ မေးခွန်းဟာ လူထုက မေးရမှာ၊ သတင်းစာဆရာ တွေက မေးရမှာ၊ ကျွန်တော်တို့က မေးရမှာ။ ကျွန်တော်တို့နဲ့ ဆိုင်တာကိုး။ မနက်ဖြန် သဘက်ခါ ၂၀၁၅ အတွက် လူတစ်ထောင်ကျော် လောက်ကို ကိုယ်စားလှယ်အဖြစ် ရွေးရပါပြီတဲ့။ NLD မှာ တကယ်ရှိသလား။ ဒါတွေကို ကျွန်တော်တို့က မေးရမယ်။ နံပါတ်တစ်၊ ကျွန်တော် ဘဝင်မကျတာက အဖွဲ့အစည်းကို Institution အဖြစ်နဲ့ အားကောင်းအောင် မလုပ်ဘဲ လူပုဂ္ဂိုလ်ကို သိပ်အားပြုတာကို ကျွန်တော်မကြိုက်ဘူး။ ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ “မြန်မာနိုင်ငံရေး လေ့လာသူ ဦးမင်းဇင်ကို တွေ့ဆုံမေးမြန်းခြင်း” မှ ကောက်နုတ်ချက် [ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
Posted on: Sat, 03 Aug 2013 07:58:39 +0000

Trending Topics



Recently Viewed Topics




© 2015