Written by zin thaw naing - TopicsExpress



          

Written by zin thaw naing (29-10-2013) ========================= အွန်လိုင်းက ဟိုမရောက် ဒီမရောက် စစ်ဗိုလ် ပေါက်စတွေ အများစုဟာ ဒေါ်အောင်ဆန်း စုကြည်ကို တော်တော်လေး မုန်းကြတာ တွေ့ရတယ်။ ဒါဟာ ဦးနှောက်ဆေး ခံရမှု၊ ရိုက်သွင်းခံ ထားရ မှုတွေကြောင့် ဖြစ်နိုင်သလို သူတို့ ကိုယ်တိုင်က တစ်ချိန်ကျရင် သူတို့ ရလာမယ့် အာဏာနဲ့ အခွင့်ထူး တွေကို ဖျက်ဆီးပစ်မယ့် ပုဂ္ဂိုလ်လို့ ယူဆနေ ကြတာကြောင့် ဖြစ်တယ်။ ဒေါ်စု ပြောသလို စစ်တပ်ကို နိုင်ငံရေး အခင်းအကျင်းက ဖယ်ထုတ် လိုက်မယ် ဆိုရင် သူတို့ဘ၀ကြီးက အဓိပ္ပါယ် မဲ့သွားပြီ။ ဗိုလ်သင်တန်းမှာ၊ စစ်မြေပြင်မှာ အနာခံ လုပ်ခဲ့သမျှတွေ အလကား ဖြစ်ကုန်ပြီ။ သာမန် အစိုးရ ၀န်ထမ်းလစာနဲ့ တစ်သက်လုံး နေရတော့မယ်။ သူတို့ မျှော်လင့် ထားတဲ့ အာဏာ၊ ငွေကြေးနဲ့ အခွင့်အရေးတွေ အားလုံး မြောင်းထဲ ရောက်ပြီ။ ဒါကြောင့် လူ့အတ္တ စိတ်နဲ့ ကြည့်မယ် ဆိုရင် သူတို့မုန်းတာ ဖြစ်သင့်တယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်မယ် ဆိုရင် သူတို့တောင် မရသေးတဲ့ အခွင့် အာဏာလေးကို မက်ပြီး လူတစ်ယောက်ကို တူးတူးခါးခါး မုန်းနေကြတယ် ဆိုရင် ကျွန်တော်တို့ နှစ် ၅၀ လောက် ချိုးနှိမ် ဖျက်ဆီးခံခဲ့ရတဲ့ အခွင့်အရေးတွေ၊ အကျိုး စီးပွားတွေ၊ မျှော်လင့်ချက် အတွက် စစ်တပ်ကို မုန်းတယ် ဆိုတာ တရားတယ်လို့ သူတို့ ယူဆနိုင်ရမယ်။ အပြန်အလှန် သဘောပေါ့။ ကျွန်တော်တို့ လက်သီးဆုပ် ထားတာကို ဖြေနိုင်ရင်တောင်မှ ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက် နိုင်ဖို့ မဖြစ်နိုင်သေး ပါဘူး။ ဒီတော့ ဘာကြောင့် ကျွန်တော်တို့ စစ်တပ်ကို မုန်းသလဲလို့ မေးရင် ဆရာ မောင်မှိုင်းလွင်(အင်းဝ) ရဲ့ ကဗျာလေးနဲ့ပဲ ပြန်ဖြေလိုက် ပါမယ်။ အမှတ်သညာ ============ ဆုပ်တဲ့လက်သီး ဖြည်ပြီးပြီပဲ ထားပါတော့ …… ကမ်းလာတဲ့လက် နှုတ်ဆက်ဖို့ရာ သူ့လက်ဖဝါးမှာ ငါ့ ပါးရာကြီးမပျက်သေး။ ။ (ရနံ့သစ် ၂၀၁၃ ဂျူလိုင်)
Posted on: Tue, 29 Oct 2013 16:51:09 +0000

Trending Topics



class="stbody" style="min-height:30px;">
Just about every shift I have a caller asking about hotel rates
Tommy Thayer 11x14 Autographed Photograph / t7xa9yfj - n46r2u -
Egy tündérnek Mikor a szíved oly messze száll, Holdsugár
PLEASE CONTINUE TO SHARE OUR POSTS! Ever since we started
One of the most influential Shia religious leaders in Iran
Rock Of Ages: I Want To Know What Love Is- Tom Cruise & Malin

Recently Viewed Topics




© 2015