facebook စသုံးတဲ့အဒေါ်က - TopicsExpress



          

facebook စသုံးတဲ့အဒေါ်က ဖေ့စ်ဘုတ်မှာ ရန်တွေဖြစ်လိုက်ကြတာတဲ့ ။ မပျော်တဲ့လူတွေများတဲ့ တိုင်းပြည်က ဖေ့စ်ဘုတ်က ငြိမ်းချမ်းစရာရှိပါ့မလား လို့ ပြန်ဖြေတယ်။ ချမ်းသာ၇င်ကော ပျော်သလား။ မသေချာပါဘူး။ ရုပ်ဝတ္တုတွေကြွယ်ဝနေတိုင်းလဲ မပျော်ကြပါဘူး။ ဒါပေမယ့် အခြေခံဖူလုံမှုတော့ရှိရမှာပေါ့။ အခြေခံဖူလုံမှုဆိုတာ ပညာရေး၊ကျန်းမာရေး နဲ့ စားဝတ်နေရေးအတွက်သင့်တင့်မျှတတဲ့ ဝင်ငွေ နဲ့ နေနိုင်စားနိုင်တဲ့ စီးပွာရေးစံနစ်မျိုး။ ဒီလို ဓနအင်အားမျိုး။ တိုင်းပြည်ထဲက ပျမ်းမျှသော လူတွေဟာ စိတ်အေးလက်အေးနဲ့ နေနိုင်တဲ့အဆင့်ရှိဖို့တော့လိုမယ်။ မဆလ တံခါးပိတ်ခေတ်က အမေတို့စားတဲ့ ဟင်းသီးဟင်းရွက်တွေဟာ မကြီးထွားဘူး။ ဒါပေမယ့် အော်ဂဲနစ်စစ်စစ်တွေ။ အခု Genetically Modified လုပ်ထားတဲ့ မျိုးတွေနဲ့ ဘယ်ကမှန်းမသိတာတွေစားနေကြရတယ်။ နောက် ဓာတ်မြေသြဇာဆိုတာတွေ သုံးနေကြပေမယ့် အထိန်းအကွပ်ရှိလားမရှိလားမသိ၊ မြေဆီတွေ ဘယ်လိုပျက်လား မပျက်လားမသိ ဖြစ်နေကြရတယ်။ ငါးပိထဲမှာ ဓာတ်မြေသြဇာ ထည့်သတဲ့။ မြန်မာမှာကင်ဆာဖြစ်တာတွေ များလှသတဲ့။ ဆင်းရဲမွဲတေပေမယ့် စီးပွားရေးစံနစ်ပြောင်းသွားတဲ့အခါမှာ ဖြစ်လာတဲ့ဒဏ်ရာဒဏ်ချက်တွေ။ မဆလ ခေတ်တုန်းက ဆင်းရဲပေမယ့် အားလုံးအတူတူ ဆင်းရဲကြတယ်။ အရင်းရှင် စံနစ်ဆိုးမွေဖြစ်တဲ့ လူတန်းစားကွာဟမှုနဲ့ အဲ့ဒီကပေးလိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ သိပ်မများဘူးလို့တွေးမိတယ်။ မဆလ စံနစ်မကောင်းပါဘူး။ တစ်ဖက်က ဆိုရှယ်လစ်အငွေ့ရိုက်ထားတော့ ဒီလို လူတန်းစား ကွာဟမှု နည်းတာကိုထောက်ပြတာပါ။ ပြန်ကောက်ရရင် တိုင်းပြည်စီးပွားရေးကို စံနစ်တကျ မတည်ဆောက်ရသေးခင် ဈေးကွက်စီးပွားရေးလုပ်တဲ့အခါ ခရိုနီဝါဒ ဖြစ်ထွန်းလာတဲ့အခါ လူတွေ ပိုအကျင့်ပျက်လာကြတယ်။ မွဲတဲ့လူက ပိုပိုမွဲပြီး ချမ်းသာတဲ့ လူနည်းစုက ပိုပိုချမ်းသာလာကြတယ်။ လူတွေမပျော်ကြတော့ဘူး။ ဒေါသတွေ ဖြစ်နေကြတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ။ 1993/94 ကာလများနဲ့ပဲ အရင်ယှဉ်ကြည့်ပါ။ 1983 ကာလများဆို ပိုသိသာမယ်။ စီးပွားရေးစံနစ်ရဲ့ ၇ိုက်ခတ်မှုနဲ့ Social Order တွေ ပြောင်းလဲလာတဲ့ ပုံစံတွေ။ အဲ့ဒီမှာ ဘူတန်နိုင်ငံကိုသတိရမိတယ်။ အခြေခံ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တာချင်းလဲ တူတယ်။ ဆင်းရဲတာချင်းလဲတူတယ်။ ဒါပေမယ့် ဘူတန်နိုင်ငံသားတွေဟာ ကမ္ဘာမှာ ပျော်ရွှင်မှု ထိပ်တန်းမှာ ပါနေကြတယ်။ အတော်လေး စိတ်ဝင်စားမိပါတယ်။ ကိုယ့်တိုင်းသူ ပြည်သားတွေကို ဘယ်လို စိတ်မျိုးတွေ ရှိစေချင်သလဲ၊ ဘယ်လိုစရိုက်မျိုးတွေ ထွန်းကားစေချင်သလဲ။ ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ နေစေချင်သလဲ ဆိုတဲ့ အတွေးဟာ နိုင်ငံ့ခေါင်းဆောင်တိုင်း၊ ခေါင်းဆောင်လောင်းတိုင်း စဉ်းစားရမယ့် အတွေးအခေါ်ပါ။ ဒီမိုကရေစီစံနစ်၊ အရင်းရှင်စံနစ် စတာတွေက အာဏာရှင်စံနစ်ထက် အများကြီးကောင်းပါတယ်။ ဒါပေမယ့် အမေရိကန်တွေ ပျော်နေကြသလား။ ကမ္ဘာ့အချမ်းသာဆုံး တိုင်းပြည်ကြီးရဲ့ အမှောင်ခြမ်းမှာ ဘာတွေ ဖြစ်နေလဲ။ ဒါတွေကို Social Structure လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတည်ဆောက်ပုံလို့ခေါ်တဲ့ရှုထောင့်ကနေ ကြည့်လို့ရပါတယ်။ လူမှုအဖွဲ့အစည်းတည်ဆောက်ပုံထဲမှာ မြန်မာ့လူမှု အဖွဲ့အစည်းတည်ဆောက်ပုံဟာ သူ့ဝိသေသ လက္ခဏာနဲ့သူ ရှိတယ်။ အမြဲတမ်းပျော်နေတတ်တဲ့လူမျိုးတွေ တဲ့။ ဟုတ်ပါတယ်။ မြန်မာတွေ ပျော်တတ်တယ်။ ရှိသမျှ နဲ့ပျော်အောင်နေတတ်တယ်လို့ပြောကြတယ်။ ဒီလူတွေ အခု ဒေါသကြီးနေကြပြီ။ စိတ်ညစ်နေကြ့ပီ။ အာဏာရှင်စံနစ်နဲ့ ကျဆုံးသောစီးပွားရေး စံနစ်ကျ ဖန်တီးလိုက်တဲ့ ပြဿနာတွေပါ။ ဒီမိုကရေစီ၊ အရင်းရှင်စံနစ် ဆိုတိုင်း လောဘတွေကြီးပြီး ရုပ်ဝတ္တုနောက် သိပ်လိုက်တဲ့ လူတွေကြီးစိုးတဲ့ပတ်ဝန်းကျင်မှာ ခင်ဗျား သားမြေးတွေကို ရှင်သန်စေချင်သလား။ ဒီမိုကရေစီဆိုလဲ ဒီမိုကရေစီစံနစ်ပေါ့။ ကောင်းပါတယ်။ သူ့ထက်ကောင်းတဲ့ စံနစ်မပေါ်သေးပါဘူး။ ကျနော်ကတော့ အခြေခံဖူလုံပြီး အချင်းချင်း ရန်မလိုတဲ့ ပတ်ဝန်းကျင်၊ေ၇ွှရောင်ဝင်းတဲ့ စေတီတွေနဲ့ ဘုန်းကြီးရိပ်သာတွေမှာ လူငယ်၊လူကြီးတွေ လျှံနေတဲ့ပတ်ဝန်းကျင်၊ ပြည့်တန်ဆာ လုပ်ငန်း မကြီင်္းထွားတဲ့ဝန်းကျင်၊ မူးယစ်ဆေးနဲ့ အရက်ဆိုင်တွေ စီးပွားမဖြစ်လှတဲ့ဝန်းကျင်၊ စာကြည့်တိုက်တွေ ရှိပြီး ရှေးခေတ်က ကွက်စိပ်ဆရာတွေလို အတွေ့အကြုံတွေ လူကြီးလူငယ် ဖလှယ်နေကြတဲ့ ဝန်းကျင်၊ မိသားစုထမင်းဝိုင်းမှာ မိသားစုတွေ စုံနေတဲ့ ဝန်းကျင်.......။ ဒီလို ဝန်းကျင်မှာပဲ ကိုယ့် မျိုးဆက်သစ်တွေကို ထားခဲ့ချင်တယ်။ အချင်းချင်း လေးစားတတ်ကြတဲ့ ဝန်းကျင်။ အမြဲတမ်းပြုံးနေတတ်တဲ့လူတွေနဲ့ စည်းကမ်းရှိလှတဲ့ တိုင်းပြည် ဆိုတဲ့အနေအထားမှာပဲ ထားခဲ့ချင်တယ်။
Posted on: Tue, 21 Jan 2014 23:21:24 +0000

Trending Topics



Recently Viewed Topics




© 2015