house officers life မှ ကြုံတွေ့ရ သော - TopicsExpress



          

house officers life မှ ကြုံတွေ့ရ သော အဖြစ်အပျက်များ သားဖွားမီးယပ်ဌာနတစ်ခု ရဲ့ ညတစ်ညမှာပေါ့ ကျွန်မတို့နှစ်ယောက် ရဲ့ duty ည လေးမှာ လူနာတစ်ယောက် ရောက်လာခဲ့တယ် အိမ်မှာ က လေး မွေးခဲ့တာတဲ့ ဒါပေမယ့် က လေး ကမထွက်သေးဘဲရောက်လာတာ က လေး နှလုံးခုန်သံ နားထောင်တော့ မရှိတော့ဘူး မွေးစင် ပေါ်တင်ပြီး က လေး ထွက်ါဖို့လုပ် ရတာပေါ့ သူမ ကလည်း ကြိုးစားပြီးညှစ် ရှာပါတယ် ဒါပေမယ့် က လေး ကမထွက်ဘူး ဒါနဲ့ OG မမ က vacuum ပြင် ထားတဲ့ လေစုပ်ပြီးမွေးပေမယ့် လည်းမရဘူး forcep ဆွဲမယ် ပြင်ထားလိုက်တဲ့ ညှပ်ဆွဲမွေးတော့လည်း မရဘူး သူ့ဗိုက်ကို ကြည့်လိုက်တော့ အညိုအမဲဆွဲလို့ ပြီးတော့ vulva odema နဲ့ အဲဒီအချိန်မှာ နောက်မွေးလူနာတစ်ယောက် head seen ပြီတဲ့ OG မမ က သမီးတို့နှစ်ယောက်သွားမွေးလိုက်တဲ့ သူ့ကိုမွေး ပြီးတာတောင် ခုနက က လေး ကမထွက်သေးဘူး သူ့ကို synto ပဲ ချိတ်ထားရတာပေါ့ သူက ပြောတယ် ဆရာမရယ် သမီးကို က လေး မြန်မြန်ထွက်အောင် လုပ်ပေးပါ သမီး က လေးက နေ့စေ့လစေ့ပဲ သမီးဗိုက်စနာတုန်းက တောင် သူက သမီးဗိုက်ထဲမှာလှုပ်နေတာ သမီးသိတယ် အခုတော့ သမီး က လေးလေး မရှိတော့ဘူး ဆရာမရယ် သမီးကို ကယ်ပါအုံးနော် ကျွန်မ ရင် ထဲမှာလေ နင့်နေ အောင် ခံစားခဲ့ရတယ် သူ့ကို ဘာမှပြန်မ ပြောနိုင်လောက်အောင် ကို ခံစားလိုက် ရတယ် သူ့ကို အားပေးနှစ်သိမ့်ပြီးမွေးခန်းထဲက ထွက်အလာမှာတော့ ကျွန်မ စဉ်းစားမိတာတစ်ခုက ပြည်သူတွေ ကျန်းမာရေး အသိပညာ ရှိဖို့နဲ့ လက်သည်တွေဆီမှာမ မွေးပဲ ဆရာဝန်, သားဖွားဆရာမ တို့နဲ့ ကိုယ်ဝန်အပ်ပြီး မွေးဖို့အသိရှိဖို့ ကျွန်မတို့တွေ ပညာပေး ဖြန့်ဝေရမယ်ဆိုတာပါပဲ်
Posted on: Fri, 31 Jan 2014 06:21:11 +0000

Trending Topics



Recently Viewed Topics




© 2015