iPhone 5s Vs Galaxy Note 3 ဒီနှစ်အတွက် - TopicsExpress



          

iPhone 5s Vs Galaxy Note 3 ဒီနှစ်အတွက် အကောင်းဆုံးလို့ သတ်မှတ်လို့ ရတဲ့ စမတ်ဖုန်း၂လုံးပါ။ ပြိုင်ဘက်ထိပ်သီး ကုမ္ပဏီကြီး ၂ခုရဲ့ ရှေ့ဆင့်နောက်ဆင့်ထွက်ရှိလာတဲ့ အဆင့်မြင့် Smart Phone တွေပါ။ မျက်နှာပြင်အရွယ်အစား၊ တပ်ဆင်ထားတဲ့ Hardware ပိုင်း၊ ပါဝင်တဲ့ Feature တွေအရ လက်ရှိ သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ ထွက်ရှိခဲ့သမျှ ဖုန်းတွေထဲမှာ အဆင့်အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်ကိုလည်း မကြာမီရက်ပိုင်းအတွင်း ၀င်ရောက်လာတော့မှာမို့ ဒီဖုန်း ၂လုံးဘယ်ဟာ ပိုကောင်းလဲ ဆိုတာကို နှိုင်းယှဉ်ကြည့်ရအောင်.... အရွယ်အစား၊အလေးချိန် နဲ့တည်ဆောက်ပုံ iPhone 5S က အလျား-အနံ-အမြင့် 59 x 7.6 x 124 mm ရှိပါတယ်။ Note 3 ကတော့ 79 x 8.3 x 151 mm ရှိပါတယ်။ ရာခိုင်နှုန်းနဲ့ကြည့်ရင်တော့ Note 3က5s ထက် ၂၂% ပိုရှည်ပြီး ၃၉% ပိုမိုကျယ်ပြန့်ပြီး ၉% ပိုထူတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ ရှိသင့်တဲ့ အရွယ်အစားအရဆိုရင်တော့ Note3 က သိပ်အဆင်မပြေပါဘူး။ သူ့ရဲ့ အရွယ်အစားအရ ဖုန်းနဲ့ Tablet ရောစပ်ထားတဲ့ Phablet အုပ်စုထဲရောက်နေတယ်လို့ သုံးသပ်လို့ ရပါတယ်။ အလေးချိန်ပိုင်းမှာတော့ Note 3 က 5s ထက် ၅၀% ပိုလေးပါတယ်။ 5s က ၁၁၂ ဂရမ်ပဲ ရှိတဲ့ အချိန်မှာ Note 3 က ၁၆၈ ဂရမ် အလေးချိန် ရှိပါတယ်။ iPhone 5s ကတော့ သူ့ရဲ့ရှေ့ကထွက်ခဲ့တဲ့ iPhone 5 ရဲ့ ပုံစံအတိုင်း ထပ်တူနီးပါး တူညီနေတာကို တွေ့ရမှာပါ။ အလျူမီနီယံကိုယ်ထည်ကိုပဲ ပြန်သုံးထားပါတယ်။ Note3 မှာတော့ အရင်က ထုတ်ခဲ့တဲ့ မော်ဒယ်လ်တွေနဲ့ ကွဲပြားခြားနားမှုတွေ ရှိလာပါတယ်။ အရင်လို ပလတ်စတစ်ကိုယ်ထည်တွေချည်းပဲ မသုံးတော့ပဲ ကိုင်ရတာ ပိုပြီး အဆင်ပြေ မေယ့် Leather တစ်ထပ်ကို ထပ်ပြီးအုပ်ပေးထားပါသေးတယ်။ အရောင် မှာတော့ ၃မျိုးစီ ရွေးခြယ်စရာ ရှိပါတယ်။ iPhone 5s မှာတော့ space gray, gold, silver ဆိုပြီး ရွေးခြယ်နိုင်ပါတယ်။ Note 3 မှာတော့ jet black, Classic White နဲ့ Blush Pink ဆိုပြီး ၃မျိုးလာပါတယ်။ မျက်နှာပြင် အရည်အသွေး နဲ့ ကင်မရာ iPhone 5s ကတော့ ၄လက်မ အရွယ်အစားကနေ ခုထိ ပြောင်းလဲမလာသေးတာကတော့ တစ်ချို့ သူများအတွက် စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ၄လက်မ မျက်နှာ မြင်မှာ 1136 x 640 pixel ကို 16:9 aspect Ratio နဲ့ရရှိမှာပါ။ 326 pixels/inch ရှိပါတယ်တဲ့။ Note 3 ကတော့ ၅.၇လက်မ အရွယ် မျက်နှာပြင်မှာ 1920 x 1080 pixel ရရှိပါမယ်။ 16:9 Aspect ratio မှာ 388 pixels/inch ထိစွမ်းဆောင်ရည် ရှိပါတယ်။ Pixel ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် 5s ရဲ့ Pixel ဟာ Note 3 စွမ်းဆောင်ရည်ရဲ့ ၃၅ %သာ ရှိပါတယ်။ ဒါပေမယ့် 5s ရဲ့ 326ppi ဟာ အနိမ့်စား မဟုတ်ဘူးဆိုတာကိုတော့ သတိထားသင့်ပါတယ်။ နောက်တစ်ချက်က Stylus Pen ပါ။ Note 3 မှာတော့ အရင် Samsung Note စီးရီးတွေ အတိုင်း Stylus Pen ပါဝင်လာခဲ့သလို၊ Stylus Pen နဲ့ တွဲသုံးလို့ရမယ့် Feature တွေကို ပိုမိုပြည့်စုံကောင်းမွန်အောင် ထပ်ဖန်တီးထားပေးပါသေးတယ်။ iPhone 5s မှာတော့ Stylus Pen ပါဝင်ခြင်းမရှိပါဘူး။ ကင်မရာပိုင်းမှာ Note အတွက် 13Megapixel ရှိတဲ့ ကင်မရာ ပါဝင်ပြီး 5s မှတော့ 8Megapixel ကင်မရာပါဝင်ပါတယ်။ ရှေ့ကင်မရာ အတွက်ကတော့ Note 3 မှာ 2MP နဲ့ 5s အတွက် 1.2 MP ပါ။ Megapixel များတိုင်း ပုံထွက်အရည်အသွေးကောင်းမယ်လို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။ iPhone 5s မှာပါဝင်တဲ့ ကင်မရာ Feature အသစ်တွေက အနှေးရိုက်ချက်တွေအတွက် ပိုမိုကောင်းမွန်လာမှာ ဖြစ်သလို ပုံထွက်ပိုင်းမှာလည်း ပိုပြီးတိကျလာမယ်လို့ ဆိုပါတယ်။ LED Flash မှာလည်း နောက်တစ်လုံးထပ်ထည့်ပေးထားပါသေးတယ်။ Processor နှင့် Feature ပိုင်း Apple iPhone 5s မှာတော့ A7 processor ကိုအသုံးပြုထားပြီး dual -core processor 1.3 GHz ပါ။ ထူးခြားချက်အနေနဲ့ ပထမဆုံး 64-bit processor ကိုပထမဆုံးအကြိမ် အသုံးပြုထားပါတယ်။ Note 3မှာတော့ အမျိုးအစား ၂ခုနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ LTE အတွက် Snapdragon 800 quad core 2.3 Ghz ကို အသုံးပြုထားပြီး HSPA အတွက်တော့ Exynos Octa (Octa Core 1.9GHz) ဆိုပြီး ၂မျိုးခွဲ ထုတ်လုပ်ထားပါတယ်။ ဖုန်းအမျိုးစား ၂ခုလုံးရဲ့ Processor တွေဟာ ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ အထူးသဖြင့် iPhone 5s ရဲ့ Processor ဟာ Desktop PC တွေကိုတောင် ပုခုံးချင်း ယှဉ်နိုင်စွမ်းရှိပါတယ်။ RAM အနေနဲ့ကတော့ iPhone 5s မှာ 1GB RAM ပါဝင်ပြီး Note 3မှာတော့ ကမ္ဘာ့ပထမဆုံး 3GB RAM ကို အသုံးပြုထားပါတယ်။ ဒါကြောင့် Note 3 ရဲ့ စွမ်းဆောင်ရည်ဟာ သံသယ ဖြစ်ဖွယ်မရှိအောင်ကို စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှာ ဖြစ်ပါတယ်။ သိမ်းဆည်းနိုင်မှုပမာဏ အနေနဲ့ 5s က 16GB, 32GB, 64GB ဆိုပြီး ၃မျိုး၃စား ထုတ်လုပ်ထားပေမယ့် အပိုသိမ်းဆည်းနိုင်ဖို့ရာ Micro SD Card Slot ပါဝင်ခြင်းမရှိပါဘူး။ Note 3မှာတော့ 32GB ဒါမှမဟုတ် 64 GB ရွေးခြယ်ဝယ်ယူနိုင်ပြီး Micro SD နဲ့ သိမ်းဆည်းနိုင်မှုပမာဏကို ထပ်မံတိုးချဲ့နိုင်ဦးမှာ ဖြစ်ပါတယ်။ OS အနေနဲ့တော့ Apple ကလည်း iOS 7 ကို အသုံးပြုမှာ ဖြစ်သလို Note 3 မှာလည်း နောက်ဆုံးထွက် Android OS သစ် 4.3 ကိုအသုံးပြုထားပါတယ်။ Multi-Window ဆိုတဲ့ Application ၂ခုကို တစ်ပြိုင်နက် မျက်နှာပြင်ပေါ်မှာ ဖွင့်အသုံးပြုနိုင်တဲ့ Feature ကိုလည်း Note 3 မှာ ရရှိဦးမှာ ဖြစ်ပြီး iPhone 5s ကတော့ မျက်နှာပြင်သေးသေးမှာပဲ ကျန်နေဆဲပါ။ iPhone 5s ရဲ့ အဓိက ဆွဲဆောင်နိုင်တဲ့ အချက်ကတော့ Fingerprint Sensor ပဲဖြစ်ပါတယ်။ လုံခြုံရေးပိုင်းမှာ တော်တော်လေးကို စိတ်ချရတဲ့ အနေအထားဖြစ်ပါတယ်။ ကောင်းသလား မေးရင် ကောင်းတယ်ဆိုပြီး ပြောလို့ရသလို မကောင်းဘူးလို့လည်း ပြောလို့ရပါတယ်။ မတော်တဆ လက်မှာ ဒဏ်ရာရတဲ့ အချိန်မျိုးမှာ ဒါမှမဟုတ် Fingerprint Sensor ချို့ယွင်းသွားတဲ့ အချိန်မျိုးမှာ အခက်အခဲ အကြီးအကျယ် ရောက်နိုင်ပါတယ်။ ဘက်ထရီ ပိုင်းမှာ ကွာဟချက်ကတော့ အကြီးအကျယ် ရှိနေဆဲပါ။ 5s မှာ 1570 mAh ဘက်ထရီနဲ့ Note 3 မှာ 3200 mAh ဘက်ထရီပါ။ ၂ဆလောက်ကို ကွာပါတယ်။ ယခင် ထွက်ရှိခဲ့သမျှ iOS တွေမှာ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာကို iOS 7 မှာ မဖြေရှင်းနိုင်သေးခဲ့ရင် အခု iPhone 5s မှာလည်း အားနည်းချက်ကြီး တစ်ခုလို ဖြစ်နေဦးမှာပါပဲ။ ဈေးနှုန်းအရတော့ Note 3 က ဒေါ်လာ ၇၀၀ ၀န်းကျင်ရှိနိုင်ပြီး iPhone 5s ကတော့ လက်တလော ပေါက်ဈေးအရ ၈သိန်း နဲ့ ၉သိန်းကြားထဲ ကျသင့်နိုင်ပါတယ်။ နိဂုံးချုပ် လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလို သူများတွေ ဒီဖုန်းကောင်းတယ်ဟေ့ ဆိုတိုင်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ အဓိက ကတော့ ကိုယ်နဲ့ အသုံးတည့်မယ့် ပစ္စည်းကို အချိန်ယူ လေ့လာပြီးမှ ၀ယ်တာ အကောင်းဆုံးပါ။ ထွက်တိုင်းသာ လိုက်ဝယ်ရရင်လည်း ၀ယ်လို့ကို ဆုံးမှာ မဟုတ်ပါဘူး။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။ Ref & Credit : ............................................................. xx SQUAR ADMIN TEAm xx Ref: Gizmag .............................................................. Myanmar Mobile Phone Journal
Posted on: Mon, 07 Oct 2013 23:29:42 +0000

Trending Topics



Recently Viewed Topics




© 2015