ကမ္ဘောဇဘဏ် - TopicsExpress



          

ကမ္ဘောဇဘဏ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းက ပေးသည့် ဆု ၂ ဆုရ ဒီဗွီဘီ - ၁၉ စက်တင်ဘာ ၂၀၁၃ မြန်မာနိုင်ငံမှာ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားပြီး ဖောက်သည်အများဆုံးရထားတဲ့ ကမ္ဘောဇဘဏ်ဟာ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်း(World Finance)က ချီးမြှင့်တဲ့ Best Commercial Bank in Myanmar (2013) ဆုနဲ့ Best Banking Group in Myanmar (2013) ဆု ချီးမြှင့်ခံရကြောင်း ဘဏ်ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။ ခုလို ဆု ၂ ဆု ချီးမြှင့်ခံရတာဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်နိုင်တာ၊ အပ်နှံငွေ အများဆုံးရရှိတာ၊ ၀န်ဆောင်မှုပေးရာမှာ ကောင်းမွန်အောင်မြင်တာနဲ့ အစိုးရဆီကို အခွန်ဆောင်တဲ့ ထိပ်တန်းကုမ္ပဏီထဲ ပါဝင်တာ စတဲ့အချက်တွေကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့အချိန်ထိ ကမ္ဘောဇဘဏ်ဟာ မြန်မာတနိုင်ငံလုံးမှာ ဘဏ်ခွဲပေါင်း ၁၂၁ ခု ဖွင့်လှစ်ထားနိုင်ပြီး မီနီဘဏ်ခွဲပေါင်းကတော့ ၄၀ ကျော် ရှိနေပြီလို့ ဦးသန်းလွင်က ရှင်းပြပါတယ်။
Posted on: Thu, 19 Sep 2013 08:21:04 +0000

Trending Topics



Recently Viewed Topics




© 2015