ကလေးအကျဉ်းထောင်ဝန်ထမ်း - TopicsExpress



          

ကလေးအကျဉ်းထောင်ဝန်ထမ်း ထံမှ ဘိန်းစိမ်းဖမ်းမိ ============================= Thursday, 11 July 2013 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မော်လိုက်ကလေးကျေးရွာ အနီးရှိ မော်လိုက်ကလေး အကျဉ်းဦးစီးဌာန (ကလေးအကျဉ်းထောင်) ဝန်ထမ်းတစ်ဦး ထံမှ ဘိန်းစိမ်းခြောက်ဂရမ်ကို ဇူလိုင်လ ၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကလေး မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါနေ့က သတင်းအရ ကလေး-တမူး-ကလေးဝ လမ်းပေါ်ရှိ ဖောင်ကူး တံတားတွင် စောင့်ဆိုင်းနေစဉ် ကလေးမြို့သို့ မောင်းနှင်လာသော ဦးသူရိန်ကိုကိုဝင်း ၂၄ နှစ်၏ ဆိုင်ကယ် Tool Box ကို ရပ်တန့် စစ်ဆေးနေခိုက် ၄င်းက လမ်းဘေးသို့ အထုပ်တစ်ထုပ် လွှင့်ပစ်သဖြင့် ရှာဖွေ စစ်ဆေးရာ ကော်ဖီမစ်ထုပ်အခွံဖြင့် ထုပ်ပိုးထားသော ဘိန်းစိမ်းတစ်ဂရမ် (တန်ဖိုး ၁၃၀၀ ကျပ်) ကို တွေ့ရှိရသဖြင့် မေးမြန်းရာ ၄င်းနှင့်အတူ လိုက်ပါလာသော မော်လိုက် ကလေး အကျဉ်းဦးစီးဌာနမှ တပ်သား အောင်မျိုး၂၄နှစ် ထံမှ ဝယ်ယူထားသည်ဟု ဆိုကြောင်း၊ ဦးအောင်မျိုးကို ဆက်လက်မေးမြန်း ရာ မော်လိုက်ကလေးကျေးရွာမှ ဦးမြင့်ဌေး (ခ)မောင်ဌေး ၄၁ နှစ်ထံမှ ဝယ်ယူရရှိခြင်း ဖြစ်ပြီး ၄င်းနေထိုင်ရာ အကျဉ်းဦးစီးဌာနရှိ ဈေးဆိုင်ခန်းတွင် ဘိန်းစိမ်းခြောက်ဂရမ် (တန်ဖိုး ၇၈၀၀ ကျပ်) ကျန်ရှိသေးကြောင်း ပြောကြားသဖြင့် သွားရောက် သိမ်းဆည်းခဲ့ပြီး ဦးသူရိန်ကိုကိုဝင်းကို မယ(ပ) ၆၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း၊ ဦးအောင်မျိုးနှင့် ဦးမြင့်ဌေး(ခ) မောင်ဌေး တို့ကို လက်ဝယ်ထားရှိမှု၊ သယ်ဆောင် ရောင်းချမှုတို့ဖြင့် မယ(ပ)၆၆/၂၀၁၃ နှင့် မယ(ပ) ၆၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ တို့ဖြင့် ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ကလည်း ကလေးမြို့နယ် ပြည်တော်သာ ကျေးရွာတွင် တန်ဖိုးကျပ် ၆၅,၀၀၀ ရှိ ဘိန်းများ၊ ဇူလိုင် ၅ ရက်နေ့တွင် ကလေးမြို့၊ တပ်ဦးသီတာ ရပ်ကွက်တွင် တန်ဖိုးကျပ် ၂၄,၀၀၀ ရှိ ဘိန်းဖြူမှုန့်နှင့် ရောင်းချရငွေ ကျပ် ၃၀၄,၇၅၀တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။ The Voice Weekly
Posted on: Thu, 11 Jul 2013 17:29:35 +0000

Trending Topics



Recently Viewed Topics




© 2015