ကျွန်တော်နေနေတဲ့ - TopicsExpress



          

ကျွန်တော်နေနေတဲ့ ရန်ကုန်မြို့ပြကြီး က ပျားအုံနဲ့ တူပြီး လူတွေက လုပ်သားပျားတွေနဲ့တူပါတယ် မနက်မိုးလင်းရင် အလုပ်သွားတဲ့လူတွေကိုကြည့်ပြီး စိတ်တက်ကြွမှုတွေရတယ် တစ်ရက်လုံးရုန်းကန်လှုပ်ရှား နေကြတယ် အထူးသဖြင့် ရုံးဝန်ထမ်းတွေပေါ့ အော် ည ရောက်ရင်မောပြီးပြန်လာကြရော ..် တချို့ဆိုတွေ့ရာနေရာမှာ ညစာလေးစား အနားယူအပန်းဖြေကြတယ် ပိုက်ဆံဖြုန်းနိုင်တဲ့သူတွေ bar တွေ high class restruant တွေ ငlub တွေမှာ ပျော်ရွှင်သာယာနေချိန်မှာတော့ ကျွန်တော်အပါအဝင် ခုဏကပြောတဲ့လူ တနည်းအားဖြင့်လုပ်သားပျားတွေကတော့ တိုက်ခန်း ကျွန်တော်နာမည်ပေးထားတဲ့ပျားအုံ တွေထဲမှာ ကျောတခင်းစာရပြီးရော မနက်ရောက်ဖို့ အားရှိဖို့ တာဝန်တွေ ဝတ္တရားတွေ ဆက်ပြီးထမ်းဆောင်ဖို့ အိပ်ကြရတော့မယ်လေ အခန်းလေးကကျဉ်းပေမယ့် လုံခြုံမှုတော့ပေးသား ....... အားလုံးမနက်ကျရင် လန်းဆန်းတက်ကြွမှုတွေနဲ့နိုးထနိုင်ပါစေလို့ ဆုတောင်းရင်း
Posted on: Thu, 26 Sep 2013 15:55:43 +0000

Trending Topics



Recently Viewed Topics




© 2015