ကမ္ဘာ့အပါးလွှာဆုံး - TopicsExpress



          

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းLCD မျက်နှာပြင် ကိုLGမိတ်ဆက် နည်းပညာကုမ္ပဏီအများစု မှအပါးလွှာဆုံး နည်းပညာပစ္စည်းတွေ ကိုထုတ်လုပ်နေသည့်အချိန် တွင်LG မှကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းLCD ကိုတစ်မျိုးကို မိတ်ဆက်ခဲ့ကြောင်းသိ ရသည်။ အဆိုပါLCD မှာHD ထောက် ပံ့ပေးနိုင်သော အရည်အသွေးရှိကြောင်းသိရပြီး ချောမွေ့ပေါ့ပါးသော အ ရည်အသွေး ဖြင့်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ တောက်ပမူကိုဦး စားပေး ထားသော မျက်နှာပြင်အမျိုးအစားတစ်ခုဖြစ်ကြောင်းသိရသည်။ ယင်းမျက်နှာပြင်မှာ အလျား ၅.၂လက်မ ရှိပြီး အထူ ၂.၂မီလီမီတာ ရှိကြောင်း သိရသည်။ အဆိုပါ မျက်နှာပြင်တွင် IPSနည်းပညာကိုအသုံးပြုပေးထားပြီး တို့ထိမျက်နှာပြင်တစ်ခု ဖြစ်ကြောင်းသိရသည်။ ယင်းမျက်နှာပြင်ကို စမတ် ဖုန်းများတွင်သာမက တက်ဘလက်များတွင် ပါအသုံးပြုနိုင်ကြောင်း LG မှပြောကြားခဲ့သည်။ပြီးခဲ့သည့် လအနည်းငယ်တွင် LG မှ ကွေးညွှန်နိုင် ပြီးအကြမ်းခံသော မျက်နှာပြင်တစ်ခုကို ထုတ်လုပ်ရန်ကြေငြာခဲ့သော်လည်း ယခုကဲ့သို့ အပါးလွှာဆုံး မျက်နှာပြင် တစ်မျိုးကိုစတင် မိတ် ဆက်ခြင်းဖြစ် သည်။ LG သည်မျက်နှာပြင် နည်း ပညာပိုင်းတွင် အကောင်းဆုံး မျက်နှာပြင်များကိုသာထုတ်လုပ်မည်ဟု ကြွေးကြော်ထားသောကုမ္ပဏီတစ်ခုဖြစ်ကြောင်းသိရသည်။ သို့သော် အမြင့် မားဆုံးမျက်နှာပြင်နည်းပညာများကို ထုတ်လုပ်လျက်ရှိသော ကုမ္ပဏီများမှာ LG တစ်မျိုးတည်းမဟုတ်ပဲ SAMSUNG ၊ APPLE နှင့် NOKIA တို့မှလည်း မျက်နှာပြင်များကို အကောင်းဆုံးထုတ်လုပ်လျက်ရှိကြောင်းသိရပါသည်။ (Smart Pro Journal)
Posted on: Thu, 11 Jul 2013 09:37:54 +0000

Trending Topics



Recently Viewed Topics




© 2015