ကမ္ဘာ့ဖလားတွင် - TopicsExpress



          

ကမ္ဘာ့ဖလားတွင် ပြိုင်ဘက်အသင်းများထက် ကစားရမည့်ကွင်းများကို ပိုမိုစိုးရိမ်ကြောင်း အင်္ဂလန်နည်းပြ ဟော့ဒ်ဆန် ဖွင့်ဟ အောင်သုတ အင်္ဂလန် လက်ရွေးစင်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က လာမည့်သောကြာနေ့တွင်ပြုလုပ်မည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲစဉ်တွင် ကျရောက်မည့်ပြိုင်ဘက်အသင်းများထက် ကစားရမည့် အားက စားကွင်းများကို ပိုမိုစိုးရိမ်ပူပန်နေကြောင်း ပြောကြားလိုက်သည်။ ၎င်းအနေဖြင့် အုပ်စုတွင်းတွင် မည်သည့်အသင်းနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မစိုးရိမ်သော်လည်း ပွဲစဉ်များ ကစားရမည့် ကစားကွင်းများကိုသာ စိုးရိမ်ပူပန်မိကြောင်း အုပ်စုမဲခွဲပွဲအခမ်းအနားအတွက် ဘရာဇီးသို့ ရောက်ရှိနေခိုက်တွင် ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ဘရာဇီးနိုင်ငံတွင် ပြိုင်ပွဲကာလအတွင်း ရီယိုဒီဂျနေးရိုးတွင် အခြေစိုက်မည် ဖြစ် သော်လည်း အုပ်စုပွဲစဉ်များကို အမေဇုန်အမြဲစိမ်းတောအုပ်နှင့်နီးကပ်သည့် Manaus မြို့တွင်တည်ရှိ သော Arena Amazônia အားကစားကွင်းတွင်လာရောက်ကစားရမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းအနေ ဖြင့် ထိုဒေသမှ ရာသီဥတုအခြေအနေကြောင့် ကစားသမားများ၏ နေထိုင်မှုအခြေအနေကိုလည်း စိုးရိမ် ပူပန်နေပြီး ပြိုင်ပွဲကာလအတွင်း ပွဲစဉ်များကျင်းပမည့် အားကစားကွင်းများ အခြေအနေများကိုလည်း ကြောင့်ကြနေခြင်း ဖြစ်သည်။ “အုပ်စုမှာ တွေ့ဆုံရမယ့် ပြိုင်ဘက်အသင်းတွေထက် ကစားရမယ့်ကွင်းတွေကို ကျွန်တော် ပိုစိုးရိမ်နေမိပါ တယ်။ Manaus မြို့ရဲ့အခြေအနေက လူတိုင်းအတွက် ခက်ခဲစေမယ့် အနေအထားမျိုးပါ။ ဥရောပ မြောက်ပိုင်းသားတွေအတွက်တော့ အဲဒီလောက်ခက်ခဲမယ့်ပုံစံ မရှိပါဘူး။ Manaus မြို့ရဲ့ အပူပိုင်းအခြေ အနေက ပြဿနာပါ။ ကျွန်တော်ကတော့ အားကစားကွင်းတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အင်္ဂလန်အသင်းအနေနဲ့ ရာသီဥတု သာယာပြီးကစားသမားတွေအတွက် အဆင်ပြေမယ့် အားကစားကွင်းမျိုးမှာပဲ ကစားလိုပါတယ်” ဟု ဟော့ဒ်ဆန်က ပြောကြားခဲ့သည်။ ရီယိုဒီဂျနေးရိုးမှ မိုင်ပေါင်း ၁၈၀၀ ကျော်ခန့်ဝေးသော Manaus မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် ဇွန်လတွင် နေ့ခင်းပိုင်းအပူချိန်မှာ ၂၆ ဒီဂရီစင်တီဂရိတ်ရှိပြီး ဘရာဇီးရှိ ဆောင်းရာသီကာလတွင် စံချိန် တင်အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်တတ်ကြောင်း သိရသည်။ ဟော့ဒ်ဆန်သည် ဆွစ်ဇာလန်အသင်းကို ကိုင်တွယ်စဉ်က အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်နိုင်ငံ၏ ရာသီဥတု အခြေအနေကြောင့် အခက်အခဲများ ရင်ဆိုင်ခဲ့ရ သည့်အတွေ့အကြုံရှိဖူးထားသူ ဖြစ်သည်။ ထိုစဉ်က ဆွစ်ဇာလန်အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်ကို ကယ်လီဖိုးနီးယား၏ပူပြင်းသောရာသီဥတုတွင် ကစားခဲ့ရသဖြင့် ကိုလံဘီယာအသင်းအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးရာ ဟော့ဒ်ဆန်က စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ ထို့အပြင် ဟော့ဒ်ဆန်က ပရီးမီးယားလိဂ်ရာသီကုန်ဆုံးချိန်တွင် ကစားသမားများအား တစ်ပတ်သာ နား ခွင့်ပေးရန် စီစဉ်ထားပြီး ပူးပေါင်းလေ့ကျင့်မှုများဆက်တိုက်လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်းနှင့် အမေရိကန်နိုင်ငံတွင်သွားရောက်လေ့ကျင့်မည့် အစီအစဉ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Posted on: Wed, 04 Dec 2013 09:37:26 +0000

Trending Topics



Recently Viewed Topics




© 2015