********ကမ္ဘာ့သရဲအခြောက်ဆုံး - TopicsExpress



          

********ကမ္ဘာ့သရဲအခြောက်ဆုံး ၁၀နေရာ .အပိုင်း(၁) . .******** ဒီပေ့ခ်ျက သူငယ်ချင်းတွေ သိချင်မယ်ထင်လို့ တကူးတစ်က ကိုရှာဖွေလာပါတယ်.... 1. Borley Rectory, England borley rectory အောက်မှာ မှာပြထားတဲ့ အိမ်ကတော့ ခပ်ပေါ့ပေါ့သဘောထားပြီး ၀င်သွားလို့ရမယ့်နေရာမျိုးမဟုတ်ပါ။ Sudbury, UK အနီးမှာရှိတဲ့ Borley ရွာကလေးဟာ ၀ိညာဉ်တွေနဲ့ ပတ်သက်နိုင်တဲ့နေရာဖြစ်ရုံသာမက ထိတ်လန့်ကြောက်ရွံ့စရာကောင်းလှတဲ့ ဒေသတစ်ခုအဖြစ်လည်း ကျော်ကြားပါတယ်။ ဘာကြောင့်လဲဆိုရင် “အင်္ဂလန်နိုင်ငံရဲ့ သရဲအခြောက်ဆုံးနေရာ”အဖြစ် ယူဆလို့ရတဲ့နိုင်တဲ့ Borley Rectory ဘုရားကျောင်း ရှိနေလို့ဖြစ်ပါတယ်။ ၁၈၆၃မှာ Reverend Henry Bull ကတည်ဆောက်ပြီးစီးကဲ့တဲ့ ဒီဘုရားကျောင်းဟာ ရှေးကျတဲ့ ဘုန်းတော်ကြီးကျောင်းဝန်းထဲမှာ တည်ရှိပါတယ်။ Nuns Walk လို့ခေါ်တဲ့ ၀မ်းနည်းပူဆွေးပြီး သနားစရာကောင်းလှတဲ့ သီလရှင်တစ်ပါး သွားလာနေတာကိုလည်း ဒီဘုရားကျောင်းမှာ မကြာခဏ တွေ့ရနိုင်ပါတယ်။ ပုံပြင်ဟောင်းတစ်ပုဒ်အရ ဒီဆရာလေးဟာ Borley Monastery က ဘုန်းတော်ကြီးတစ်ပါးနဲ့ မဖြစ်နိုင်မှန်းသိပါလျက်က ချစ်ကြိုးတွေသွယ်မိခဲ့ကြပါသတဲ့။ သူတို့နှစ်ယောက်ဟာ တိတ်တဆိတ် ခိုးရာလိုက်ကြဖို့ စီစဉ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘဲ အဖမ်းခံခဲ့ကြရပါတယ်။ ဘုန်းတော်ကြီးကတော့ သေဒဏ်ပေးခံခဲ့ရသလို သနားစရာဆရာလေးကတော့ ဘုရားကျောင်းရဲ့ မြေအောက်ခန်းထဲမှာ အရှင်လတ်လတ်လှောင်ပိတ်ပြီး သေတဲ့အထိအပစ်ဒဏ်ပေးခံခဲ့ရပါတယ်။ 2. The Stanley Hotel, Colorado stanley hotel ကမ္ဘာပေါ်မှာ သရဲပုံပြင်တွေကတော့ မရေမတွက်နိုင်အောင်များလှပါတယ်။ အဲဒီထဲက တစ်ချို့ဇာတ်လမ်းတွေကတော့ ကြောစိမ့်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖို စာရေးဆရာကြီး Stephen King ရဲ့ဝထ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ The Shining ဇာတ်ကားကို အများစုကတော့ မှတ်မိနိုင်ပါလိမ့်မယ်။ ဒီဇာတ်လမ်းကို အထက်ကဟိုတယ်မှာပဲ ဇာတ်အိမ်တည်ပြီး ရေးခဲ့ခြင်းဖြစ်ပါတယ်။ အခန်းနံပါတ် ၂၁၇မှာ တည်းနေချိန်မှာ ဟိုတယ်လမ်းမတစ်လျှောက် ၀ိညာဉ်ကလေးတွေ ကစားနေတဲ့အသံတွေကြားရတယ်လို့ စာရေးဆရာက ဆိုပါတယ်။ လာတည်းကြတဲ့ ဧည့်သည်အများစုလည်း ထူးခြားဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီဟိုတယ်မှာ ရှင်သန်နေကြဆဲဖြစ်တဲ့ ၀ိညာဉ်တွေကတော့ အန္တရာယ်ပေးခြင်းမရှိပါ။ ၀ိညာဉ်ပေါင်းများစွာဟာ ဒီဟိုတယ်မှာ ခိုအောင်းနေကြပြီး ခရီးသည်တွေနဲ့ အလုပ်သမားတွေက အကခန်းမကနေ စန္ဒယားသံတွေကို ကြားကြရသလို တီးသူမရှိဘဲနဲ့ စန္ဒယားခလုတ်တွေလှုပ်ရှားနေတာကိုလည်း တွေ့ကြရပါတယ်။ 3. The Tower of London tower အောက်မှာပြထားတဲ့ပုံကတော့ လန်ဒန်မျှော်စင်မှာ ခြောက်လှန့်လေ့ရှိတဲ့ အထင်ရှားဆုံး ၀ိညာဉ် Henry VIII ရဲ့ကြင်ယာတော်တစ်ပါးဖြစ်တဲ့ Lady Jane Grey ရဲ့ပုံ ဖြစ်ပါတယ်။ ဒီမိဖုရားဟာ ၁၅၃၆ခုနှစ်မှာ ဒီမျှော်စင်မှာ ခေါင်းဖြတ်ပြီး ကွပ်မျက်ခံခဲ့ရပါတယ်။ အစိမ်းရောင်မျှော်စင် Tower Green နဲ့တော်ဝင်ဘုရားကျောင်းမျှော်စင် Tower Chapel Royal တို့အတွင်းမှာ ခေါင်းပြတ်ကိုကိုင်ထားတဲ့ သူမရဲ့ဝိညာဉ်ကို မကြာခဏဆိုသလို တွေ့မြင်ရနိုင်ပါတယ်။ မျှော်စင်မှာ ခြောက်လှန့်လေ့ရှိကြတဲ့ ထင်ရှားတဲ့ ၀ိညာဉ်တွေကတော့ Henry VI ၊ Thomas Becket နဲ့ Sir Walter Raleigh တို့ပဲဖြစ်ပါတယ်။ ကြောက်စရာအကောင်းဆုံး ၀ိညာဉ်ပုံပြင်တစ်ပုဒ်ကတော့ Salisbury မြို့စားကတော် သေဆုံးတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။ တစ်ဆင့်ပြောစကားတွေအရ မြို့စားကတော်ဟာ ၁၅၄၁မှာ ရာဇ၀တ်မှုခင်းတစ်ခုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်အပြစ်ပေးခြင်းခံခဲ့ရပါတယ်။ (နောက်ပိုင်းကာလတွေမှာတော့ သူမမှာ အပြစ်မရှိကြောင်းကို လူအများက ယုံကြည်နေကြပါပြီ) ကြိုးစင်ဆီကို ခေါ်အသွားမှာ ရုန်းရင်းကန်ရင်းနဲ့ အတားအဆီးအစောင့်တွေဆီကနေ လွတ်ထွက်သွားခဲ့ပေမယ့် သူမနောက်ကနေထပ်ချပ်မကွာလိုက်တာခံရပြီး သူမရဲ့ခေါင်းကို လက်မရွံ့အာဏာသားရဲ့ ပုဆိန်နဲ့ ပေါက်ခွဲခံလိုက်ရပြီး သေပွဲဝင်ခဲ့ရရှာပါတယ်။ သူမကိုသေဒဏ်ပေးတဲ့ဖြစ်ရပ်ကို အစိမ်းရောင်မျှော်စင်က ၀ိညာဉ်တွေက နောက်ပိုင်းမှာ ပြန်ပြီးသရုပ်ဖော်ပြကြတာကို မြင်ကြရပါတယ်။ 4. Woodchester Mansion, England woodchester England နိုင်ငံက Gloucestershire မှာရှိတဲ့ Woodchester Mansion ကတော့ ၀ိညာဉ်တွေရဲ့ လှုပ်ရှားမှုတွေတွေ့ရနိုင်တဲ့ နောက်ထပ်နေရာတစ်ခု ဖြစ်ပါတယ်။ ဒီအဆောက်အဦကို အပြီးသတ်အောင်တောင် ဆောက်ထားခြင်းမရှိခဲ့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ကျော်က ဒီအဆောက်အဦကိုဆောက်ကြတဲ့ အလုပ်သမားတွေဟာ ဆောက်လက်စအဆောက်အဦကနေ မကြာမကြာထွက်ပြေးခဲ့ကြပါတယ်။ ကောလဟလတွေကတော့ အလုပ်သမား ခုနစ်ယောက်ဟာ အဆောက်အဦထဲမှာပဲ ရှင်းမပြနိုင်တဲ့ ဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့ကြတယ်လို့ဆိုပါတယ်။ လက်သမားအိမ်ပြိုကျတဲ့အသံတွေ၊ ဟစ်အော်တဲ့အသံတွေကို မကြာခဏကြားကြရသလို ရောမခေတ်ကစစ်သားတွေနဲ့ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကိုလည်း မကြာခဏဆိုသလို မြင်ရတယ်လို့ သတင်းပို့ကြပါတယ်။ ဒီစံအိမ်မှာ သရဲလိုက်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလေ့ရှိပါတယ်။ 5. The Paris Catacombs catacombs ပဲရစ်မြေအောက်ဂူသင်္ချိုင်းဟာ မြေအောက်ဝင်္ကပါဂူလမ်းကြောင်းဖြစ်ရုံသာမက မြို့လမ်းမတွေအောက်က မြေအောက်သိုလှောင်ခန်းတစ်ခန်းလည်းဖြစ်ပါတယ်။ ပါးရှန်းလူမျိုး တွေဟာ သေသူတွေရဲ့ အရိုးတွေကို ဒီဂူသင်္ချိုင်းမှာ နှစ်ပေါင်းသုံးဆယ်လောက်ကြာအောင် မြှုပ်နှံခဲ့ကြပါတယ်။ ဒီဂူသင်္ချိုင်းကို မဖန်တီးခင် ၁၇၀၀အလယ်ပိုင်းနှစ်တွေမှာ မြို့နေလူထုဟာ သူတို့ရဲ့ရုပ်အလောင်းတွေကို ရိုးရိုးသုဿာန်မှာပဲ သင်္ဂြိုလ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြို့အရွယ်ကြီးမားဖွံ့ဖြိုးလာတာကြောင့် သုဿာန်အတွက် နေရာမရှိလောက်အောင် ဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့် ပဲရစ်ကျောက်မိုင်းအောက်နေရာကို သုဿာန်အဖြစ်သုံးကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်အရ ၁၇၈၆ကနေ ၁၇၈၈အတွင်းမှာပဲ ပဲရစ်မြို့ပြသုဿာန်က အရိုးတွေကို မြေအောက်ကို ရွှေ့ပြောင်းခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ သေသူတွေကို ဂုဏ်ပြုဖို့အမြော်အမြင်ကြီးကြီးနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အရိုးတွေမရွှေ့ပြောင်းခင်မှာ ဒီမြေအောက်ဥမင်ကို ကောင်းချီးမင်္ဂလာပေးခြင်း အရင်လုပ်ခဲ့တာပါ။ အရိုးတွေကို ဘုန်းတော်ကြီးတွေခြံရံထားတဲ့ လှည်းတန်းတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် စီတန်းလှည့်လည်ပြီးမှ ညပိုင်းအချိန်တွေမှာ ရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ၁၈၁၄ခုနှစ်ကစလို့ ဒီဥမင်ကို ပဲရစ်သုဿာန်က အရိုးတွေကို စုဆောင်းထိန်းသိမ်းတဲ့နေရာအဖြစ် အသုံးပြုခဲ့တာ အခုအချိန်မှာတော့ အကြမ်းဖျင်းအားဖြင့် ပါးရှန်းလူမျိုးအရိုးပေါင်း ၆သန်း၊ ၇သန်းလောက်ရှိနေခဲ့ပါပြီ။ Admin:မိုးတိမ် ပုံပြင်........... ဓာတ်ပုံတွေကအောက်ကလင့်မှာကြည့်ပါခင်ဗျာ. https://facebook/media/set/?set=a.174635029397569.1073741830.172545499606522&type=1
Posted on: Sat, 02 Nov 2013 13:10:27 +0000

Recently Viewed Topics




© 2015