ကျွန်တော်နှင့် iOS Developing ( ၃ - TopicsExpress



          

ကျွန်တော်နှင့် iOS Developing ( ၃ နှစ်ပြည့် အမှတ်တရ ရေးခဲ့သည် ) ........................................................................................... တူတူ ..... တူတူ ...... တူတူ ...... ဟဲ ....... လို ............ (အိပ်ချင်မူးတူး အသံဖြင့် ) ကိုလင်းလင်း လား မသိဘူး ခင်ဗျ ၀ုတ် ...... ကဲ့ ...... ပြော ....... နေ ....... ပါ ....... တာာာာယ် ဟုတ်ကဲ့ ကျွန်တော် James Cook ပါ ဗျာ .... JAMES BOND ...... ဒဗလျူဆဲဗန်း လား မဟုတ်ပါဘူး ခင်ည James Cook ပါ Apple က Presenter လေ L L ။ ။ အော် အဲ သိပြီ ။ ညီလေး James Cook ...... ဆို ဘာကိစ္စတုန်း J C ။ ။ ကျွန်တော် သတင်းတစ်ခုကြားလို့ အကို အခု iOS Developer လုပ်တော့မယ်ဆို L L ။ ။ မလုပ်ရသေးပါဘူး ကြိုးစားနေဆဲပဲါJ C ။ ။ ကျွန်တော်လည်း အဲဒါကိုပဲ ပြောမလို့ ။ ပထမဆုံး application အနေနဲ့ UMG Profile ကို ထုတ်မယ်ဆို L L ။ ။ စမ်းကြည့်နေပါတယ် J C ။ ။ ကျွန်တော့်ဆီကို ဟိုးနေ့ကပဲ UMG ရဲ့ Salesman တွေက ဖုန်းဆက်ပြီးပြောသွားတယ် ။ ခင်ဗျား ရေးတဲ့ application ထွက်တဲ့နေ့မှာပဲ သူတို့လည်း resgin တင်မယ်တဲ့ ။ တစ်ချို့တွေက ပြောသွားသေးတယ် resign တောင်မတင်တော့ဘူးတဲ့ တစ်ခါတည်း တန်းထွက်မယ်တဲ့ ။ L L ။ ။ ကျွန်တော် အဲလောက်ထိ ပေါက်မယ်လို့တောင် ထင်မထားဘူးဗျာ ။ J C ။ ။ ပေါက်ဆို အတိုင်းထက် အလွန်ပဲဗျို့ ။ ကျွန်တော်တောင် ပျန်စန်တာ အလုပ် မလုပ်ရတော့ဘူး အဲသတင်းကြားပြီးကတည်းက ဖုန်းတွေ တဂွန်၈ွန် လာနေလို့ ။ L L ။ ။ ဘူတွေ ဆက်လို့တုန်း ။ J C ။ ။ ဆက်ဆို အများကြီးပဲ ။ L L ။ ။ ပြောစမ်းပါဦး ။ J C ။ ။ ပထမဆုံး ကို Kyaw Kyaw Minn ပဲဗျို့ ၊ မန်နေဂျာရာထူးကို ခင်ဗျားကို တစ်ခါတည်း အပြီးလွဲပေးလိုက်မယ်တဲ့ ။ L L ။ ။ အဲလောက်ထိ ချီးမြှောက်စရာ မလိုဘူးလေ ။ J C ။ ။ အဲပြီးတော့ ကို Ye Zaw သူကတော့ ဆရာ့ ဆရာ ဆိုတဲ့ ရာထူးကို စာချုပ်စာတမ်းနဲ့တကွ ခင်ဗျားကို အပြီးအပိုင်လွဲပေးလိုက်မယ်တဲ့ ။ Note 8 ကိုလည်း တစ်သက်လုံး မကိုင်တော့ပါဘူးတဲ့ ။ ပြီးရင် facebook Status တွေကို အဦးဆုံး Like မလုပ်တော့ပါဘူးတဲ့။ L L ။ ။ အဲလောက်ထိအောင်လားဗျာ။ J C ။ ။ အဲထက်ဆိုးတဲ့ ဟာတွေ ရှိသေးတယ် ။ ကို Kyaw Swar သိတယ်မလား ။ L L ။ ။ သိတယ်လေ ။ J C ။ ။ သူက အခုကိုင်နေတဲ့ iphone ကို ပိဿချိန်နဲ့ ရောင်းလိုက်မယ်တဲ့ ။ ပြီးရင် နောက် အီး လို လုံးဝ မပြောတော့ပါဘူးတဲ့။ L L ။ ။ ဟာာ ... အဲ အကိုက အီး ကောင်းတယ် လေ ပြောခိုင်းလိုက်ပါဗျာ။ J C ။ ။ အီးကောင်းဆို ၀မ်းနှုတ်ဆေး ..... ဟာဗျာ ခင်ဗျားပြောတာနဲ့ ယောင်ကုန်ပြီ .... ပြီးတော့ ကို Ther Nge .... အဲ သူကတော့ တစ်သက်လုံး နောက်ကွယ်ကနေ ကြိုးမကိုင်တော့ပါဘူးတဲ့ L L ။ ။ အခုလည်း မကိုင်တော့ပါဘူးဗျာ Cisco နည်းပညာတွေ ဖြစ်သွားပြီ J C ။ ။ ကို Franco Sagaram ကလည်း အသားဖြူဆေး ထုတ်ရင်တောင် ၀ယ်သုံးလိုက်ဦးမယ်တဲ့ ။ iOS appliaction သုံးလို့ အသားဖြူမှာလည်း မဟုတ်ဘူးတဲ့ ။ ကို Arker Linn ကလည်း Bandwith တွေ လုံးဝ မလျှော့တော့ပါဘူးတဲ့ L L ။ ။ အဲလောက်ထိအောင် လက်မြောက်အရှုံးပေးကြတာလား ။ J C ။ ။ အရှုံးပေးဆို မ Moe Thu Han ကလည်း ကွန်ပျူတာကို လုံးဝမကြည့်တော့ဘဲ တစ်သက်လုံး အပျိုကြီး ဘ၀နဲ့ အရိုးထုတ်ပလိုက်မယ်တဲ့ ။ L L ။ ။ ဟိုးးးး ဟိုးးးးး အဲလိုတော့ မဖြစ်စေချင်ဘူး ။ ကျွန်တော်ဘယ်လို လုပ်ရမတုန်း J C ။ ။ နေအုံး မပြီးသေးဘူး ကို Win Naing Oo ကလည်း တစ်သက်လုံး ပိုက်ဆံ မထုတ်ပဲ အရက်ထိုင်သောက်လိုက်မယ်တဲ့။ L L ။ ။ ကျွန်တော့ကြောင့် လူတွေ အရက်သမား မဖြစ်စေချင်ဘူး။ J C ။ ။ အဲတစ်ယောက်က ကို Thaw Zin ။ သူက programmer ဆို P မပြောနဲ့ ပီကေတောင် မ၀ါးတော့ဘူးတဲ့။ နောက်ရှိသေးတယ်။ L L ။ ။ လင်းစမ်းပါဦး ။ J C ။ ။ Ye Tun လေ သူက သူ့ Note 8 ကို ရုံးရှေ့က မြောင်းထဲတစ်ခါတည်း လွင့်ပစ်လိုက်ပြီးတော့ အဲနေရာမှာပဲ ရေစက်ချလိုက်မယ်တဲ့ ။ ခင်ဗျားသာ iOS developer ဖြစ်ရင်။ L L ။ ။ အော် ဒုက္ခတော့ရောက်ကြတော့မှာဘဲ ။ J C ။ ။ နောက်ဆုံးတစ်ယောက်က Phyo Htet Hlaing ပဲ ။ သူကတော့ နောက်ထပ် ပေါ်လစီ သီချင်းတွေကို လုံးဝမဆိုတော့ပါဘူးတဲ့။ L L ။ ။ မလုပ်ကြနဲ့ဗျာ ၊ သူက သီချင်းဆိုတာ ကောင်းပါတယ် ။ ပေါ်လစီ သီချင်းနဲ့ဆို ကွတ်တိပဲ ။ J C ။ ။ လောလောစဉ် ဖုန်းလက်ခံရရှိတာက အဲလောက်ပဲ ။ အဲဒီတော့ ခင်ဗျား သဘောပဲ ။ Apple Campus က developer တွေလည်း resign တင်တဲ့သူနဲ့ ၊ miscrosoft ပြောင်းမယ့်လူနဲ့ အကုန်လုံး ရှုပ်ယှက်ခတ်ကုန်ပြီ။ ခင်ဗျားသာ developer ဖြစ်ချင်တယ်ဆို appliaction တစ်ခုကို (၆) နာရီနဲ့ အပြီးရေးရမယ် L L ။ ။ ခင်ဗျာာာာာာာာ ............းးးးးး (၆) နာရီ (၆) နာရီ ဟဲ့............ လင်းလင်း ထတော့လေ (၆) နာရီထိုးပြီ ရုံးသွားရဦးမယ် (အဒေါ်) ဟိုက် ရှာလကာရှည် ( စာရေးဆရာ အီကြာကွေးဒီဇိုင်း) အိမ်မက် မက်နေတာကို ... အော် ဒုက္ခပဲ ငါသာ iOS developer ဖြစ်သွားရင် ကမ္ဘာကြီး ကမောက်ကမ ဖြစ်ကုန်လိမ့်မယ် ..... ဟူးးးးးးးးးးးး မလွယ်ဘူးးးးးး နောက်ကျမှ အေးဆေး စဉ်းစားမယ် ... အခုလောလောစဉ်တော့ ရုံးသွားဖို့ ရေချိုးလိုက်ဦးမယ် ဆိုပြီး ရေချိုး ဗရိတ်ဖတ် စားပြီး ရုံးသို့ ထွက်ခွာလာခဲ့လေသတည်း သာဓု ........... သာဓု ............ သာဓု........... အော် ငါ့နှယ် ဘုန်းကြီးတရားဟောတာနဲ့ မှားနေပြီ ရယ်မောပျော်ရွင်နိုင်ကြပါစေ Larm Larm Chay
Posted on: Fri, 18 Oct 2013 07:47:09 +0000

Trending Topics



Recently Viewed Topics




© 2015