ခံစားချက်အတု - TopicsExpress



          

ခံစားချက်အတု မျက်ရေအတုတွေ မိတ်ဆွေအတုနဲ့ ရင်ဘက်အတုတွေ တင်တု ရင်တု တွေနဲ့ ငွေစက္ကူအတု စီးကရက် အတုတွေ အနုပညာအတုနဲ့ ဘုရားအတုတွေ ဆေးဝါးအတုနဲ့ အရက်တုတွေ ပြီးတော့ makeup တွေနဲ့ မျက်နှာအတုတွေ လူအတုတွေနဲ့ status အတုတွေ ဘုရား ဘုရား အတုတွေများလှပါလား ဟော ခုပေါ်လာပြန်ပြီ ဘာတဲ့ စပျစ်သီးအတုတဲ့ ဂေါ်ဖီထုပ်အတုတဲ့ ငွေစက္ကူ အတု ကိုစက်နဲ့ စမ်းသတ်ပြီး လူအတုတွေကိုဘာနဲ့စမ်းရမလဲ ဘာဒါတွေဟာ အတုမဟုတ်ဘူး အနုပညာမြောက်စွာပုံတူဖန်တီးမှူတဲ့လား ဟင့်အင်းမဟုတ်ဘူးဗျ ပါးစပ်ကိုပြန်ဆေးပြီးတည့်တည့်ကြည့်ပြောပါ မသိလို့တစ်ခုမေးပါရစေ အတုကပိုကောင်းနေလို့လားဗျာ အတုတွေဘယ်လောက်ကောင်းကောင်း အင်တွေမကြိုက်လို့ ကျွန်တော့်ကိုအစစ်ပဲပေးပါ ကျေးဇူးပါပဲ တကယ်လိုအပ်တဲ့ ဥပမာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အဲဒါမျိုးတွေပဲအတုလုပ်ပြီးကျန်တာစစ်ကြမယ်လေ မရဘူးလားဗျာ ဟုတ်ပါတယ် ကျွန်တော့ခေါင်းပိစိလေးနဲ့ စဉ်းစားကြည့်တာပါ ဟုတ်သားပဲ အတုကြိုက်လို့ကျွန်တော်တို့ မှန်တွေကြည့်နေရတာပဲ မထူးပါဘူး ကျွန်တော့်ကိုလဲရေရောထားတဲ့ နွားနို့အတုတခွက်လောက် ကျေးဇူးပြုပြီးပေးပါဗျာ
Posted on: Sat, 08 Jun 2013 17:28:29 +0000

Trending Topics



Recently Viewed Topics




© 2015