ဂေါက် သီး ရိုက် မယ် - TopicsExpress



          

ဂေါက် သီး ရိုက် မယ် IIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIIII နာမည်ကြီး အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်စ် Tiger Woods နှင့် နာမည်ကြီး မျက်မမြင် ဂီတပညာရှင် ရေးချားလ် Ray Charls တို့  အခမ်းအနားတစ်ခုတွင် ဆုံကြသည် ။ မိမိလည်း ဂေါက်သီးရိုက် ၀ါသနာပါကြောင်း ရေးချားလ် ကပြောရာ တိုက်ဂါးဝုဒ်စ် အံ့သြသွားသည် ။ မျက်စိမမြင် ဘဲ ဘယ်လိုရိုက်ပါသနည်း ဟု တိုက်ဂါးဝုဒ်စ် မေးရာ မိမိ၏ဘေးတွင် ရပ်နေသော လက်ထောက်က အသံ ဖြင့် လမ်းညွှန်သည့်အတိုင်း လိုသည့်နေရာ ရောက်အောင် ရိုက်ကြောင်း ရေးချားလ် က ဖြေသည်။ ထိုနည်းဖြင့် ဂေါက်သီးရိုက်လို့ ရသည်ကို တိုက်ဂါး မည်သို့ မှ နားမလည်နိုင်ဘဲ ဖြစ်နေရာ မိမိနှင့် ပြိုင်ရိုက် မလား ဟု ရေးချားလ် က စိန်ခေါ်သည် ။ အနိုင်ရသူကို ရှုံးသူက ဒေါ်လာ တစ်သိန်း ပေးကြေး ဟုလည်း ပြောသည် ။ အလွယ်ဆုံးရမည့် ပိုက်ဆံ ဆိုပြီး တိုက်ဂါးဝုဒ်စ် ချက်ချင်း သဘောတူသည် ။ တိုက်ဂါး က မေးသည် ။ မစ္စတာချားလ်စ်....ဘယ်တော့ ရိုက်ချင်ပါသလဲ... မျက်မမြင် ဂီတသမား ပြန်ဖြေသည် ။ ခင်ဗျား ကြိုက်တဲ့ လကွယ်ည တစ်ညကို ရွေးပါ
Posted on: Mon, 17 Feb 2014 01:45:44 +0000

Trending Topics



Recently Viewed Topics




© 2015