ဂျာမဏီ သမ္မတ Joachim Gauck ၏ - TopicsExpress



          

ဂျာမဏီ သမ္မတ Joachim Gauck ၏ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမ၌ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက် မြန်မာနိုင်ငံဟာ အချိန်တိုလေးအတွင်းမှာ ခရီးရှည်တစ်ခုကို လျှောက်ခဲ့တယ်။ ဒါပေမယ့် ဆက်သွားရဖို့ အဝေးကြီးကျန်ပါသေးတယ်။ အပြောင်းအလဲဆိုတိုင်း ရံဖန်ရံခါတော့ အကြောက်တရားနဲ့ ငြင်းဆန်မှုက ဒွန်တွဲပါလာတတ်တယ်။ အရင်တုန်းက ဖိနှိပ်ခံခဲ့ရတဲ့ ပဋိပက္ခတွေကလည်း အခုတော့ ပွင့်ပွင့်လင်းလင်း ခေါင်းထောင်လာခဲ့တယ်။ ပြောရတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူနည်းစု လူမျိုးစုတွေ၊ ကိုးကွယ်တဲ့ဘာသာ ကွဲပြားမှုတွေအများကြီးရှိနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် အရမ်းကို ခက်ခဲပါတယ်။ ပြီးတော့ ကာလရှည်ကြာလှတဲ့ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ ဖယ်ကြဉ်မှုတွေရှိတဲ့ သမိုင်းကြောင်းကလည်း ရှိနေတယ်။ မိသားစုတွေ၊ ကျေးရွာတွေအများအပြားဆို မျိုးဆက်လိုက်ကို ဘာမှ မသိခဲ့ရဘူး။ အစိုးရအာဏာပိုင်တွေကလည်း လက်မှတ်ထိုးပြီး ပြောင်းလဲနိုင်တာလည်း မဟုတ်ဘူး။ သည်းခံမှု ခန္တီတရားနဲ့ အပြန်အလှန် လေးစားမှုဆိုတာ အထက်ကနေ လုပ်ပေးလို့ရတာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသားတွေဟာ သူတို့ကို ဘယ်လိုပဲခေါ်ခေါ်၊ ဘယ်လိုပုံသဏ္ဍာန်ပဲရှိရှိ၊ သူတို့မိဘတွေ ဘယ်ကပဲ လာလာ အားလုံးဟာ တန်းတူညီမျှရှိဖို့၊ တူညီတဲ့အခွင့်အရေးနဲ့ လုံခြုံစိတ်ချ ဘေးကင်းစွာနေထိုင်နိုင်ဖို့တော့ နိုင်ငံတော်က Framework တစ်ခု ဖန်တီးရမှာပဲဖြစ်တယ်။ ဒါမှသာ အားလုံးဟာ သူတို့ရဲ့ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုပြီး အခြားသူတွေနဲ့ အတူတကွ ပေါင်းစည်းနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ အားလုံးဟာ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ ခရစ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ် သူတို့ဟာ သူတို့ယုံကြည်ကိုးကွယ်မှုကို ကျင့်သုံးနိုင်မှာဖြစ်တယ်။ သင်တို့နိုင်ငံမှာ စေတီပုထိုးတွေ၊ ဗလီဝတ်ကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေရှိပါတယ်။ ဒါဟာ သင်တို့နိုင်ငံရဲ့ မတူကွဲပြားမှုတွေကို ဖိတ်ခေါ်တဲ့ သရုပ်သကန်ဖြစ်ပြီး ဒါဟာလည်း ခွန်အားတစ်ခုဖြစ်ပါတယ်။
Posted on: Tue, 11 Feb 2014 07:04:27 +0000

Trending Topics



Recently Viewed Topics




© 2015