ငါ့ - TopicsExpress



          

ငါ့ အချစ်တွေ…ဟန်ဆောင်ကောင်းပေမယ့် သရဖူ..ဆောင်းပေးသူ မရှိခဲ့ဘူး သနား..ကမား ငါ့နှလုံးသားတော့ မျက်ရည်လည်ဆွဲလေးနဲ့….. မှောင်..မိုက်..မှာ လမ်းပျောက်နေပေါ့ ။ စ ကား တစ် ခွန်း တောင် အမြီး အမောက် မတည့်သူကိုမှ….. ရင်ခုန်သံတွေ ကာရန်လာညှိခိုင်းတယ် အချစ် နဲ့ အရော မဝင်ချင်သူကိုမှ….. မမြင်နိုင်တဲ့ကြိုးတွေ လာလာချည်တယ် အလွမ်း နဲ့ ဓာတ် မတည့်သူကိုမှ….. အလွမ်းအိမ်စာတွေ လာလုပ်ခိုင်းတယ် မင်း..ဘယ်လို..လူ..လဲ တကယ်တော့ ငါ..မင်းကို ဝင်လာဖို့ မကြိုဆိုရဲသလို ထွက်သွား..လို့လည်း မပြောရက်ခဲ့ဘူး မင်း..အတွက် အမှတ်တမဲ့တွေက ငါ့ ဖို့ အမှတ်တရအဖြစ်ဆုံးဘဲ…..။ မင်း..ပေး..တဲ့ မဟူရာမျက်ဝန်းတွေ မင်း..ပေး..တဲ့ သံစဉ်ချိုလေးတွေ မင်း..ပေး..တဲ့ ရယ်သံလှလှလေးတွေ မင်း..ပေး..တဲ့ မျက်စောင်းထက်ထက်လေးတွေ မင်း..ပေး..တဲ့ နွေးထွေးတဲ့အငွေ့အသက်တွေ ကြောင့် ငါ့ရင်ခွင် အဆိပ်တက်နေပြီ ဖြေဆေးရှိက ဒီလူနာလေး အသေဝေးအောင် နည်း..နည်း..ကြည့်..ပေး..ပါ ။ ။ ။ ချစ်သူ ………………………………………………………… th@Nt zin
Posted on: Thu, 25 Jul 2013 02:14:01 +0000

Trending Topics



iv>

Recently Viewed Topics




© 2015