ငိမ်းချမ်းရေး မရှိဘဲ - TopicsExpress



          

ငိမ်းချမ်းရေး မရှိဘဲ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မလုပ်နိုင်သောကြောင့် ငြိမ်းချမ်းရေး မရရအောင် ဆောင်ရွက်နေဟု ၀န်ကြီးဦးအောင်မင်း ပြောကြား Created on Sunday, 18 August 2013 03:04 AddThis Social Bookmark Button သြဂုတ် ၁၇ ရက်က Myanmar Peace Center တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် INGO များ၊ NGO များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးမရှိဘဲ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မလုပ်နိုင်သောကြောင့် ငြိမ်းချမ်းရေး မရရအောင် ဆောင်ရွက်နေဟု ပြောကြားခဲ့သည်။ ပဋိပက္ခများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာလည်း ပညာမတတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းများကြောင့်ဖြစ်ပြီး ယင်းပြဿနာများ ဖြေရှင်းနိုင်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဟုလည်း ဦးအောင်မင်းက ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "ကျွန်တော့်အနေနဲ့ နိုင်ငံတော်မှာ ပဋိပက္ခ ဖြေရှင်းတဲ့ ကိစ္စတွေကို အဓိကထားပြီး ဆောင်ရွက်ရပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အဓိက ဒီပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံကလူတွေ ပညာမတတ်လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလို့ဆိုတဲ့ အချက်နှစ်ချက်ကို သွားတွေ့ရပါတယ်။ ဒီကိစ္စတွေကို ဖြေရှင်းပြီး လုပ်နိုင်မှ ကျွန်တော်တို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။ "အခုအခါမှာ ခေတ်တွေစနစ်တွေလည်း ပြောင်းပါပြီ။ ပြည်သူတွေပါဝင်ပြီး လုပ်ဆောင်ရမည့်ခေတ်ကို ရောက်လာပါပြီ။ ပြည်သူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟာ ငြိမ်းချမ်းရေး မရှိဘဲနဲ့ လုပ်လို့မရပါဘူး။ အခုငြိမ်းချမ်းရေးကို မရရအောင် ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေး ရရှိလာတာနဲ့အမျှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို တိုးချဲ့ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။ လက်ရှိအချိန်တွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးဖြစ်ကြောင်းနှင့် သုံးလ၀န်းကျင်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဂုတ် ၁၀ ရက်က ပြောကြားထားသည်။ နောက်ဆုံးရ နိုင်ငံရေးသတင်းများ မြန်မာ့ဒီမိုကရေစီစနစ် ရှေ့ဆက်သွားနိုင်ရေး အစိုးရ၊ လွှတ်တော်သာမက ပြည်သူများ ပါဝင်မှ ရွေ့မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား ငြိမ်းချမ်းရေး မရှိဘဲ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မလုပ်နိုင်သောကြောင့် ငြိမ်းချမ်းရေး မရရအောင် ဆောင်ရွက်နေဟု ၀န်ကြီးဦးအောင်မင်း ပြောကြား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်၍ ပြင်ဆင်ရန် အလေးထား ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား ကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဗဟိုပြု ၀န်ဆောင်မှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် UNDP နေပြည်တော်၌ ဆွေးနွေး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၅ ပြဋ္ဌာန်းချက်သည် မဏ္ဍိုင်တစ်ခုစီ၏ စွမ်းဆောင်နိုင်မှုကို အင်အားချည့်နဲ့ စေသည်ဟု ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod ပြောကြား DKBA မှ ကရင်ပြည်နယ် နယ်ခြားစောင့် အသွင်ကူးပြောင်းသည့် တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား မြ၀တီ၌ ပြုလုပ်မည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးကို ကြွေးကြော်နေရုံနှင့် တိုးတက်မည် မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောကြား ရန်ကုန်တိုင်းဒေသကြီးရှိ ချင်းလူထုနှင့် ချင်းအမျိုးသား တပ်ဦးတို့ သြဂုတ် ၃၁ ရက်တွင် တွေ့ဆုံမည် အာဆီယံ လူထုဖိုရမ် ကျင်းပရန် ပါဝင်မည့် အာဆီယံ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်လောင်းများ စာရင်းအား ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ပေးပို့မည် ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ကင်တားနားအား တိုင်းရင်းသားများ အခြေခံရပိုင်ခွင့်နှင့် နယ်မြေအေးချမ်းရေးအတွက် ပန်ကြားစာပေး Copyright © 2013 Eleven Media Group. All Rights Reserved.
Posted on: Sun, 18 Aug 2013 14:16:13 +0000

Trending Topics



class="stbody" style="min-height:30px;">
Cyber Monday ** Yonex 13 Nanoray 700 FX Badminton Racquet Black
lol IF U DONT LIKE FOOTBALL or LONG STATUS UPDATES PLEASE SCROLL
mortgage calculator paying extra
MONDAY 18TH NOVEMBER, 2013 Jehovah Jireh, The God Of Financial
CONFESSION FOR TODAY NOVEMBER 7, 2013: I confess that I am a
A transmissão da fé em família o cardeal Dom Odilo Pedro

Recently Viewed Topics




© 2015