စင်ကာပူလာလည်သူတိုင်း - TopicsExpress



          

စင်ကာပူလာလည်သူတိုင်း သိတဲ့ Mustafa Shopping Centre ကိုပိုင်တဲ့ Mustaq Ahmad က စင်ကာပူနိုင်ငံသားမဟုတ်ပါဘူး India မှာမွေးတဲ့ လယ်သမားမိသားစုက မျိုးဆက်ပါ ခြောက်နှစ်သားမှာ အမေဆုံးပြီး သူ့ အဖေက စင်ကာပူရဲ့  တောင်ဘက်နားက ဈေးမှာ ပေါင်မုန့် နဲ့ လက်ဖက်ရည်ရောင်းတာ ဝိုင်းရောင်းပေးခဲ့ရတယ် နောက်ပိုင်းသူဟာ ကိုယ်ပိုင်မုန့် ဖိုးစုပြီး ဈေးထဲမှာပဲ လက်ကိုင်ပဝါတွေ လိုက်ရောင်းတယ်။ သားအဖနှစ်ယောက်ဟာ နောက်ပိုင်းကြ Ready Made အဝတ်တွေကို စရောင်းတယ် Mustaq မှာ သူ့ အဖေကို ဝိုင်းကူဖို့ အတွက် ခရစ်ယာနိစာသင်ကျောင်းမှာ လေးတန်းထိပဲတက်ပြီး ကျောင်းထွက်ခဲ့တယ် ၁၉၇၁မှာ အစိုးရက လမ်းဘေးဆိုင်တွေ ကို တရားဝင် လုပ်ပေးတဲ့အခါ သူတို ဟာ အမျိုးတွေနဲ့  ပေါင်းပြီး အဖေနာမည်နဲ့  ဦးလေးနာမည်ပေါင်းပြီး Mohd Mustafa & Samsuddin ဆိုတဲ့ အကျီင်္ဆိုင်ကို စဖွင့်တယ် Campbell lane နဲ့  Seragoon Road နေရာ၂ နေရာမှာ Seragoon ကမှာ လူပိုစည်တဲ့ အတွက် လျှပ်စစ်ပစ္စည်းတွေ စရောင်းကြည့်ပြီး တခွန်းဈေးနဲ့  ဈေးကွက် စပြီးCampbell lane ကို ဂိုဒေါင်လုပ်တယ် တခွန်းဈေးပေမယ့် ဈေးသက်သာလ်ု့  လူသိများပြီး အောင်မြင်လာတော့ Seragoon Plaza ရဲ့  ၇၀% ကို သူငှားရင်း သူပိုင်တဲ့ နေရာအဖြစ် ၁၉၉၅ မှာ အသက်ကသွင်းခဲ့တယ် သူဟာ သူ့ ဆိုင်တွေကို ၂၄နာရီဖွင့်ခွင့်ရအောင် ကြိုးစားခဲ့ရတယ် သူ့ ရဲ့ ဝင်ငွေ ကို ၂၀၀၄ စစ်တမ်းမှာ ၃၀၀မီလီယံထက်မနည်းတဲ့အတွက် စင်ကာပူမှာ အချမ်းသာဆုံး နိုင်ငံခြားသားစာရင်းဝင်ဖြစ်လာတယ် စင်ကာပူအစိုးရက သူ့ ရဲ့ အောင်မြင်မှုကို ချီးကျူးစကားဆို ပြီးး စင်ကာပူနိုင်ငံသားတွေအတွက် အလုပ်တွေဖန်တီးပေးနိုင်ခဲ့လို့  ကျေးဇူးတင်စကားဆိုခဲ့တယ် ၁၉၉၁မှာသူဟာ စင်ကာပူနိုင်ငံသား ဖြစ်လာတော့တယ် (Google မှာတွေ့ တာလေး ဘာသာပြန်ကြည့်တာ အမှားပါက ခွင့် လွှတ်ကြပါကုန်) Credit to noreeaye
Posted on: Tue, 01 Oct 2013 01:29:23 +0000

Trending Topics



Recently Viewed Topics




© 2015