စိတ်လေတယ် Weekly - TopicsExpress



          

စိတ်လေတယ် Weekly Eleven တော်ရုံရေးလေ့မရှိပါဘူး စိတ်ပျက်လွန်းလို့ရေးလိုက်တာပါ Eleven ဂျာနယ်ကတရုတ်ကိုသာဆော်တယ် သူပိုက်ဆံရတဲ့ တရုတ်ဆေးခန်းကြော်ငြာကျတော့ မြန်မာပြည်တရုတ်ဆေးခန်းလမ်းညွှန် ထင်မှတ်လောက်အောင် လက်ခံကြော်ငြာပေးတယ် သူ့စီးပွါးရေးဘဲ နားလည်ပါတယ် ဒါပေမယ့် ဒီအပတ်ထုတ် ဂျာနယ်မှာ - Orient Clinic က Half pg - 2 ခု, ခေတ်မှီ ဆေးခန်းက half pg 1 ခု, quarter pg 1 ခု, နယူးဟောင်ကောင်ဆေးခန်းကလည်း half pg 1 ခု, quarter pg 1 ခု, နောက်ဆုံး Polo ဆေးခန်းက half pg 3 ခု နဲ့ဗိုလ်စွဲပါတယ် အားလုံးက ဖြူမည်းရွက်မှာချည်းဘဲ။ ပြောချင်တာက catogery တူ တဲ့ဟာကို စာမျက်နှာအများကြီးဖြုန်းပြီး ပိုက်ဆံရပြီးရောဆိုပြီး ဂျာနယ်ဖတ်ပရိသတ်ကို မလေးစားဘဲ လုပ်တာလား။ ဒီကြော်ငြာတွေကပြည်သူတွေအကျိုးရှိတဲ့ကြော်ငြာလား သတင်းတွေလည်း face book ပေါ်တက်နေတာဘဲ ethic မရှိတဲ့လုပ်ငန်းတစ်ခုကိုကြော်ငြာပေးရတာ စိတ်သန့်ရဲ့လား ဒါဆိုအရက်ဆေးလိပ် ကြော်ငြာဘာကြောင့်ထိန်းချုပ်ခဲ့လဲ။ ဒါမှမဟုတ် ကြော်ငြာကောက်သူက ဒါဘဲလုပ်နိုင်တာလား။ ဒီဆေးခန်းအားလုံးကို တရုတ်လူမျိုးများလာဖွင့်တဲ့ဆေးခန်းဟုသာသိထားပါသည်။ိ
Posted on: Mon, 17 Jun 2013 16:52:24 +0000

Trending Topics



Recently Viewed Topics




© 2015