စီးကရက်ခေတ်ကို - TopicsExpress



          

စီးကရက်ခေတ်ကို အဆုံးသတ်မဲ့ E-Cigarette Jun 13, 2013 7:05:08 AM စီးကရက်ခေတ်ကို အဆုံးသတ်မဲ့ E-Cigarette ******************************** US ရဲ့နောက်ဆုံးထုတ် နည်းပညာတမျိုးပါ။ Electronic Cigarette ဖြစ်ပါတယ်။ နောက်ပိုင်း ဆေးလိပ်ကြိုက်သူတွေ၊ စတိုင်လ်ထုတ်ချင်တဲ့သူတွေ အကြိုက် တွေ့မဲ့ electronic ပစ္စည်းဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဓိကကတော့ No Smoking Area တွေ၊ ဆေးလိပ်ငွေ့မခံနိုင်သူတွေ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။ တနည်းအားဖြင့် လူမှုဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မဲ့ electronic device လို့ ဆိုနိုင်ပါတယ်။ ဒီ E-Cigarette ဘာနဲ့တူလဲဆိုတော့ ရှေးတုန်းကသုံးတဲ့ ဆေးတံလိုပါပဲ။ ဆေးတံသောက်ဖို့ဆိုရင် အရင်ဆုံး ဆေးတံခွက်မှာ ဆေးဖြည့်၊မီးညှိပြီး အသုံးပြုရတာပါ။ သာမန်ဆေးတံနဲ့ ဘာကွဲပြားမှု ရှိသလဲ … ဆေးတံ --- Cigarette StarterKit ဖြစ်ပြီး၊ ဆေးတံဆေး --- Flavor Cartridges (အနံ၊ အရသာမျိုးစုံရွေးချယ်နိုင်ပါတယ်) Recharge battery ဖြစ်ပြီး ဆေးတံလို မီးညှိစရာမလိုပါဘူး။ အရွယ်အစားကတော့ စီးကရက်တစ်လိပ်ရဲ့အရွယ်တိုင်းသာဖြစ်ပြီး၊ StarterKit မှာတပ်ဆင်သုံးရမှာဖြစ်ပါတယ်။ E-Cigarette ရဲ့ အားသာချက်ကတော့ အလိုအလျောက်အငွေ့ပြန်သွား မှာ ဖြစ်သဖြင့် သာမန်စီးကရက်တွေလို ပြာမဖြစ်ဘူး၊ သောက်သုံးသူမှလွဲရင် ဆေးနံ့ကို မရနိုင်ဘူး၊ နေရာမရွေးသောက်သုံးဖို့ သင့်တော်နိုင်သလို စီးကရက်ဘူးတွေ ၀ယ်ယူတဲ့ စရိတ်ထက် ထက်ဝက် လောက်သက်သာနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားသူများအနေဖြင့် ဒီလင့်မှာblucigs/premium-starter-kits E-Cigaretteရဲ့ အကြောင်းကို ထပ်မံလေ့လာနိုင်ပါတယ်။ MM Social Sky
Posted on: Sat, 15 Jun 2013 03:51:08 +0000

Trending Topics



Recently Viewed Topics




© 2015