ဆီးချိုရှိသူ - TopicsExpress



          

ဆီးချိုရှိသူ ခရီးရှည်ထွက်မည်ဆိုလျှင် ==================== ဆီးချိုသမား ခရီးရှည် ထွက်ပြီဆိုရင် လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။ (၁) ဆီးချိုဆေးတွေ အလုံအလောက် ယူသွားဖို့ လိုပါတယ်။ (၂) ဆီးချိုရောဂါနဲ့ တွဲပြီး တခြား သွေးတိုးရောဂါ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေ ရှိနေရင် အဲဒီ တခြားရောဂါတွေအတွက် ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတွေကိုလည်း ဆောင်ထားဖို့ လိုပါတယ်။ (၃) နောက်ပြီး ဆီးချိုသမားတွေက မူးတတ်ပါတယ်။ ဒါကြောင့် အမူးပျောက်ဆေးတွေလည်း ဆောင်သွားသင့်ပါတယ်။ (၄) တချို့ အန်တတ်တဲ့ ဆီးချိုသမားတွေလည်း ရှိပါတယ်။ အန်တတ်တယ်ဆိုရင်လည်း အအန်ပျောက်တဲ့ ဆေးတွေကို ဆောင်သွားရပါမယ်။ (၅) ဆီးချိုသမားအတွက် အရေးအကြီးဆုံး ဆောင်ထားရမှာကတော့ ဆီးချိုတိုင်းကိရိယာပဲ ဖြစ်ပါတယ်။ ဆီးချိုသမားတွေက ခရီးရှည်သွားရင်း၊ လာရင်း၊ စားရင်း၊ သောက်ရင်းနဲ့ သွေးတွင်းသကြားဓာတ် တက်လို့ တက်နေမှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီချိုတိုင်းစက်လေးကို ဆောင်ထားပြီး မကြာခန တိုင်းပေးသင့်ပါတယ်။ (၆) ခရီးသွားတဲ့အချိန် ကြာတယ်ဆိုရင် ထိုင်နေရတာ ခြေထောက်ကို အောက်ချထားရတဲ့အတွက် ဆီးချိုသမားတွေမှာ သွေးပြန်ကြောပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ခြေထောက် သွေးပြန်ကြော မပိတ်စေဖို့ ခြေထောက်ကို အကြာကြီး ချထားရတယ်ဆိုရင် လေ့ကျင့်ခန်းအနေနဲ့ ပေါ့ပေါ့ပါးပါး လုပ်ရတဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားခရီးရှည် သွားတယ်ဆိုရင် လေယာဉ်ပေါ်မှာ လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တယ် ဆိုတာလည်း အထွေအထူးတော့ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့ပဲ ခြေဖဝါးကို လှန်လိုက်၊ ကော့လိုက် လုပ်ပေးခိုင်းတာပါ။ (၇) နောက်တစ်ချက်ကတော့ ဆီးချိုသမားတွေက ခရီးသွားရင် အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုသမားတွေက များသောအားဖြင့် နေမကောင်း ဖြစ်ပြီဆိုရင် အစာကို ကောင်းကောင်း မစားနိုင်တော့ပါဘူး။ အစာ မစားတဲအတွက် လူနာက သူ့ဘာသာသူ ဆီးချိုဆေးကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ တကယ်တမ်းတော့ မှားပါတယ်။ ဘာလို့လဲဆိုရင် ဆီးချိုသမားတစ်ယောက် အနေနဲ့ ရောဂါပိုး တစ်ခုခု (Infection) ဝင်သွားပြီဆိုရင် စိတ်ဖိစီးမှု Stress တွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီ စိတ်ဖိစီးမှုတွေက သွေးတွင်း သကြားဓာတ်ကို ပိုတက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေ ဖျားတိုင်းဖျားတိုင်း ဆီးချိုရောဂါကုဆေးကို ဖြတ်လိုက်တယ်ဆိုတာတွေ မလုပ်သင့်ပါဘူး။ ဆီးချိုသမား ဖျားလို့ရှိရင် ဆီးချိုရောဂါဆေးကို လုံးဝ မဖြတ်ပစ်လိုက်ပါနဲ့။ သွေးတွင်း သကြားဓာတ်ကို ခဏခဏ စစ်ပေးပါ။ သွေးတွင်း သကြားဓာတ် အတက်အကျအလိုက် လိုရင်လိုသလို ဆေးကို တိုးတာ၊ လျှော့တာတွေ လုပ်ပြီး သောက်ရပါမယ်။ ဆီးချိုရောဂါကုဆေးကို လုံးဝ ဖြတ်လိုက်ဖို့တော့ ဆရာတို့က အားမပေးပါဘူး။ ဆီးချိုသမားတွေ ခရီးရှည်သွားတဲ့ အခါမှာ ကိုယ်လိုအပ်တဲ့ ဆေးတွေကို အလုံအလောက် ယူသွားဖို့လည်း အရေးကြီးပါတယ်။ ဆေးဝါးတွေကို အတိအကျပဲ ယူသွားတာမျိုး မလုပ်သင့်ပါဘူး။ ဥပမာ- သုံးလလောက်ကြာမယ့် ခရီးရှည်ကို သွားဖို့ ရှိတယ်ဆိုရင် ဆေးဝါးတွေကို ငါးလစာလောက် ယူသွားဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဆီးချို အတက်အကျ ဖြစ်တာတွေကြောင့် ပိုသောက်ရတာမျိုးတွေ လုပ်ရပါတယ်။ အဲဒီအခါတွေမှာ လုံလောက်ဖို့အတွက် ပိုပြီးယူသွားဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း ထိုးကြတဲ့ ဆေးတွေမှာတော့ ပမ်တွေရှိပါတယ်။ အဲဒါတွေကတော့ ရေခဲပုံးနဲ့ ယူစရာ မလိုပါဘူး။ ဒေါက်တာဦးကိုကို တွဲဖက်ပါမောက္ခ၊ အထွေထွေရောဂါကု ဆရာဝန်ကြီး ကျန်းမာရေးစာတိုများစုစည်းမှု
Posted on: Sun, 19 Jan 2014 02:32:02 +0000

Trending Topics



Recently Viewed Topics




© 2015