ဆူး ခက် မိုး posted to - TopicsExpress



          

ဆူး ခက် မိုး posted to မင်းရဲကျော်စွာကားပွဲစားတန်း 40 minutes ago near Yangon, Myanmar · ကညန တွင်လူပြောင်းသော်လည်းမူမပြောင်းသေး လာတ်စားမှုများရှိနေဆဲ မော်ယာဉ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များအား အဓိကတာဝန်ယူ လုပ်ကိုင်ပေးနေရသည့် ကညန သည်လူအပြောင်း လဲပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မူမပြောင်းသေးကြောင်း၊ အဂတိလိုက်စားမှုများရှိနေဆဲဖြစ်ကြောင်း၊ ကား လုပ်ငန်းရှင်တစ်ဦးက High Speed သို့သက်သေအထောက်အထားများပြကာ ရှင်းပြသည်။ “ကညန ရုံးကလူတွေ၊ ရာထူးအပြောင်းအလဲတွေရှိခဲ့ပေမယ့် လက်ရှိအချိန်ထိမူမပြောင်းသေးပါဘူး၊ ကျွန်တော် သက်သေအထောက်အထားနဲ့ပြောပြပါမယ်၊ ကျွန်တော်တို့ ကားလုပ်ငန်းရှင်တွေကို လုပ်ငန်းသုံးကားတွေ တင် သွင်းခွင့်ပြုထားပါတယ်၊ အဲဒီအထဲမှာ ကန့်သက်ချက်တွေရှိပါတယ်၊ Light Truck,ပုဇဉ်းခေါင်း ကားကိစ္စမှာ နိုင် ငံတော်အစိုးရက တရားဝင်တင်သွင်းခွင့်ပြုထားတာ ၂၀၀၃ မော်ဒယ်ပါ၊ ဒါပေမယ့်လုပ်ငန်းရှင်တစ်ချို့ ကဘာလုပ် သလဲဆိုတော့ ပုံစံတူ ၁၉၉၉ မော်ဒယ်တွေကို တင်သွင်းလာကြပါတယ်၊ အဲဒီပုဇဉ်းခေါင်းကားက ၁၉၉၉ နဲ့ ၂၀၀၃ မော်ဒယ်ကွာတာက ဘန်ပါတစ်ခုပဲကွာပါတယ်၊ ကျန်တာအကုန်လုံးတူပါတယ်၊ဒါကို နယ်စပ်ကသွင်းရင် ရိုးရိုးတင် သွင်းတဲ့ကားတွေထက်ဒေါ်လာ ၃၅၀၀၊ ၄၀၀၀ လောက်ကိုသက်သာပါ တယ်၊ဘာလို့ဈေးသက်သာလဲဆိုတော့ တစ်အချက်ကအခွန်၊ နှစ်အချက်က အဲဒီကားတွေကို အစိုးရကသွင်းခွင့် မပြုထားတဲ့အတွက် ဂျပန်နိုင်ငံမှာ ၀ယ် မယ့်လူမရှိဘူး၊ဈေးပေါတယ်၊ အဲဒီကားကိုထိုင်းနိုင်ငံသို့အရင်ပို့ပါတယ်၊ပြီး ရင်မြ၀တီနယ်စပ်မှာ ချယ်စီကုဒ်အတု ပြန်ရိုက်ပါတယ်၊ ချယ်စီကုဒ်ပြန်ရိုက်ရာမှာလည်း လွဲမှားမှုတွေမရှိရအောင်၊ မူရင်းနိုင်ငံထုတ် ချယ်စီစာရင်းကိုကြည့် ပြီးတော့ ပြန်ရိုက်ပါတယ်၊ ကားတွေကိုနယ်စပ်ကတင်သွင်းတာဖြစ်တဲ့အ တွက် Custom Mobile Team ကစစ်ရ ပါတယ်၊ ဒီအဖွဲ့ကရှင်းရှင်းပြောရင် ကားနဲ့ပတ်သတ်ပြီးဗဟုသုတ ကညန လောက်မရှိပါဘူး၊ ဒီတော့မသိဘူး ခွင့် ပြုပေးလိုက်တယ်၊ ဒါကို ကညနမှာ လိုင်စင်ဝင်တဲ့ချိန်ကျရင် ကားကိုစစ်တော့ ကညန ကသိပါတယ်၊ ဒီတော့အဲဒီ တွေ့ရှိချက်တွေကို ဖုံးကွယ်ပေးဖို့ သက်ဆိုင်ရာအရာရှိတွေကို လာဘ်ထိုးရပါ တယ်၊ဒါဟာ စားသုံးသူကာကွယ်ရေး ဆိုတဲ့ဆောင်ပုဒ်ကိုပျက်ရယ်ပြုသလိုဖြစ်နေပါတယ်၊ ဒီလိုလုပ်တဲ့လုပ်ရပ်ဟာ ဘယ်သူ့အတွက်မှမကောင်းပါဘူး၊ ၀ယ်စီးမယ့်သူလည်းကားစုတ်ကိုစီးရတယ်၊ ဈေးကွက်ယှဉ်ပြိုင်ရာမှာလည်းရိုးရိုး သားသားလုပ်စားတဲ့သူတွေ ဒုက္ခ ရောက်ကုန်တယ်၊ အခုဆိုရင်အဲဒီကားမျိုးတွေ ရန်ကုန်ကိုစီးရေးတစ်ထောင်ထက် မနည်းဝင်ရောက်နေပါတယ်၊ ဈေးကွက်တွင်းမှာလည်းရောင်းချနေတယ်၊အဲဒီကားတွေ ၀င်လာကတည်းကရိုးရိုး သားသားရောင်းချနေတဲ့အ ရောင်းပြခန်းတော်တော်များများ လုပ်ငန်းရပ်ဆိုင်းရမယ့်ကိန်းဆိုက်နေကြပါပြီ၊ဒါကိုရပ် န်းကရပ်သင့်ပါပြီ”ဟုကားအ ရောင်းပြခန်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ကညန တွင်လက်ရှိအချိန်ထိ ကျင့်သုံးနေသည့် အာတီလုပ်ငန်းစဉ်မှာလည်း အသုံးချခံမူတစ်ခုအဖြစ် တည်မြဲနေဆဲ ဖြစ်ကြောင်း၊ ယခင်ကကားအင်ဂျင်ပြောင်းလဲသည်ကိုသာ လက်ခံခဲ့သော်လည်းလက်ရှိအချိန်တွင်ကားစီးလိုက်တင် သွင်းကာလုပ်ပေးနေကြောင်း၊ ခြောက်လက်မအရွယ်ခန့်ချယ်စီကုဒ်နေရာအား ဂတ်စ်ဝါရိန်ဖြင့်ဖြတ်ထုတ်ကာ ကား သစ်တွင်ပြန်လည်ကပ်ပေးနေကြောင်း၊ လိုင်စင်သက်တမ်းတိုးသည့်အချိန်တွင် နိုင်ငံတော်အတွင် ဒဏ်ကြေးအဖြစ် သတ်မှတ်ကာကောက်ခံကြောင်း၊ တစ်စီးလျှင်ဆယ်သိန်းဝန်းကျင်ပေးရ ကြောင်း၊ ကညန အရာရှိနှင့် ကားအကျိုး ဆောင်များကိုလည်းပေးကမ်းရကြောင်း၊ ထိုလုပ်ရပ်များကို စက်မှုဝန်ကြီး ဌာနနှင့်ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ် ကြောင်း၊ ကညန အရာရှိများအားမေးမြန်းလျှင် စက်မှုဝန်ကြီးဌာန ၏ခွင့်ပြုချက် ကြောင့်လုပ်ပေးရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားလေ့ရှိကြောင်း၊နိုင်ငံတော်မှ တရားဝင်ကားတင်သွင်းပြုထားသော်လည်း မဖြစ်သင့်မဖြစ်ထိုက် သည့်မူများကို ကျင့်သုံးနေသည်မှာလည်း လာဘ်ပေးလာဘ်ယူ ဖြစ်မြောက်ရန် တွန်းအားပေးနေသည်နှင့်တူနေ ကြောင်းယင်းလုပ်ငန်းရှင်ကထောက်ပြပြောဆိုသည်။ အထက်ပါကိစ္စရပ်များ အမှန်တကယ်ဖြစ်ပျက်နေခြင့်ဟုတ်မဟုတ် ကားလုပ်ငန်းရှင်အသင်းတာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ၊ ၄င်းတို့အသင်းအားတင်ပြအကူအညီတောင်းခံထားသူများရှိကြောင်း၊ပုဇဉ်းခေါင်းကားများ မှာလက်ရှိအချိန်တွင်ဈေးကွက်တွင်းရောင်းချပြီးဖြစ်ကြောင်း၊ ကားများအားလိုင်စင်ချမပေးရန် ကညနကဆုံးဖြတ် ခဲ့ပြီးဖြစ်ကြောင်း၊ လက်ဝယ်ပိုင်ဆိုင်သူများမှာ အခက်တွေ့နေကြောင်း၊ ထိုကဲ့သို့ရောင်းချထားသူများအားရေးယူ ပေးရန်(သို့မဟုတ်) တရားဝင်လိုင်စင်ချထားပေးရန်၊ ကားဝယ်ယူထားသူများက တောင်းဆိုနေသည်များရှိကြောင်း၊ ပြန်လည်ဖြေကြားခဲ့သည်။ မြင်သာကညနရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဖြင့်တစ်ဆင့်မဖြေကြားလိုကြောင်း တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။ credit to ၀ံလက်ငှက်
Posted on: Mon, 12 Aug 2013 11:58:39 +0000

Trending Topics




© 2015