ဆူးလေဆိပ်ကမ်းတွင် - TopicsExpress



          

ဆူးလေဆိပ်ကမ်းတွင် ထုတ်ယူရန် ယာဉ်အစီးရေ ၉၃ စီးတွင် လေလံစာရင်းဝင် ၈၃ စီးပါရှိ ဆူးလေဆိပ်ကမ်းတွင် ယာဉ်ပိုင် ရှင်များအနေဖြင့် ပြည်ပမှ တင်သွင်းလာသောကားများ ထုတ်ယူရန် ကျန်ရှိနေသော အစီးရေ ၉၃ စီးရှိရာ ယင်းကားများထဲမှ လေလံ စာရင်းဝင် ကားအစီးရေ ၈၃ စီးပါ ရှိကြောင်း ‘ဆိပ်ကမ်း အာဏာပိုင်အဖွဲ့’မှ သိရသည်။ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကားများကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ယာဉ်ပေါ်ပါရှိသည့် လိပ်စာအတိုင်း ယာဉ်ပိုင် ရှင်များထံသို့ အကြောင်းကြားပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက် ခြောက်ဆယ် ကျော်လွန်ပါက လေလံယာဉ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ “သြဂုတ် ၂၁ ရက်အထိ ဆူးလေဆိပ်ကမ်းမှာ ထုတ်ယူဖို့ ကားအစီးရေက ၉၃ စီးနဲ့ လေလံ ၀င်သွားတဲ့ကား ၈၃ စီးရှိပါတယ်၊ ဆိပ်ကမ်းမှာက လေလံ ထိန်းသိမ်းထားတာပဲ ရှိတယ်၊ ယာဉ်ပိုင်ရှင်တွေက မထုတ်သေးဘူးဆိုပြီး အကြောင်းကြားလာခဲ့ရင် ဆိပ်ကမ်းမှာပဲ ထားပါတယ်၊ တကယ်လို့ မထုတ်တော့ဘူးလို့ အကြောင်းကြားရင် အကောက်ခွန်ကို တာဝန်လွှဲပေးမှာပါ” ဟု ထုတ်ယူရန် ကျန်ရှိသည့် ယာဉ်များနှင့် ပတ်သက်ပြီး ဆူးလေဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ မန်နေဂျာ ဗိုလ်မှူးစိုးမြင့်က ပြောပြသည်။ ဆိပ်ကမ်းများသို့ ရောက်ရှိ လာသော ကားများကို သတ်မှတ်ရက် ခြောက်ဆယ် ကျော်လွန်ပါက လေလံယာဉ်အဖြစ် သတ်မှတ်ပြီး ထုတ်ယူခွင့်ပြုရာတွင် ဒဏ်ကြေး သတ်မှတ်ထားခြင်း မရှိဘဲ နှောင့်နှေးကြေးသာ ကောက်ခံခြင်းဖြစ်ကာ သတ်မှတ်ရက် သုံးရက် ကျော်လွန်ပါကလည်း အခမဲ့အဖြစ် သတ်မှတ်ပေးထားပြီး လေးရက်မှ ၁၄ ရက်အတွင်း တစ်ရက်လျှင် တစ်ကုဗမီတာအတွက် ၃၀ ကျပ်၊ ၁၅ ရက်မှ ၃၀ ရက်အတွင်း တစ် ရာကျပ်၊ ၃၁ ရက်မှ ရက် ခြောက် ဆယ်အတွင်း နှစ်ရာကျပ်နှင့် ရက်ခြောက်ဆယ်ထက် ကျော်လွန်ပါ က သုံးရာကျပ်ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ Automobile Journal
Posted on: Mon, 26 Aug 2013 04:14:47 +0000

Trending Topics



Recently Viewed Topics




© 2015