ဇင်းနစ်သို့ - TopicsExpress



          

ဇင်းနစ်သို့ ရောက်သွားသည့် ရူဘင်ကာဇန်မှ ရွန်ဒွန် ================================ ရုရှား ကလပ် ရူဘင်ကာဇန် အသင်းမှ တိုက်စစ် ကစားသမား ဖြစ်သူ ဆော်လမွန် ရွန်ဒွန်သည် မဖော်ပြသည့် ပြောင်းရွှေ့ကြေးဖြင့် ဇင်းနစ် အသင်းသို့ ရောက်ရှိသွားကြောင်း သိရသည်။ အဆိုပါ အသက် ၂၄ နှစ် အရွယ်ရှိ ဗင်နီဇွဲလား လက်ရွေးစင် ဖြစ်သူသည် ဇင်းနစ် အသင်းနှင့် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အသင်းသစ် ဇင်းနစ်တွင် ရွန်ဒွန် အနေဖြင့် ကျောနံပါတ် ၉ ဂျာစီကို ၀တ်ဆင်မည် ဖြစ်သည်။ ဇင်းနစ် အသင်းသည် ယခုရာသီတွင် အသင်း တိုက်စစ်ကို အားဖြည့်ရန် အတွက် စိတ်ဝင်စားနေခဲ့ပြီး ယမန်နှစ်ရာသီက လွဲချော် ခဲ့သည့် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ရန် အတွက် တိုက်စစ်မှူး ရွန်ဒွန်၏ ဂိုးများကို အဓိကထားရမည့် အနေ အထား ဖြစ်နေသည်။ ရုရှား ကလပ် ရူဘင်ကာဇန် အသင်းမှ တိုက်စစ် ကစားသမား ဖြစ်သူ ဆော်လမွန် ရွန်ဒွန်သည် ၂၀၁၂ ခုနှစ် နွေရာသီတွင် ရူဘင်ကာဇန် အသင်းသို့ မရောက်မီ စပိန် လာလီဂါ ကလပ် အသင်း ဖြစ်သည့် မာလာဂါ အသင်း အပါအ၀င် ကလပ် အသင်း ၃ သင်းတွင် ကစားပေးထားခဲ့ဖူးသူ ဖြစ်သည်။ ဇင်းနစ် အသင်းသည် ရုရှား ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် ပထမနေရာမှာ ရပ်တည်နေပြီး ချန်ပီယံ လိဂ် တွင်လည်း ရှုံးထွက် အဆင့်တွင် ဂျာမန် ကလပ် ဒေါ့မွန် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ Sports Circle
Posted on: Sat, 01 Feb 2014 04:34:09 +0000

Trending Topics



Recently Viewed Topics




© 2015