ည (၁၁:၃၀) အချိန်လောက်မှာ - TopicsExpress



          

ည (၁၁:၃၀) အချိန်လောက်မှာ လူနာအရေးပေါ်ဖြစ်လို့ဆိုပြီး ဆရာဝန်လာခေါ်ပါတယ်။ထုံးစံအတိုင်းပေါ့ … နေ့ခင်းပိုင်း ကျနော်တို့လိုဆရာဝန်ပေါက်စဆေးခန်း လူနာ များများမရှိ၊ ညခင်းပိုင်း လူနာလာပြလေ့ရှိပါတယ်။ လိုက်ရမှာက ကျွန်တော်နေတဲ့နေရာနဲ့ (၁၂) မိုင်ခန့် ဝေးကွာတဲ့ ရွာတစ်ရွာကိုပါ။လူနာကတော့ အဆုတ်ကင်ဆာ (Ca Lung) ဖြစ်နေတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။ ဘယ်လိုမှ ပျောက်ကင်းအောင် ကုသလို့မရတော့လို့ ဆေးရုံကနေပြန်ဆင်းလာခဲ့တာပါ တဲ့။ ဘာဖြစ်သလဲမေးတော့ မသိဘူး၊ ဆရာဝန် အရေးပေါ်ပင့်ပြီး လာခဲ့ပါ တဲ့ဗျာ။ အမှန်တိုင်းဝန်ခံရရင် ကိုယ်ကြည့်လက်စလူနာ မဟုတ်လေတော့ ဒီအချိန် ဒီလောက်ဝေးတဲ့ နေရာ မလိုက်ချင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန် ကိုယ်မှမလိုက်ရင် တခြားဆရာဝန်ကြီးတွေ ခေါ်ဖို့မလွယ်၊ ကိုယ်လိုက်သွားရင် အဆင်ပြေသွားမယ် (ကျွန်တော်တို့ဆရာကြီး Dr.လှသန်း သူ့အမျိုးသမီးကိုပြောလေ့ရှိတဲ့စကား…ငါ ဆရာဝန် ပဲ၊ လိုက်ရမှာပေါ့) ဆိုတဲ့ အတွေးလေးနဲ့ လိုက်သွားဖြစ်ပါတယ်။ ဒီလိုနဲ့ ရောက်သွားတော့ သက်တော် (၇၀) ကျော်ခန့် ဘုန်းတော်ကြီးတစ်ပါး မောနေတယ်၊ အောက်စီဂျင်ပေးထားတယ်၊ အဲဒါနဲ့ လိုအပ်တဲ့ ကုသမှုတွေပေးပြီး နာရီဝက်လောက် အကြာမှာတော့ သက်သာရာရသွားတယ်။ စိတ်ထဲမှာ ကြည်နူးမှုလေးကို ခံစားလိုက်ရပါတယ်။ ဒီလိုနဲ့ အပြန် စိတ်ထဲမှာ အတွေးလေးတစ်ခုဝင်လာပါတယ်… “အော် … ငါတို့လိုဆရာဝန်လက်သစ်ပေါက်စလေးတွေကို ဝါရင့်ဆရာဝန်ကြီးတွေလောက် အထင်မကြီးချင်နေပါစေ၊ အထင်သေးမခံရရင် ကျေနပ်ပါပြီ” လို့………။ [ဘာကိုမှ ရည်ရွယ်ပြောဆိုလိုခြင်းမရှိပါ။စိတ်ခံစားမှုလေးတစ်ခုကို ချရေးခြင်းသာ…] 08/08/2013 02:25 AM Tada-U
Posted on: Wed, 07 Aug 2013 21:10:30 +0000

Trending Topics



Recently Viewed Topics




© 2015