တစ်သက်နဲ့တစ်ကိုယ် - TopicsExpress



          

တစ်သက်နဲ့တစ်ကိုယ် ဒူးတုန်ချိန်တစ်ချိန်ပဲရှိခဲ့ပါတယ် ။ ဆယ်တန်းတုန်းက chemistry ,physic နဲ့ history သင်တဲ့ဆရာမတွေ စာမေးပြီဆိုရင် ဒူးနှစ်ဖက်လုံး တဆတ်ဆတ်တုန်ပါတယ် ။ တအားကြောက်သလောက် စာလည်းအသားကုန်ကျက်ခဲ့တယ် ။ သူများတွေ ထမီလှန်ပြီးအရိုက်ခံရချိန် တစ်ခါမှ အရိုက်မခံခဲ့ရပါဘူး ။ စာမေးခံရတာနဲ့ စက်သေနတ်ပစ်သလို တရစပ်ပစ်တာ ရပ် ဆိုတဲ့အသံကြားမှ ပါးစပ်ကမော်တာခလုတ် ရပ်ဖြစ်တယ် သို့သော် ဂလောက်စာရခဲ့သော်ငြား အဲဒီဘာသာတွေမှာ ဂုဏ်ထူးမထွက်ခဲ့ပါ ခြေချော် လက်ချော် တစ်ကိုယ်လုံးချော်ခဲ့လို့သာဖြစ်မည် :D
Posted on: Fri, 19 Jul 2013 14:55:19 +0000

Trending Topics



Recently Viewed Topics




© 2015