တရားခွင် အတွင်း - TopicsExpress



          

တရားခွင် အတွင်း စွဲချရှေ့နေမှ တင်သွင်းနေခိုက် လျှပ်တပြတ် ရေးသားပေးသော ဆရာထင်လင်းဦး ၏ လူငယ်များသို့ လူ့ အမှာစကား ကဗျာ။ ခေါင်းစဉ်ကို ကျနော်က ယခုလို ပေးချင်ပါသည်။ လရေးနှစ်ချောင်းငင် ............. ဟု ကဗျာမှာ အော - အိုအချင်း မြန်ပြည်တွင်း၌ မှီတင်းနေကြ ချစ်မြတ်ရပေ အို မိတ်ဆွေတို့ .... --- အကျွန်ုပ်တို့ နေသည် မြန်မာပြည်တွင် ရှင်တော်ဘုရား ဟောမြွက်ကြားသည့် တရားမေတ္တာ လွှမ်းခြုံပါလျှက် .... ... လူကို လူဟု မြင်မရှုသည့် စက္ခု ဘာကြောင့် ရိုင်းသနည်း။ .... လူဆိုသည်မှာ လူပင်သာတည်း ချမ်းသာဆင်းရဲ အသားမဲဖြူ အယူဝါဒ မတူကြလည်း မကွဲမပြား လူပင်တည်း။ .... လူလူချင်းအား ခွဲခြားချင်ကြ အမုန်းစ ကြောင့် သံသယပွား ဒေါသ အားဖြင့် သောက မီးတိုက် အပူမြို့်ခါ သာယာလောက ပျက်လိမ့်တည်း ။ လူချင်းစကား ကြား၍ ခါးကြ နားဝ ဘာကြောင့် ရိုင်းသနည်း။ ... လူလူ ချင်းအား မတူခွဲခြား နှလုံးသား ဘာကြောင့် ၇ိုင်းသနည်း။ ... လူလူချင်းပင် စိတ်တွင် ညင်ညို မလိုရှုဆိတ် အငုံ့ စိတ်ဖြင့် မုန်းဆိပ်ဖြန့်ဝေ သူယုတ်တွေကြောင့် သောက ပူဗျာ နှောင့်လိမ့်တည်း။ .... လူကို လူက လူမြင်ကြလော့ လူချင်းစကား လူသို့ ကြားလော့ လူကို လူမခြား နှလုံးထားလော့ လူက လူကို လူလို မြင်ကြား လူနှလုံးထားမှ လူက လူကို ချစ်နှစ်လိုမှ လူက လူအား လေးစားကြမှ လောက အ၀န်း မေတ္တာလွှမ်း၍ အေးချမ်း ကမ္ဘာ ရှည်မည်တည်း။ (သာသနာဖျက်မှု ဆိုသော မတရားစွပ်စွဲပုဒ်မ ဖြင့် တရားစွဲဆို ရင်ဆိုင်နေစဉ်) အချုပ်သား ဘ၀ဖြင့် စာရေး ဆရာ ထင်လင်းဦး တရားရုံး အတွင်း လျှပ်တပြတ် ရေးသားစပ်ဆို ပေးအပ်လိုက်သော လူ အမည်ရှိ ကဗျာ ရေးသားချိန် ၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက် နေ့လည် ၁၂ နာရီခန့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တရားရုံး တရားခွင်အတွင်း
Posted on: Thu, 25 Dec 2014 03:44:30 +0000

Trending Topics



Recently Viewed Topics




© 2015