တရုတ်နိုင်ငံမှ Apple - TopicsExpress



          

တရုတ်နိုင်ငံမှ Apple ထုတ်ကုန် သုံးစွဲသူများ အနေနဲ့ Apple က ထုတ်လုပ်တဲ့ charger များကိုသာ အသုံးပြုသင့်ပြီး Charger အတုတွေကို အသုံးမပြုကြဖို့ တရုတ်ဘာသာနဲ့ လွှင့်တင်ထားတဲ့ web site ကနေ တစ်ဆင့် Apple ကုမ္ပဏီက တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple ထုတ်ကုန် သုံးစွဲသူများအတွက် charger အစစ်နဲ့ charger အတု ခွဲခြားနိုင်မယ့် နည်းလမ်းတွေကိုလည်း Apple က ဖော်ပြခဲ့ပါတယ်။ မကြာသေးမီက တရုတ်အမျိုးသမီး တစ်ဦး iPhone ကို အားသွင်းရင်း ဖုန်းပြောကြားစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် Apple က အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ Charger အတုနဲ့ အစစ် ခွဲခြားမှုကို apple.cn/power-adapters မှာ လေ့လာနိုင်ပါတယ်။ Ref: CNET Asia
Posted on: Fri, 26 Jul 2013 05:35:56 +0000

Trending Topics



Recently Viewed Topics




© 2015