ထောက်ခံချီးမွမ်း - TopicsExpress



          

ထောက်ခံချီးမွမ်း အားပေးခြင်းအစွမ်း 10.09.2013 ဖတ်ရန်: ၁ ကော ၁း၎-၉ ယေရှုခရစ်အားဖြင့် သင်တို့အား ပေးတော်မူသော ဆုကျေးဇူးတော် ကို ငါထောက်၍ သင်တို့အကြောင်း ကြောင့် ငါ့ဘုရားသခင်၏ ကျေးဇူး တော်ကို အစဉ်မပြတ်ချီးမွမ်း၏။ ၁ ကော ၁း၆ သမ္မာကျမ်းစာ တစ်နှစ်တာ: □ သု ၈-၉ □ ၂ ကော ၃ မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာချက် တစ်ခုတွင် လုပ်သားများ၏ ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးတက်ကောင်းလာ စေရေး လိုအပ်ချက်ကို ရှာဖွေဖော်ထုတ်ရန် အလုပ်သမား၂သိန်းကို ခေါ်ယူမေးမြန်းခဲ့သည်။ လေ့လာချက်တွင် အထက်လူကြီး၏ အသိအမှတ် ပြုချီးမွမ်းခြင်း၊ ထောက်ခံအားပေးခြင်းတို့ရရှိရန် လိုအပ်ကြောင်းအချက်က ထိပ်ဆုံးမှ ဦးဆောင် ခဲ့သည်။ ဤတွေ့ရှိချက်အရ အသိမှတ်ပြု အားပေးမှုကိုရရှိရန်မှာ လူသား၏ အရေးကြီးသော အခြေခံလိုအပ်ချက် ဖြစ်ကြောင်း ဖော်ပြနေသည်။ ကောရိန်သု ယုံကြည်သူများလည်း ထိုအချက်ကို လိုအပ်ကြောင်း ရှင်ပေါလုသိသည်။ သူတို့အား စည်းကမ်းကျင့်ဝတ်များနှင့် နေထိုင် ကျင့်ကြံရန် မကြပ်မတ်၊ မပြောမီ ၎င်းတို့အား အရင် အသိအမှတ်ပြု ချီးမွမ်းအားပေးခဲ့သည်။ ၎င်းတို့၏ ဝိညာဉ်ရေးဦးဆောင်သူ ရှင်ပေါလုက ၎င်းတို့၏အသက်တာ၌ ထင်ရှားပေါ်လွင်နေသည့် ဘုရားသခင်၏ကျေးဇူးတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကောရိန်သုသြဝါဒစာကို အစပြုခဲ့သည်။ တစ်ချိန်က ဘုရားနှင့် ဝေးကွာခဲ့သည့် ကောရိန်သု ယုံကြည်သူများသည် ယခု ခရစ်တော်အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော ကျေးဇူးတော်ကို ဝမ်းမြောက်ခံစားရသည်။ သခင်နှင့်ပေါင်းစည်းကာ သခင့်ထံမှ ဝိညာဉ်အသက်ကို ခံယူသည်။ ဤပေါင်းစည်းမှု၏ ရလဒ်ကား ၎င်းတို့သည် ဘုရားဝတ်၌မွေ့လျော်ကာ ဝိညာဉ်ရေးရာ၌ ရင့်ကျက်ကြီးထွားလာသည်။ ရှင်ပေါလုသည် ကောရိန်သု ယုံကြည်သူများ၏ အသက်တာ၌ ဘုရားသခင်ပြုခဲ့သောအမှုအတွက် အဆက်မပြတ် ကျေးဇူးတော်ချီးမွမ်းခဲ့သည်။ အားပေးချီးမွမ်းမှုကြောင့် ကောရိန်သုအသင်းသားများသည် အပြုသဘော ဝေဖန်ပြောဆိုမှုကို ပို၍ခံနိုင်ရည်ရှိမည်ဟု ကျွန်တော်ခန့်မှန်းတွေးမိသည်။ ဘုရားသခင်အား နာခံသူများကို တွေ့လျှင် အချိန်ပေးပြီး သူတို့ကို အားပေး အသိအမှတ်ပြုပါ။ ဘုရားသခင်သည် သူတို့အားဖြင့် အလုပ်လုပ်နေခြင်းအတွက် ကျေးဇူးတော်ကို ဝန်ခံလိုက်ကြပါစို့။ — Marvin Williams ကျွန်ုပ်အသက်တာနှင့် ကျွန်ုပ်ဝန်းကျင်မှ လူများအပေါ် ကိုယ်တော် နည်းမျိုးစုံဖြင့် လှုပ်ရှားနေ၏။ ၎င်းတို့အသက်တာ၌ ဘုရား၏ အမှုတော်ကို မြင်ရ၍ မင်္ဂလာရှိပါကြောင်း ခရစ်တော်၌ ညီအစ်ကိုမောင်နှမဖြစ်သူတို့ကို အားပေးပြောပြနိုင်ရန် မစတော်မူပါဘုရား။ ကျယ်လောင်စွာ ချီးမွမ်းပြီး ဖြည်းညှင်းသောစကားဖြင့် အမှားပြင်ပေးပါ။ The Power Of Affirmation September 10, 2013 — by Marvin Williams Subscribe on iTunes Play MP3 (Mobile) Our Daily Bread Radio is hosted by Les Lamborn Read: 1 Corinthians 1:4-9 I thank my God always concerning you for the grace of God which was given to you by Christ Jesus. —1 Corinthians 1:4 Bible in a Year: Proverbs 8-9; 2 Corinthians 3 During a recent study, 200,000 employees were interviewed to discover the missing ingredient in their productivity. The study concluded that appreciation and affirmation topped the list of what they wanted most from their superiors. This research implies that receiving affirmation is a basic human need. The apostle Paul seemed to realize this basic need in the Corinthian believers, so before he peppered them with firm words of discipline, he showered them with affirmation. As their spiritual leader, Paul began his letter with thanksgiving to God for the grace being displayed in their lives. Once far from God, these believers were now participating in His grace through the death and resurrection of Christ. United with Jesus, they were drawing their spiritual life from Him, and the fruit of this union was their spiritual growth in godliness (1 Cor. 1:4-7). Paul deliberately and continually thanked God for His work in the Corinthian believers’ lives. I imagine that they were better able to bear firm criticism from Paul because of his tender affirmation. When we see people who are obeying God, let’s take time to affirm them and to thank God for what He’s doing through them. Lord, You are at work in so many ways in my life and in the people around me. Help me to encourage my brothers and sisters in Christ by telling them how I am blessed to see Your work in them. Praise loudly—correct softly. ဖတ်ရန်: ၁ ကော ၁း၎-၉ ၄အထက်က ခရစ်တော်၏သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊ ၅သင်တို့သည် ထိုခရစ်တော် အားဖြင့်၊ ၆အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့ အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ ကျေးဇူးတော် ကိုအစဉ်မပြတ် ချီးမွမ်း၏။ ၇ထိုကြောင့် သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်း ကို မြော်လင့်၍ နေစဉ်၊ ဆုတော်တစုံတခုမျှမလျော့ဘဲ စုံလင်လျက်ရှိကြ၏။ ၈သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ နေ့ရက်၌ အပြစ် တင်စရာအခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူ လိမ့်မည်။ ၉ငါတို့ သခင်တည်းဟူသော သားတော်မြတ်သခင်ယေရှုနှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ 4 I always thank God for you because of his grace given you in Christ Jesus. 5 For in him you have been enriched in every way—in all your speaking and in all your knowledge— 6 because our testimony about Christ was confirmed in you. 7 Therefore you do not lack any spiritual gift as you eagerly wait for our Lord Jesus Christ to be revealed. 8 He will keep you strong to the end, so that you will be blameless on the day of our Lord Jesus Christ. 9 God, who has called you into fellowship with his Son Jesus Christ our Lord, is faithful.
Posted on: Tue, 10 Sep 2013 08:26:15 +0000

Trending Topics



Recently Viewed Topics




© 2015