ဒသခံများ၏ - TopicsExpress



          

ဒသခံများ၏ ပညာအရည်အချင်းနှင့် ဗဟုသုတ အားနည်းမှုများကို အခွင့်ကောင်းယူပြီး ဥပဒေ နားလည်တတ်ကျွမ်းသည့် တရားရေးရာ၊ ရဲတပ်ဖွဲ့ဝင်နှင့် ဌာနအချို့ ပူးပေါင်းပြီး အမြတ်ထုတ်နေမှုကို စုံစမ်းအရေးယူမည် ဒေသခံများ၏ ပညာအရည်အချင်းနှင့် ဗဟုသုတ အားနည်းမှုများကို အခွင့်ကောင်းယူပြီး ဥပဒေ နားလည်တတ်ကျွမ်းသည့် တရားရေးရာအဖွဲ့များ ရဲတပ်ဖွဲ့ဝင်နှင့်ဌာနအချို့ ပူးပေါင်းကာ အမြတ်ထုတ်နေမှုကို စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နယ်မြို့များတွင် ယင်းကဲ့သို့ဖြစ်စဉ်များရှိနေပြီး ကယားပြည်နယ်အတွင်းရှိ ဒေသခံအများစုမှာလည်း ပညာအရည်အချင်း၊ ဗဟုသုတ၊ အသိအမြင်များနှင့် အခြားသော ဥပဒေအကြောင်းအရာများကို သိရှိတတ်ကျွမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူကာ ဥပဒေနားလည်တတ်ကျွမ်းသည့် တရားရေးရာအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် အခြားဌာနအချို့မှ ပူးပေါင်းကာ အမြတ်ထုတ်နေမှု ရှိနေခြင်းကို စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း Eleven Media Group နှင့် တွေ့ဆုံစဉ် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဌေးက ပြောကြားသည်။ ယင်းကဲ့သို့ ဒေသခံများအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ အကြောင်းအရာများတွင် ဗဟုသုတပိုင်း အားနည်းနေမှုကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်ရန် ယခုနှစ်အတွင်း ပညာပေးဟောပြောပွဲများကို ကယားပြည်နယ်အတွင်း တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒေသခံများ၏ နစ်နာဆုံးရှုံးမှုများနှင့် ဥပဒေအား လက်တစ်လုံးခြား ဆောင်ရွက်နေမှုကြောင့် နစ်နာနေမှုများကို မြို့နယ်များတွင် ဖွဲ့စည်းထားသည့် နယ်မြေအေးချမ်းသာယာရေးအဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့မှ စုံစမ်းပြီး ရရှိလာမည့် အချက်အလက်များကို မူတည်ကာ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်တို့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးကာ အရေးယူရန် စီစဉ်ထားကြောင်း သိရသည်။ “ဒေသခံအများစုက ဆင်းရဲတယ်။ အသိအမြင် ကြွယ်ဝမှုလည်း မရှိဘူး။ အဲဒီအခါမှာ ဒါကိုအခွင့်ကောင်းယူပြီးတော့ ဌာနဆိုင်ရာအချို့က တာဝန်ရှိသူတွေက ဥပဒေဘောင်အတွင်း လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်နေမှုကြောင့် ဒေသခံအချို့ နစ်နာမှုရှိနေတယ်လို့ သိရတယ်။ ဒါကိုစုံစမ်းစစ်ဆေးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ဒေသခံတွေ အနေနဲ့လည်း ကျွန်တော်တို့ဆီမှာ လာတိုင်ဖို့လိုအပ်တယ်။ ဒီလိုနစ်နာမှုတွေကို ဖြေရှင်းပေးဖို့အတွက် ၀န်ကြီးချုပ်ရဲ့ နေအိမ်ခြံတံခါးမှာ စာတိုက်ပုံး ထားရှိပါတယ်” ဟု ဦးမောင်မောင်ဌေးက ပြောကြားသည်။ လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်း တိုင်းတန်းမှုများ၌ မြေယာပိုင်ဆိုင်မှု ပြဿနာနှင့် ကိုယ်ရေးကိုယ်တာ နစ်နာဆုံးရှုံးမှုများ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြည်နယ်အတွင်းရေးမှူးက “ရဲတပ်ဖွဲ့က တရားမ၀င် ဗီဒီယိုအခွေ ရောင်းချတာကို ဖမ်းဆီးတယ်။ ပြီးရင် မူပိုင်ခွင့်ယူထားတဲ့သူက တရားရုံးမှာ တိုင်ကြားတယ်။ တရားရုံးက မျှတမှုမရှိတဲ့ အမိန့်ချမှုတွေနဲ့ မူပိုင်ခွင့်ရရှိထားတဲ့သူက အခွေခိုးရောင်းတဲ့သူဆီကနေ မတရားလျော်ကြေးတောင်းမှုတွေကို ပြုလုပ်နေတယ်လို့ ကြားသိရနေရတယ်။ ဒီကြားသိတဲ့ ဖြစ်စဉ်တွေက ဥပဒေအကြောင်းအရာနဲ့ လွဲချော်နေမယ်ဆိုရင် တရားရုံးက အရေးယူသွားမယ်” ဟုလည်း ပြောကြားသည်။ “ဥပဒေမဲ့လုပ်နေတဲ့ သူတွေကိုလည်း ဖမ်းဆီးအရေးယူသွားမယ်။ ဘာမှသိကျွမ်း နားလည်မှုမရှိတဲ့ ဒေသခံပြည်သူတွေကို မတရားတာတွေ ပြုလုပ်နေရင်တော့ ကျွန်တော်တို့အနေနဲ့ရော ပြည်နယ်ဝန်ကြီးချုပ်ကလည်း ခွင့်လွှတ်သွားမှာ မဟုတ်ဘူး။ အခုဆိုရင် ကျွန်တော်တို့ဆီမှာ ပွဲတော်တွေကျင်းပတဲ့အခါ လောင်းကစားဝိုင်းတွေ ပါဝင်ခွင့်မပြုတော့ပါဘူး” ဟု ကယားပြည်နယ် အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးက ပြောကြားသည်။ Eleven Media Group
Posted on: Mon, 27 Jan 2014 04:00:27 +0000

Trending Topics



ight:30px;">
I have been so moody today, from the moment I woke up. I ate an
Maroc : Les ventes de voitures baisse de 6.48% à fin Mai La

Recently Viewed Topics




© 2015