ဒီ ချစ် - TopicsExpress



          

ဒီ ချစ် သူ အမှားများ ============== အမှား (၁) ၉၆၉ လှုပ်ရှားမှုဟာ မွတ်စလင် မုန်းတီးရေးနဲ့ စတင်တယ်။ ၇၈၆ ကို အတုယူတယ်ပဲ ထားဦး။ မုန်းတီးရေးနဲ့ လှုံ့ဆော်စရာ မလိုဘူး။ ၇၈၆ ဟာ ဗမာမုန်းတီးရေးနဲ့ စတင်လာတာ မဟုတ်။ အမှား (၂) ၉၆၉ လှုပ်ရှားမှု ဟာ ဗုဒ္ဓဟောကြားခြင်း မရှိတဲ့ အကျင့်ကို ဗုဒ္ဓအမည်ခံပြီး ဆောင်ရွက်တယ်။ မိမိလူမျိုး၊ မိမိဘာသာတူဆိုင် အားပေးရေးလှုံ့ဆော်မှုမှာ သာသနာကို ခုတုံးလုပ်ရန် မလိုပါဘူး။ အမှား (၃) ၉၆၉ လှုပ်ရှားမှုမှာ စည်းကမ်းမကျ၊ ဖွဲ့စည်းပုံမရှိ။ ဒီအထဲမှာ စိမ့်ဝင်လုပ်စားမယ့် စွမ်းအားရှင် အဖွဲ့ကို ကာကွယ်ခြင်းမရှိ။ မိတ္ထီလာလို့ အကြမ်းဖက်မှုမျိုးကို ကန့်ကွက်ရှုတ်ချခြင်း မရှိ။ တားမြစ်ခြင်း မရှိတဲ့ အပြင် ၉၆၉ လှုပ်ရှားသူတွေ ကိုယ်တိုင်က (ပါဝင်ခြင်း မရှိဟု ဆိုစေကာမူ) မုန်းတီးရေးလောင်စာ မီးထိုးနေပြန်တယ်။ အမှား (၄) ၉၆၉ လှုပ်ရှားသူတွေဟာ စည်းလုံးရေး တည်ဆောက်ရမယ့် အစား၊ ဖြိုခွဲရေး၊ သွေးခွဲရေးကို ဦးတည်ဆောင်ရွက်တယ်။ ဗုဒ္ဗဘာသာ လူများစု ထောက်ခံနေတဲ့ NLD ၊ ၈၈ ၊ လူမှုရေးအသင်းအဖွဲ့၊ တသီးပုဂ္ဂလ ကြော်ကြားသူတွေကို စည်းရုံးရမယ့် အစား မွတ်ဒေါင်း အမည်တပ်၊ ကုလား/ ကုလား မယား အမည်တပ်ပြီး ပုတ်ခတ်စော်ကားခြင်း၊ လုပ်ကြံလိမ်ညာသတင်း ဖြန့်ခြင်းတို့ကို တစိုက်မတ်မတ် စောင်ရွက်တယ်။ ဗုဒ္ဓဘာသာ အချင်းချင်း သင်းကွဲအောင်လုပ်ဆောင်မှုဟာ ဖြိုခွဲရေးသာဖြစ်တယ်။ အမျိုးသားရေးမဟုတ်ဘူး။ အမှား (၅) အကြမ်းဖက်ဝါဒကို ကြောက်လန့်အောင် ပြည်ပနိုင်ငံက ဓာတ်ပုံ၊ ဖြစ်ရပ်တွေကို နမူနာပြပြီး လှုံ့ဆော်နေပေမယ့် "အကြမ်းဖက်ဝါဒ" ကို တကယ်တမ်း ဆန့်ကျင်နေတာ မဟုတ်ပဲ၊ ကိုယ်တိုင် အကြမ်းဖက်လိုစိတ်တွေကို မွေးမြူမိကြတယ်။ " ဒေါသအဓိက "ဝါဒတခုကို ဆန့်ကျင်ရင်း နောက်ထပ် ဆင်တူ "ဒေါသအဓိက" ဝါဒတမျိုး တည်ဆောက်မိသွားတယ်။ အမှား (၆) မွတ်စလင်ဘာသာကို မုန်းတီးတာလား၊ အကြမ်းဖက်ဝါဒကို မုန်းတီးတာလား ကွဲပြားမှု မရှိဘူး။ ဦးဆောင်သူတွေ ကိုယ်တိုင်ကွဲပြားတဲ့ လမ်းညွန်ချက် မပေးနိုင်ဘူး။ ကိုယ်တိုင် ဝေဝါးနေကြပြီး ချစ်ကြည်ရေးလုပ်လိုက်၊ မုန်းတီးရေးတရား ဟောလိုက်ဖြစ်နေကြတယ်။ နောက်လိုက်တွေကို ပြတ်သားတဲ့ ဦးဆောင်မှု မပေးနိုင်ဘူး။ အမှား (၇) "ဒေါသအဓိက" အကြမ်းဖက်ဝါဒကို တန်ပြန်ဖို့ ဆန့်ကျင်ဘက် "မေတ္တာအဓိက" ဗုဒ္ဓဝါဒ ရှိပါလျက် "မေတ္တာ" ဝါဒကို (အပေါ်ယံ အမြင်ကောင်းရုံတောင် ) အသုံးချနိုင်ခြင်း မရှိပဲ ကမ္ဘာက ချီးမွမ်းရတဲ့ "မေတ္တာ" ဝါဒကိုပါ ဖျက်စီးမိနေကြတယ်။ အမှား (၈) မွတ်စလင်ဘာသာဝင်တွေကို ဒီမြေပေါ်က လူမျိုးတုံး ဖျောက်ဖျက်ဖို့၊ နှင်ထုတ်ဖို့ မဖြစ်နိုင်မှန်း သိလျက်နဲ့ စိတ်ကူးယဉ် ဦးတည်ချက် ထားမိတယ်။ မွတ်စလင်ဘာသာဝင်တွေကို "အကြမ်းဖက်ဝါဒ" လွမ်းမိုးချင်း မခံရအောင် မိမိတို့ ယဉ်ကျေးမှုထဲ သိမ်းသွင်းရမယ့် အစား အဲဒီဝါဒ ကျင့်သုံးချင်လာအောင် တဘက်ခြမ်းကို အတင်းတွန်းပို့နေကြတယ်။ အမှား (၉) ၉၆၉ လှုပ်ရှားမှုက အမျိုးစောင့်လှုပ်ရှားမှု အဖြစ် ကူးပြောင်းမှုမှာ "လူပြောင်း မူပြောင်းပြီး" လှုပ်ရှားခြင်း မရှိ။ ၉၆၉ လှုပ်ရှားမှုရဲ့ အမဲစက်၊ ပုံရိပ်တွေကို ဆက်လက်သယ်ဆောင်လာတယ်။ New Movement Emerging လုပ်ဆောင်နိုင်ခြင်းမရှိ။ "အမျိုးစောင့်"ဟာ ၉၆၉ အမွေဆက်ခံလာတယ်။ "အမျိုးစောင့်"ကို ပုံစံတမျိုးနဲ့ စိတ်ဝင်စားတဲ့ ဆရာတော်ကြီးတွေမှာ ၉၆၉ လှုပ်ရှားမှု ဂယက် အစွန်းပေခံရတယ်။ အမှား (၁၀) "အမျိုးစောင့်" ဟာ "၉၆၉" လိုပဲ အမျိုးသားစည်းလုံးရေးကို မတည်ဆောက်နိုင်ပဲ ပြိုကွဲရေး၊ တစင်ထောင်ရေးကိုသာ ဦးတည်လာတယ်။ "မဲမပေးဘူး" ခြိမ်းခြောက်မှုတွေနဲ့ နိုင်ငံရေးအင်အားစုတွေကိုပါ ထိုးနှက်လာတယ်။ ကြောင်းကျိုးပြကန့်ကွက်တဲ့ လူမှုအဖွဲ့ အစည်းတွေကိုပါ ကုလားမယား သမုတ်ပြီး စော်ကားလာတယ်။ အမှား (၁၁) "အမျိုးစောင့်"မှာလဲ မူဝါဒ (၂) ခု ဝိရောဓိ ဖြစ်နေတယ်။ အချင်းချင်းဆန့်ကျင်နေပြန်တယ်။ "အမျိုးကို စောင့်မှာလား" "သာသနာကို စောင့်မှာလား" ။ မွတ်စလင်ကို ဦးတည်ပြီး ကာကွယ်ဖို့ ကြိုးစားတဲ့ ဥပဒေဟာ ကျန်ဘာသာဝင်တွေကို ထိခိုက်မိသလို ဖြစ်နေတယ်။ ပြည်ထောင်စုမှာ အရေးကြီးဆုံးဖြစ်တဲ့ ဘာသာမတူ တိုင်းရင်းသား အချင်းချင်း သွေးနှောရေးကို ပိတ်ပင်လိုက်တယ်။ ဒါဟာ ရည်ရှည်မှာ ဘယ်လို ဆိုးကျိုးဖြစ်လာမယ်ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ချက်မရှိဘူး။ အမှား (၁၂) ၉၆၉ ရော အမျိုးစောင့်ရော ဗုဒ္ဓတရားကို လိုသလို ဖလှယ်ပြီး ဟောကြားနေမှုဟာ ဘာသာရေးက ပြဒါန်းလို့ ဆောင်ရွက်နေသလို ဖြစ်နေတယ်။ လောကီအရေးမှာ အမြဲတမ်းအမှန်တရား မရှိဘူး။ နိုင်ငံရေးဟာ အချိန်အခါလိုက်ပြီး ပြောင်းလဲတယ်။"အမြဲတမ်းအမှန်" သစ္စာတရားတွေကို "တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့" လောကီအရေးမှာ Adopt & Apply လုပ်နေတာ ဘာသာတရားရဲ့ မူလအဆုံးအမတွေကို ပုံပျက်စေတယ်။ လောကီအရေးကို လောကီ နိုင်ငံရေးသဘောတရားတွေနဲ့ပဲ ဟောပြောလှုံဆော်သင့်တယ်။ အမှား (၁၃) ဘုန်းကြီး လူမှုရေး၊ နိုင်ငံရေးပါဝင်မှု၊ ဆန္ဒပြမှုတွေကို ဗုဒ္ဓဘုရားကန့်ကွက်ခြင်းမရှိပါ။ သို့သော် နိုင်ငံတကာ အမြင်က ဗုဒ္ဓဘာသာ နံမည်ညိုးနွမ်းနေချိန်မှာ ရှေ့တန်းမထွက်ပဲ၊ နောက်ကွယ်က ဆုံးမဩဝါဒပေးခြင်းမျိုးသာ လုပ်သင့်တယ်။အထူးသဖြင့် ရန်သူလား၊ မိတ်ဆွေလား လူလုံးမကွဲတဲ့၊ အမျိုးသားစည်းလုံးရေးထက် ပြိုကွဲရေး နိမိတ်ဆောင်နေတဲ့ ဒီလှုပ်ရှားမှုတွေမှာ ခေါင်းမခံသင့်ဘူး။သာသနာကို အထင်အမြင်လွဲနိုင်တယ်။ ----- "တိုင်းရင်းသား စည်းလုံးရေး၊ တိုင်းသူပြည်သား စည်းလုံးရေး" ဒီနှစ်ခုကို မတည်ဆောက်နိုင်သ၍ ဘယ်အမျိုးသားရေးလုပ်လုပ်၊ ဘယ်ဥပဒေထုတ်ထုတ် ဒီနိုင်ငံဟာ ဒီမိုကရေစီ ဆိုသော်ငြားလည်း ဟိုတရုတ် မျက်နှာချိုသွေးရ၊ ဒီကုလားမျက်နှာချိုသွေးရ ဖာသည်လို နိုင်ငံ ဖြစ်နေမှာပဲ" - လို့ ဦးအောင်ဆန်းသာရှိရင် ပြောမယ်ထင်တယ်။ -----
Posted on: Wed, 24 Jul 2013 06:27:32 +0000

Trending Topics



Recently Viewed Topics




© 2015