ဒီလောက် ဒဏ်ရာတွေနဲ့ - TopicsExpress



          

ဒီလောက် ဒဏ်ရာတွေနဲ့ သေနေတာတောင် လူသတ်မှုမဟုတ်ဘဲ သေမှုသေခင်း တဲ့လား.. ရဲကိုဘယ်လောက်တောင်ထိုးကျွေးထားသလဲမှ မသိတာ စိတ်ပျက်ဖို့ ကောင်းတဲ့တရားဥပဒေစိုးမိုးရေးပဲ..... ပဟေဠိဆန်ဆန် သေဆုံးခဲ့သည့် ကျူရှင်ဆရာမအမှု ထပ်မံရုံးချိန်း ရန်ကုန် ၊ ဇူလိုင် ၁၄ မှုခင်းတပ်ဖွဲ့မှ လာရောက်စုံစမ်း အမှုဖွင့်ပေးခဲ့ရသည့် ယောက္ခမနေအိမ် တွင် ပဟေဠိဆန်ဆန် သေဆုံးခဲ့သော ကျူရှင်ဆရာမ၏ အမှုအတွက် နောက်ဆုံးစီရင်ချက် ချမည့်ရက်ကို ဇူလိုင်လ ၁၂ ရက် အစား ၁၇ ရက်သို့ ပြောင်းလဲချိန်းဆိုခဲ့ကြောင်း သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးစိန်ဝင်းက ပြောကြားသည်။ အမိန့်ပြင်ဆင်ချက် မပြီးသေးသည့်အတွက် ရုံးချိန်းကို ပြောင်းလဲချိန်းခြင်း ဖြစ်သည်ဟု အရှေ့ပိုင်းခရိုင် တရားသူကြီးက ပြောကြားကြောင်း တရားလိုရှေ့နေက ဆိုသည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် အာသာဝတီလမ်းမကြီး၊ အမှတ် (၂) ရပ်ကွက်၊ အိမ်အမှတ် (၅၁၇) တွင်နေထိုင်သည့် ယောက္ခမဖြစ်သူ ကျူရှင်ဆရာ၏ အိမ်တွင် သေဆုံးခဲ့သော မထက်ထက်အေးကျော်၏ အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးကြားနားလျက်ရှိပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင် နောက်ဆုံ စီရင်ချက် ချမည်ဟု တရားလိုမိသားစု၏ ပြောကြားချက်အရ သိရသည်။ “အန်တီက ကွမ်းယာရောင်းတာပါ။ ဒီလိုမကြာခဏ ရုံးချိန်းတွေ ချိန်းနေတော့ အန်တီအတွက် ခရီးစရိတ်တွေ အခက်အခဲ ရှိပါတယ်။ ဒီနေ့ကို အများကြီးမျှော်လင့်ထားတာ လူတွေလည်း အများကြီး လိုက်လာကြတယ်။ အချိန်ကုန်လူပန်း ဖြစ်သွားတယ်” ဟု သေဆုံးသူ၏ မိခင် ဒေါ်အေးမြင့်က ပြောကြားသည်။ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်၊ အမှတ်(၅၁၇)၊ အာသာဝတီ လမ်းမကြီးရှိ ၎င်းယောက္ခမတော်စပ်သူ၏အိမ်တွင် မထက်ထက်အေးကျော်သည် ထိုးသွင်းဒဏ်ရာ တစ်ခုအပါအဝင် ဖူးရောင်ဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာ စုစုပေါင်း ၁၈ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမှုဖြစ်ပွားစတွင် မြောက်ဥက္ကလာ ရဲစခန်းက သေမှုသေခင်းဖြင့်သာ အမှုဖွင့် စုံစမ်းပေးခဲ့ခြင်းအပေါ် ရပ်ကွက်အတွင်းမှ လူများက မကျေနပ်ကြသဖြင့် လူပေါင်း ၁၈၂ ဦး လက်မှတ်ထိုး လက်ဗွေနှိပ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးထံ စာတင်တိုင်ကြားခဲ့ပြီး နောက်ပိုင်း မှုခင်းတပ်ဖွဲ့က လာရောက်စုံစမ်း အမှုဖွင့်ပေးခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။ တစ်နှစ်နှင့်ခုနှစ်လ ကြာမြင့်သည့်တိုင်အောင် တရားခံအား မသိရှိသေးသောအမှုကို ရပ်ကွက်အတွင်း နေထိုင်သူများက အထူးစိတ်ပါဝင်စားလျက်ရှိပြီး အမိန့်ချမည်ဆိုသော ဇူလိုင် ၁၂ ရက်နေ့က တရားရုံးသို့ စိတ်ဝင်စားသူ ၄၀ နီးပါး လာရောက် ကြားနာခဲ့ကြသည်။ “အန်တီက နှစ်ယောက်လုံးနဲ့ မရင်းနှီးပါဘူး။ ပြောင်းလာတာလည်း မကြာသေးဘူး။ စိတ်ဝင်စားလို့ လိုက်ပါလာတာပါ။အမှုမှန်ကို တရားနည်းလမ်းကျကျ ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု NLD ပါတီဝင်တစ်ဦးဖြစ်သူ ဒေါ်တင်တင်နွယ်က ပြောကြားခဲ့သည်။ ယခုအခါ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ၊ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးရဲမာန်ပြည့်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၃၀၂/၂ ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ ယင်းနေ့က တရားစွဲဆိုခံရသူဘက်မှ လိုက်ပါလာသူများကိုမူ မေးမြန်းသော် လည်း ဖြေဆိုခြင်း မရှိပေ။ ၽRef. The Voice Weekly · 162,824 like this 5 hours ago near Yangon ·
Posted on: Mon, 15 Jul 2013 13:00:04 +0000

Trending Topics



Recently Viewed Topics




© 2015