ဒီတခါဖော်ပြချင်တဲ့ - TopicsExpress



          

ဒီတခါဖော်ပြချင်တဲ့ အကြောင်းအရာကတော့ အမျိုးသားများ အကြိုက်ဖြစ်နေမလားတော့ မသိဘူး။ ဒါပေမယ့် မြင်တာကိုမြင်တဲ့အတိုင်း၊ ခံစားမိတာကို ခံစားမိတဲ့အတိုင်းချရေးလိုက်တာပါ။ တခြားလူတွေကို စော်ကားတဲ့ အရေးအသား၊ ရှုတ်ချတဲ့ အရေးအသားမျိုးဖြစ်နေရင် ပွင့်ပွင့်လင်းလင်းအကြံပေးဝေဖန်နိုင်ပါတယ်။ သင်္ဘောသားမိန်းမ အချို့ အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုတဲ့ အကြောင်းတွေ ကျွန်မအိမ်ထောင်ကျပြီးခါစ ကတည်းက ကြားဖူးခဲ့ပါတယ်။ သင်္ဘောသားမိန်းမ မှ မဟုတ်ပါဘူး ဖောက်ပြန်မယ့်သူကတော့ ဘယ်လိုဖြစ်ဖြစ်ဖောက်ပြန်မှာဘဲ။ အဲဒီလို အမျိုးသမီးမျိုး သင်္ဘောသားမိန်းမ ဖြစ်သွားရင် ဖောက်ပြန်နိုင်ဖို့ ရာခိုင်နှုန်း ပိုတိုးသွားနိုင်တာပေါ့။ အခု MSU မှာ ပါဝင်တဲ့ member ထဲမှာ သင်္ဘောသားကို ချစ်မိတဲ့ ညီမလေးများပါဝင်နေမယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့ အတွက် ရည်ရွယ်ပြီး ဒီ post ကို တင်ပေးလိုက်တာပါ။ အမတွေဆိုရင် ဆရာလုပ်တယ်ထင်မှာစိုးလို့ပါ။ အိမ်ထောင်ရှင် ယောင်္ကျားတစ်ယောက်ဖြစ်လာပြီဆိုရင် အိမ်ထောင်တစ်ခုကို တင့်တယ်လှပအောင်ထားနိုင်ဖို့ အင်အားရှိရမယ်၊ ကိုယ့်ဇနီးကိုယ့်သားသမီးကိုချစ်ရမယ်။ မဖောက်ပြန်ရဘူး။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ခင်ပွန်း၊ ကိုယ့်သားသမီး တွေရဲ့ လိုအပ်ချက် မှန်သမျှကို စိတ်ရော လူရော နှစ်မြှုပ်ပြီး ဖြည့်ဆည်းပေးနိုင်ရမယ်။ မဖောက်ပြန်ရဘူး။ ဒါဆိုလုံလောက်နေပါပြီ။ ယောင်္ကျားနဲ့တန်းတူ မရှာနိုင်လို့လည်း အားမငယ်ပါနဲ့။ အမတို့ က မြန်မာပြည်မှာနေ နေကြတာဆိုတော့ ကိုယ့်ခင်ပွန်းကို အားကိုးပြီး နေလာတဲ့ အမျိုးသမီးတွေ အများကြီးပါဘဲ။ ယောင်္ကျားသင်္ဘောတက်သွားတဲ့ အချိန် ကလေးတွေကျောင်းသွားပြီဆိုတာနဲ့ အလုပ်မလုပ်တဲ့ အမျိုးသမီး များအတွက်ဆိုရင် ကိုယ်ပိုင်အချိန်ပေါ့။ တကယ်တမ်းကျတော့ လူဆိုတာ ကိုယ့်စိတ်ကို အအားထားရင် မကောင်းဘူး။ အလုပ်ကို ကြံဖန်ရှာလုပ်နေရမယ်။ ကိုယ့်စိတ်ကိုလွတ်ပြီး နေရင်အမှားတွေ အများကြီးနဲ့ ကြုံနိုင်ပါတယ်။ ကိုယ်က အနေအထိုင် အသွားအလာက အစ တခြားသူတွေထက်ပိုဆင်ခြင်ရတယ်။ ယောင်္ကျားလေးမိတ်ဆွေ နဲ့ နှစ်ယောက်တည်း မသွားမိဖို့၊ သူငယ်ချင်းတွေနဲ့ ခဏခဏ အပြင်ထွက်တာမျိုး တွေ ရှောင်ရမယ်။ လူတွေက သင်္ဘောသားမိန်းမများဆို မျက်စိဒေါက်ထောက် ကြည့်နေကြတာ တခုခုလေး မသင်္ကာစရာတွေလို့ ကတော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မညှာမတာပြောချလိုက်တာဘဲ။ ဒီအကြောင်းများ ကိုယ့်ယောင်္ကျားဆီ ရောက်သွားလို့ကတော့ သွားပြီ တစ်သက်လုံး သူရဲ့ သံသယမျက်လုံး အောက်မှာ နေ ရတော့မှာ။ ဒါကလည်း တကယ်လုပ်သွားတဲ့ အမျိုးသမီးတွေ ရှိနေတာဆိုတော့လည်း သူတို့ကို အပြစ်ပြောလို့ မရဘူးပေါ့။ ဒါကြောင့် ဒီလိုသံသယအဖြစ်ခံရတဲ့ ဘ၀မျိုး၊ ကိုယ့်မာနကိုထိခိုက်နိုင်တဲ့ စကားမျိုး အပြောခံရတဲ့ ဘ၀မရောက်အောင် ကိုယ့်ကိုကိုယ် ဆင်ခြင်နေထိုင်သင့်တယ်။ တချို့ကတမျိုး ပိုက်ဆံချွေတာတာဆိုပြီး ယောင်္ကျားမရှိရင် အိမ်မှာဖြစ်သလိုချက်စားတတ်ကြတယ်။ ဖြစ်သလိုနေတတ်ကြတယ်။ လူဆိုတဲ့ အမျိုးက အခက်သား။ မလုပ်တာများတော့ မလုပ်တတ်တော့ဘူး။ မလုပ်ချင်တော့ဘူး ပျင်းလာတယ်။ ယောင်္ကျားပြန်ရောက်တော့လဲ ချက်ရမှာပျင်းတာကတမျိုး၊ အကျင့်မရှိတော့ ပင်ပန်းတာကတမျိုး နဲ့ မလုပ်ချင်ကြတော့ဘူး။ ဒါက ထမင်းဟင်းချက်တဲ့ တမျိုးထဲကို ဥပမာထားပြီး ပြောတာပါ။ တခြား တခြား အကြောင်းတွေ လည်း ဒီလိုဘဲဆိုတော့ သူပြန်လာရင် ကိုယ့်အတွက် တာဝန်ကြီးတခုထမ်းဆောင်နေရသလို ဖြစ်နေတတ်တယ်လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အိမ်ထောင်ရေး ဘယ်လိုလုပ် သာယာနိုင်မလဲ။ ဒါနဲ့ဘဲ ယောင်္ကျားကလည်း အိမ်သိပ်မကပ်တော့တဲ့ဘ၀ ရောက်ရော။ သင်္ဘောထွက် လို့ ဝေးတကတမျိုး၊ ပြန်လာတော့ လည်း ဒီလူနှစ်ယောက်အဆင်မပြေတာကတမျိုးနဲ့ ပိုပြီး ဝေးတဲ့ ဘ၀တွေဖြစ်သွားကြတာပေါ့။ နှစ်ယောက်စလုံး ဒီဘ၀ကြီးကို မပျော်နိုင်ကြတော့ဘူးပေါ့။ အဲဒီလို အဖြစ်မျိုးတွေကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက် တွေကတော့ ကိုယ့်ဘာသာကိုယ် ဆက်တွေးကြည့် ကြပါတော့။ ဒါကတော့ အမျိုးသမီးတွေရဲ့ အပြစ်ကြောင့်လို့ အမယူဆလို့ ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်မိအောင် ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။ သင်္ဘောသားတွေ အားလုံးကို မေးကြည့်ပါ။ သင်္ဘောလိုက်ရတာ ပျော်လားလို့။ အဲဒီလိုမေးရင် ရူးနေလားလို့ပြောလိမ့်မယ်။ သင်္ဘောလိုက်ရတာ ဘယ်သူမှ မပျော်နေပါဘူး။ သင်္ဘောတက်ခါနီးရက်တွေဆိုရင် မျက်နှာကပျက်နေပြီ။ မသွားလို့ကလည်းမဖြစ်ဆိုတော့ လည်း သွားကြရပြန်ရော။ ကုန်းပေါ်မှာလို ဒီအလုပ်အဆင်မပြေ ထွက်တယ်ကွာဆိုပြီးလည်း လုပ်လို့မရတော့ ဘယ်လောက်စိတ်ညစ်စရာကောင်းတဲ့ သင်္ဘောဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံး contract ပြည့်အောင်တော့ နေကြရတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီလို ကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲမှာ ကြိုးစားနေတဲ့ သူတို့ရဲ့ ပင်ပန်းမှု၊ အနစ်နာခံမှု တွေကို appreciate လုပ်သင့်ပါတယ်။ ဒါကြောင့် သူမရှိတဲ့အချိန် ကလေးတဖက်၊ အလုပ်တဖက်နဲ့ လူမှုရေးမှန်သမျှ မလစ်ဟင်းအောင် တစ်ယောက်တည်း ထောင့်စေ့အောင် သွားလာလှုပ်ရှားနေရတော့ တခါတလေ အရမ်းပင်ပန်းတယ်လို့ ကိုယ့်ကိုကိုယ်ထင်တယ်။ ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်တော့ ကိုယ်ပင်ပန်းတယ်ဆိုတာက တခြားသူတွေလို ကိုယ့်ယောင်္ကျား မိန်းမရှုပ်လို့ ဗေဒင်တကာ လိုက်မေးနေရတဲ့ဘ၀၊ အလုပ်ထဲက မိန်းခလေးတွေနဲ့ စိတ်ပူနေရမယ့် ဘ၀ ( မှတ်ချက် သင်္ဘောသမီး များ သင်္ဘောပေါ်မှာ အလုပ်တွေ စလုပ်နေပြီ ဆိုရင်တော့ တမျိုးပေါ့) ၊ ယောင်္ကျားက လုံလုံလောက်လောက် မရှာပေးနိုင်လို့ ငွေရေးကြေးရေးအတွက် စိတ်ပူနေရတဲ့ဘ၀ …. တွေထက်စာရင် ကိုယ်က အများကြီး သာပါတယ်။ ကိုယ့်ယောင်္ကျားရဲ့ ကျေးဇူးတွေကြောင့် မပူမပင် ငါဒီလိုလေးနေနိုင်စားနိုင်တာ။ သင်္ဘောသားမိန်းမ တော်တော်များများက ကိုယ့်ကားကိုယ်မောင်းပြီး သွားလာနေကြတာများပါတယ်။ အဲဒီလို Aircon၊ လေးနဲ့ သီချင်းလေးဖွင့်ပြီး ကားလေးမောင်းပြီး ကျော့ကျော့လေးနေနိုင်တာ။ သူငယ်ချင်းတွေထဲ မှာဆိုရင်လည်း ကိုယ့်ဘ၀ကို အားကျနေတဲ့သူတွေ အများကြီးဘဲ။ ဒီလိုဘ၀မျိုး ရောက်အောင်ဖန်တီးပေးတာ သူ့ရဲ့ ကျေးဇူးတွေပါဘဲ။ အဲဒီလို ခံစားမိပြီး ကျေးဇူးတင်သင့်တဲ့အရာတွေ အများကြီးပါ။ အမပြောချင်တာက အဲဒီလိုလေး တွေးကြည့်ပါ။ ခံစားမိလာရင်လည်း သူ့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်ပါ။ ဖြစ်နေတဲ့ ခံစားချက်အတိုင်း သူ့ကိုပြောပြပါ။ တကယ်ချစ်တဲ့သူတွေ အချင်းချင်းဆိုရင် တကယ်ခံစားပြီးပြောတာလား။ အပိုတွေ ပြောနေတာလားဆိုတာ အသိသာကြီးပါ။ သင်္ဘောသားလင်မယား ဆို တာ တကယ်အတူတူနေရတာက ရှိတဲ့ အိမ်ထောင်သက်ရဲ့ တ၀က်ဘဲရှိပါတယ် ။ ဒါကြောင့် အတူရှိနေတဲ့အချိန်လေးမှာ စိတ်ချမ်းချမ်းသာသာနဲ့ ရန်မဖြစ်ဘဲ နေလိုက်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ ဒါကြောင့် အတူတူရှိနေတဲ့ အချိန်လေးမှာ ထမင်းလေးကို ကိုယ်တိုင်ချက်ကျွေးတာကအစ သူ့လိုအပ်ချက်မှန်သမျှကို အသေးစိတ် ဂရုစိုက်ပေးလိုက်ပါ။ ဘယ်အရာမှ မလုပ်နိုင်တာမရှိပါဘူး ချစ်တဲ့ စိတ်တခုတည်း နဲ့ အားလုံးဖြစ်နိုင်ပါတယ်။ ညီမလေးတို့လည်း သင်္ဘောသား ရဲ့ ပါရမီဖြည့်ဖက်ကောင်းများဖြစ်နိုင်ကြပါစေ။ အမလည်း ဖြစ်နိုင်အောင် ကြိုးစားနေဆဲပါဘဲ။ 12:00 PM (SUN) ... 01 Sept 2013 Credit : Original Writer
Posted on: Wed, 04 Sep 2013 02:49:28 +0000

Trending Topics



Recently Viewed Topics




© 2015