ဒီလိုစာမျိုးကို - TopicsExpress



          

ဒီလိုစာမျိုးကို ဘယ်တုန်းကမှ ရေးဖို့စိတ်ကူးထဲ မပေါ်ခဲ့ပါ ။ လူမုန်းများနိုင် ၊ ရှိပြီးသား အခင်မင်တွေလည်း ပျက်နိုင်တာတွေကို သဘောပေါက်ပါတယ် ။ အားလည်းနာပါတယ် ။ သို့သော် အသံမထွက်နိုင်သူတွေ ၊ ထွက်လို့ မရသူတွေ ၊ ဘယ်လိုပြောရမှန်း မသိသူတွေ ၊ လောကငရဲ ခံနေရသူတွေကို ကျနော် လစ်လျူရှုဖို့ မသင့်ပါဘူး ။ သူတို့တတွေဟာ အားနာစရာတွေ မဟုတ်ပါဘူး ၊ စာနာ ကိုယ်ချင်းစာစရာ လူတွေပါ ။ စာနာစိတ် မထားနိုင်သူတွေကိုကော ၊ ကျနော် ဘယ်လိုပြောမလဲလို့ စိတ်ဝင်စားသူတွေ ရှိကောင်းရှိနိုင်တယ် ။ အဖြေက - စိတ်ထဲ ဘယ်လိုမှ မထားဖြစ်အောင် နေပါတယ် ။ ဒါဟာ လောကကြီးရဲ့ လက်တွေ့ အစိတ်ပိုင်းတစ်ရပ်ပါပဲ ။ ကိုယ့်ကိုယ်ကို မပြင်နိုင်ပဲ ၊ သူတစ်ပါးကိုပြင်ဖို့ မလွယ်မှန်းသိပါတယ် ။ ပြင်ဖို့မလွယ်သော်ငြား သတင်းစကားကိုတော့ ပေါက်မြောက်ရောက်ရှိအောင် ပြောဖို့ရာက ကိုယ့်ဝန်တာပါ ... ။ ကျေးဇူးတင်ပါတယ် ။ အမှန်ကတော့ ကျေးဇူးမတင်ပါဘူး ။ စကားအဖြစ်ပြောတာပါ ။ လာဖတ်ဖြစ်အောင် လာဖတ်တဲ့အတွက်တော့ တကယ် ဝမ်းသာပါတယ် ။
Posted on: Wed, 06 Nov 2013 13:10:59 +0000

Trending Topics



Recently Viewed Topics




© 2015