ဒုက္ခမျိုးစုံ ။ - TopicsExpress



          

ဒုက္ခမျိုးစုံ ။ အဖုံဖုံကို မချိသော်လည်း ။ ခံကာနေ၍ ဝမ်း၌လွယ်ကာ ။ မွေးရပြန်သည် ။ မွေးပြီးအမှန် ။ လသားရွယ်နေ ကလေးငယ်အား ။ ပြုကာဂရု ကြည့်ကာရှု့ ၍ အစားရှောင်ကာ ။ အအိပ်ပျက်လည်း ရင်မှာအမြဲ ။ ပွေ့ဝယ်ထားကာပြုရပြန်သည် ။ ထိုကကလေး ရွယ် ။ ကြီးပြန်သော်လည်း ဘဝရှေ့ ရေး ။ စီးကာပေး၍ ဆုံးမပဲ့ပြင် ။ လုပ်၇ပြန်သည် ။ အတောင်အလက်ဆုံကာ ။ ပျံ့ ကာသော်လည်း စိတ်ဝယ်ခံစား ။ ပြောမထွက်ပဲ ကျန်တကိုယ်တီး ။ အလွမ်းမျက်ရည်ကြရပြန်သည်။ ထိုထိုကျေးဇူး ။ မြင့်မိုရ်ဦးနှင့် မကကြူးသော ။ မွေးမိခင်အား ကျေး ဇူး ဂုဏ် ရှိန် ကြီး ပါ လေ ၏ ဆပ်ရန်အောင်မေ့ ။ သတိချပ်ကာ ရင်ဝယ်ပိုက်ထွေး ။ မိရင်ခွင်အား လွမ်းကာရစ်နေ ။ သားမျက်ရည်……………….. Comments Leave a Comment Categories ကဗျာ ကြယ်စင်တမ်းချင်း 1 Sep ဝေးမနေချင်ပေမဲ့လည်း ခွဲနေရတယ်… လွမ်းမနေချင်ပေမဲ့ လည်း ဆွေးနေရတယ်…… မေ့ထားခဲ့ချင်ပေမဲ့လည်း သတိရနေဆဲပဲ….. သြော်…..ကံကြမ္မာ ဖန်လာတော့လည်း ဇတ်ဆရာ အလိုကျ မလွှဲသာ၍ ငါ “က” ရပေဦးမည်……။ ပျော်နေချိန် အနားမရှိစေချင် ရှောင်ဖယ်အဝေးမှာ နေပါ့မယ်……. ၀မ်းနည်းချိန်အဖော်ပြုလို့  မင်းရဲ့ဘေးနား နေချင်တယ်…။ ပေးဆပ်ခြင်းတွေ များလာတဲ့အခါ တစ်ခုလောက်တော့ ပြန်မျှော်လင့်မိတာ ငါ …….မှားသတဲ့လား ကွာ…………….။ အမည်မသိ ခေတ်စာဆို (သူငယ်ချင်းစပ်ပေးတဲ့ ကဗျာလေးပါ. . .အိပ်ချင်မူးတူးနဲ့ စပ်တာလို့ပြောတာပါပဲ။) :P Comments 2 Comments Categories ကဗျာ ရေတွင်းပျက် 30 Aug စုတ်ပြတ်နေတဲ့ နေ့ အဟောင်းတွေထဲ ဘာမှပြန်ရှာမနေနဲ့  ကျေနပ်စရာအငွေ့ သက်တောင်ရှိခဲ့တာမဟုတ်ဘူး။ အစ ထဲကပျော့ညံ့ညံ့ ငါ့နှလုံးသား ပစ်ထားလိုက် ကြေကွဲတာဘာဆန်းလဲ။ ဒါဏ်ရာနဲ့ ပြန်လာတဲ့ငါ ငါ့ကိုယ်ငါလဲခွင့်မလွှတ်ဘူး။ အမြင့်ဆုံးနေရာကိုတက် အဝေးကြီးကိုကြည့်ပြီး အကျယ်ကြီးအော်ပစ်လိုက်ချင်တယ် သေချင်စော်နံတယ်……………………….။ တောသား (သူငယ်ချင်း တောသား ရဲ့ ရေတွင်းပျက် ကဗျာလေးပေါ့) Comments 4 Comments Categories ကဗျာ ရင်ထဲက ချစ်နေမယ် 30 Aug ဆုံစည်းချိန်တခဏဖြစ်လဲ ချစ်ဖို့ ကောင်းလို့ …ချစ်တယ်။ သာမန်အပြုံးလေး တစ်ခုဖြစ်လည်း အပြစ်ကင်းလို့ ….ချစ်တယ်။ ရန်ရှာတဲ့စကားဆိုလဲ ရန်လိုခြင်းကင်းလို့ ….ချစ်တယ်။ ညည်းညူတဲ့စကားဆိုလဲ ဆန္ဒတွေဖြည့်ဆည်းလို့ ……ချစ်တယ်။ မာယာတွေကင်းပေမဲ့ သူမြင်ရန်လဲ မဖြစ်သမို့  ဟန်ဆောင်ခြင်းတံတိုင်းကာလို့  ရင်ထဲကပဲ..ချစ်တယ်။ တောသား (သူငယ်ချင်း တောသားရဲ့ ကဗျာလေးပါ) Comments 2 Comments Categories ကဗျာ အမှတ်တရလေးပေါ့ 28 Aug ငါ့အတွက်တော့ တော်တော်လေး အမှတ်ရစရာကောင်းတဲ့ နေ့တစ်နေ့။ ဒီနေရာလေးကို ဘယ်တော့မှပြန်သွားဖြစ်တော့မယ်မထင်ဘူး။ တကယ်လို့သွားဖြစ်ခဲ့ရင်တောင် ဘယ်အချိန်မှ ပြန်သွားဖြစ်မလဲ မသိတော့ဘူး။သေချာတာတော့ မိဘသဘောမတူတဲ့နေရာကို သဘောမတူပဲ သွားခဲ့တာ. . . နောက်ဆုံးရလိုက်တာက. . . အခက်အခဲတွေပဲ။ မှတ်မှတ်ရရ အဲဒီနေ့က ကင်မရာလေးပျက်သွားခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၀မ်းနည်းစရာသိပ်ကောင်းခဲ့တယ်။မှတ်မှတ်ရရ အဲဒီနေ့က ၂နာရီခရီးတစ်ခုဟာ ၅ နာရီခရီးဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က အဖေ စိတ်ပူစွာစောင့်နေခဲ့တယ်။ Comments 6 Comments Categories စပ်မိစပ်ရာ မိဖုရားကို ငါမနှမြော ၊ သင်းကိုသာ ငါနှမြောသည် (ရာဇာဓိရာဇ်) 26 Aug သူ့အမည်ရင်းက မတ်သံလုံပါ။ တိုက်ကုလားမြို့ကို စားရပြီး ဘုရင်ပေးတဲ့ဘွဲ့အမည်က လဂွန်းအိမ်။ (လွန်အိမ်= သိကြားမင်းကဲ့သို့ စွမ်းသူ) ဖြစ်ပါတယ်။ သူ့ရှင် ရာဇာဓိရာဇ် ထံပါး အမှုထမ်းကြတဲ့ သူရဲကောင်းတွေထဲမှာ ထင်ရှားတဲ့သူပါ။ သံလှစ်သမီး မေနှင်းကေသရာ နဲ့ အကြောင်းပါ ၊ ခေါင်ငါးဆက်စံအိမ်ကြီးကို ပိုင်ဆိုင်ရပြီးနောက်မှာ လဂွန်းအိမ်ရဲ့ ဂုဏ်သတင်းဟာ ပိုလို့ ကြီးကျယ်လာခဲ့ပါတယ်။ သူ့ရှင်ကလည်း အများကြီးမြှောက်စားခဲ့ပါတယ်။ သူ့ဘုရင်နဲ့ သူ့သူရဲကောင်းတို့ စစ်ပွဲကာလတစ်ခုမှာ အချစ်စမ်းအဖြစ်သည်းလိုက်ကြပုံတစ်ခုကတော့ မထိတ်သာ မလန့်သာလို့ပဲဆိုရပါတော့မယ်။ဖြစ်ပုံက သက္ကရာဇ် ၇၅၀ မှာမြောင်းမြစား လောက်ဖျားနဲ့ ဒလစားမညီဂံတို့ ပူးပေါင်းပြီး ရာဇာဓိရာဇ်ကို ပုန်စားဖို့ ကြံကြပါတယ်။ ဒလစားမညီဂံဂေါင်ကို သူ့ရှင်ချေမှုန်းနိုင်ခဲ့ပေမဲ့ လောက်ဖျားက အလုံးအရင်းကောင်းကောင်းနဲ့ ဆက်အန်တုနေပါရော။ ဒါနဲ့ပဲ မြောင်းမြကို တိုက်ဖို့ မလွယ်သေးဘူးဆိုပြီး ပုသိမ်ကို ကြိုတိုက်ဖို့ ချီပါတယ်။ ပုသိမ်က မြောင်းမြစားကို စစ်ကူပေးတာပါ။ ပွဲကြမ်းပါတယ်။ သူ့ရှင်ဘက်က အမတ်ရာဇမနူ ဆင်ထက်မှာပဲ သေနတ်မှန်ကျဆုံးတဲ့ အထိပါပဲ။ ဒါကြောင့် တပ်ရုပ်ပြီး မြောင်းမြကို ချီပြန်ပါတယ်။ ပုသိမ်နဲ့ မြောင်းမြကို နှစ်ဖတ်ညှပ်တိုက်ကြဖို့ တပ်ချပါတယ်။ သူ့ရှင်က လက်ရုံးသူရဲကောင်း လဂွန်းအိမ်ကို ဒေါင်းပေါင်လုလင်ကနေ ရေကြောင်းတိုက်ပွဲနွှဲဖို့ အမိန့်ချပါတယ်။ အင်မတန် ခက်ခဲကြမ်းတမ်းမယ့် တိုက်ပွဲပါပဲ။ စစ်ထွက်ဖို့ အမိန့်နဲ့အတူ လဂွန်းအိမ် စိတ်ဓါတ်ပိုတက်ကြွ၊ အမှုတော် ရွပ်ရွပ်ချွံချွံ ပိုထမ်းရွက်အောင် သူ့ရှင်က အစီအစဉ် တစ်ခုလုပ်ပါတယ်။ လုပ်ပုံက ကိုယ်တိုင် သုံးဆောင်တဲ့ ရွှေကွမ်းအစ်မှာ ကွမ်းထည့်ပြီး မိဖုရားမွေ့သင်ခေါ် လသူဒ္ဓမာယာကို လဂွန်းအိမ်ထံ ပို့လွှတ်ဆက်သစေတာပါ။ ကြီးစွာသော ဂုဏ်ပြုခြင်းနဲ့ စိတ်ဓါတ်မြှင့်တင်ရေးပါပဲ။ သက်ဦးဆံပိုင်စနစ်အရ သူရဲကောင်းဆိုတာလည်း ဘယ်လောက်ပင် ကြီးကျယ်စေကာမူ ဘုရင့်ရဲ့ ကျွန်ပါ။ ကျွန်တစ်ယောက်ထံ မိဖုရားကို ဘုရင်သုံးတဲ့ ရွှေကွမ်းအစ်နဲ့ စေလွှတ်တယ်ဆိုတာ နည်းနည်းနောနော ချီးမြှောက်မှုမှ မဟုတ်ဘဲကလား။ လဂွန်းအိမ်ဟာ မိဖုရားထံက ကွမ်းကိုစား၊ တပ်စခန်းပြန်ရောက်တဲ့အခါ စဉ်းစားပါတော့တယ်။ ပုသိမ်တပ်မှာ လှေတက်အင်အားများလှတယ်။ တို့မှာ နည်းလွန်းတယ်။ သူ့ရှင်က ငါ့ကို အစွမ်းကုန် ချီးမြှောက်မြှင့်တင်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ငါစမ်းဦးမယ်။ တကယ်ချစ်တော်မူလို့ကတော ငါ့အသက်ကို စွန့်ပြီး အမှုထမ်းမယ်။ ဒီလိုတွေးပြီး လဂွန်းအိမ်ဟာ တပည့်တစ်ယောက်ကို ငါ့ကိုမေးရင် ငါ နေမကောင်းဖြစ်နေတယ်လို့ ပြော လို့မှာပြီး စောင်ခေါင်းမြီးခြုံအိပ်နေပါသတဲ့။ မိုးသောက်လို့ စစ်ထွက်ရတော့မယ်အချိန်မှာ အမတ်ဒိန်နဲ့ ဗိုလ်မင်းကြီး သမိန်ဗြတ်ဇတို့ တပ်လှည့်စစ်ဆေးကြတော့ တပ်ဦးမှာ လဂွန်းအိမ် ကိုမတွေ့။ ရေတက်ချိန် ၊ စစ်ထွက်ရတော့မယ့်အချိန် ၊ လဂွန်းအိမ် ဘယ်မှာရောက်နေလဲပေါ့။ တပည့်က တပ်မင်း နေမကောင်းလို့ အိပ်နေပါတယ်ဆိုတော့ လဂွန်းအိမ်ရဲ့ လှေထက် ၀င်ကြည့်ကြပါတယ်။ နဖူးစမ်း လက်စမ်းကြည့်တော့မှ လဂွန်းအိမ်က ဖြေပါတယ်။ မနေ့ညက မိဖုရား ၊ ကျွန်တော့ထံ ကွမ်းလာဆက်စဉ် ရင်ဝတ်လျှောကျခဲ့တာတွေ့ရပြီးနောက်မှာ ကျွန်တော်စွဲလမ်းပြီး မအိပ်နိုင် ၊ မစားနိုင် ၊ ကယောက်ကယက်ဖြစ်ခဲ့ပြီ။စစ်ထွက်လဲသေမယ်၊ စစ်မထွက်ဘဲနေလည်းသေမယ်၊ သေမှာချင်းအတူတူ မထွက်တော့ဘူး တဲ့။ အမတ်ဒိန် နဲ့ သမိန်ဗြတ်ဇ တို့က အမျိုးမျိုးဆုံးမသြ၀ါဒ ပေးကြပါတယ်။ ဆူလိုက်ကြိမ်းလိုက် ၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက်။လဂွန်းအိမ်က ပေပြီးခံနေပါတယ်။ အမတ်ကြီးနှစ်ဦးက ဆုံးမပါတယ်။မင်းအကုသိုလ်တက်မယ်၊ ကျေးဇူးရှင်ကို ကျေးစွပ်တဲ့ ယုတ်မာတဲ့ အကြံမင်းကြံတယ် . . စသည်ဖြင့်။ မရဘူး၊ လဂွန်းအိမ်ကလည်း ဒါကျွန်တော့ကြောင့် မဟုတ် ၊ သူ့ရှင်အစီအမံကြောင့်ဖြစ်ရတာ ၊ တောဆင်မထံ အာရုံငြိပြီး မုန်ယစ်တဲ့ ဆင်ပြောင်ကို ဆင်ကဲက မထိန်းနိုင်သလို ကျွန်တော့ကို ဦးရီးတော်တို့ ထိန်းနိုင်မှာ မဟုတ်ဘူး။ အခုတော့ မရတော့ဘူး။ စစ်မထွက်ဘူး လို့ လုံးလုံးကြီးဘူးခံနေပါတော့သတဲ့။ အမတ်ကြီးနှစ်ဦးကလည်း မင်းကို ငါတို့ဆုံးမတယ်။ မင်းမနာယူ သူ့ရှင်ထံပြန်သံတော်ဦးတင်လိုက်ရမလားဆိုတော့ လဂွန်းအိမ်က ဦးရီးတော်တို့ သဘောတဲ့လေ။ဖြစ်သမျှ အလုံးစုံ တင်ကြစို့လို့ ဆုံဖြတ်ပြီး သူ့ရှင်ထံ ၀င်ကြပါတယ်။ ဘုရင်က ဘာဖြစ်သလဲ ၊ ဘာပြောသလဲမေးတော့ ကျွန်စဉ်းလဲစကားကို မဆိုသာပြီလို့ ဆုတ်ဆိုင်းဆိုင်းဖြစ်နေကြပြန်တယ်။ အလုံစုံကြားရတဲ့အခါ သူ့ရှင်ရာဇဓိရာဇ်ရဲ့ အမူအရာကို ကြည့်ပါ။ “မိဖုရားကို ငါမနှမြော ၊ သင်းကိုသာ ငါနှမြောသည်” ဟုမိန့်၍ မိဖုရာ ဒလသုဒ္ဓမာယာကို ခေါ်စေသည်။ “ငါတို့မင်းဆိုတာ သူရဲကောင်းလည်းချစ်တာပဲ ၊ မိဖုရားလည်း ချစ်တာပဲ။ ဒီနှစ်ဖြာအနက် မိဖုရားဆိုတာ ငါတို့အဖော်အဖက်ပဲ။ လူ့ဘုံမှာ ငါတို့ အာရုံဖြည့်ဖို့နဲ့ စိတ်ပျော်ရွှင်ဖို့ ၊ သူရဲကောင်းဆိုတာကျတော့ ရန်သူတွေကို တွန်းလှန်အောင်မြင်ဖို့ အဖော် ၊ ထီးဖြူကို စောင့်ထိန်းတက်တဲ့ အဖော် ၊ နတ်ပြည်နိဗ္ဗာန်သာသနာတော်ကို ငါတို့ဆောင်နိုင်စေတဲ့အဖော် ။ “မိဖုရားကို နှမြောနေလို့မရ ၊ သူရဲကောင်းကို ပိုချစ်ရမယ် ၊ ငါ့အနေနဲ့ ဒလသူဒ္ဓမာယာလို ချောမောလှပတဲ့ မိန်းမမျိုးရှာရင် တစ်နေ့မဟုတ် တစ်နေ့ရမှာ မုချ။ အခုလို စစ်ပွဲကာလမှာ လဂွန်းအိမ်လို သူရဲကောင်း မျိုးရဖို့ ခက်လှတယ်” ဒီလိုမိန့်ပြီး အမိန့်ချလိုက်ပါတယ်။ “မိဖုရားအား ကောင်းစာပြုပြင်မွမ်းမံလျက် ရွှေလောင်းတော်ဖြင့် လဂွန်းအိမ်ထံ ပို့စေ”။ မိဖုရားပို့လာပြီလို့ သတင်းကြားတာနဲ့ လဂွန်းအိမ်ကလည်း ကန်တော့ပွဲ ၊ ရွှေပန်း ၊ ငွေပန်း ၊ ဖယောင်းတိုင် ၊ ပေါက်ပေါက် စတာတွေနဲ့ ပြင်ဆင်ပြီး အဝေးကပင် လက်အုပ်ချီကန်တော့ ၊ အမတ်ကြီးတွေကိုလည်း ရှိခိုး ၊ သူ့ရှင်ကိုလည်း ရည်စူးရှိခိုးပြီး ပြောပုံက - “တို့သခင် စိတ်တော်ကိုသာ စမ်းသည်။ ချစ်သနားတော်မူသည်မှန်၏” တဲ့။ ပြီးတော့ သူ့အပြစ်ကို ခွင့်လွှတ်ဖို့ ၊ ဦးရီးတော်တို့က မိဖုရားကို ပြန်လည်ခေါ်ဆောင်သွားဖို့နဲ့ ကျေးဇူးရှင်ရဲ့ စိတ်တော်ကို သိရပြီမို့ “ဒီလောက်စစ်ကို မဆိုထားဘိ ၊ ဒါထက်ကြီးတဲ့ စစ်ပဲဖြစ်စေ ၊ အသက်သေသည့်တိုင် အမှုတော်ထမ်း ကျေးဇူးဆပ်ပါ့မယ်လို့ လျှောက်ပေးကြပါ” လို့မှာပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ ဒီတိုက်ပွဲမှာ လဂွန်းအိမ် အောင်ပွဲရခဲ့ပါတယ်။ ဘုရင်နဲ့သူရဲကောင်း ၊ သခင်နဲ့ကျွန် ၊ အပြန်အလှန် စိတ်စမ်းအချစ်စမ်းလိုက်ကြပုံများ သြချလောက်စရာပါပဲ။ ဒီဘုရင် နဲ့ ဒီသူရဲကောင်းကြားက မိဖုရား ဒလသုဒ္ဓမာယာ ဘယ်လိုများ ခံစား ၊ ဘယ်လိုများ ပြောလေမလဲလို့ “မိန်းမသားစကား” ကို ကြားချင်နေမိပါတော့တယ်။ Comments 3 Comments Categories ဆောင်းပါး စောလုံ စောင့်ပါခလှည့် (နရသီဟပတေ့) 21 Aug ပုဂံရာဇ၀င်မှာ ထင်ရှားခဲ့တဲ့ နရသီဟပတေ့မင်းရဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ ငယ်မည် မင်းခွေးချေးခေါ်တဲ့ နရသီဟပတေ့ဟာ ပုဂံရာဇ၀င်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ။ အမျက်စောင်မာန်ကြီးခြင်း ၊ စည်းစိမ်ယစ်မူးခြင်း ၊ အသိဥာဏ်နည်းခြင်း ၊ မဆင်မခြင် အဆောတလျင် ဆုံးဖြတ်အမိန့်ပေးခြင်း စတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံသူလို့ ဆိုပါတယ်။ သူ့လက်ထက်မှာ ထူးထူးခြားခြား(လို့ဆိုရမယ့်)ဖြစ်ရပ်တွေကလည်း အများသား။မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့။ “စောလုံ ၊ စောင့်ပါခလှည့်”။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ။နွေရာသီမှာ ရေဖျန်းကားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေ မြစ်ဆိပ်အထိ အမိုးအကာအပြည့်ျဲတန်းလျားရှည်ကြီးကို ထိုး၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ရှိပါတယ်။မောင်းမမိသံ အစုံအလင်နဲ့ပါ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “မျက်စိ၊ မျက်နှာ ၊ ဦးဆံရွှမ်းရွှမ်းစွတ်အောင် ရေပတ်” လို့ မောင်းမငယ်တစ်ဦးထံ ကျိတ်မှာထားပါတယ်။ စောလုံ ဆိုတာက နရသီဟပတေ့ အလွန်မြှောက်စားချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ။ အချစ်ကြီးသူမို့ ခပ်ကြမ်းကြမ်ကလေး ကျီစယ်တဲ့သဘောပါ။ မောင်းမမိသံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီး ၀ူးဝါးပြိုလဲ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဒါကို နရသီဟပတေ့က တဟားဟားနဲ့ ရယ်ပွဲဖွဲ့ ၊ ဘုရင်ရယ်တော့ အားလုံးကလည်း လိုက်ရယ်ကြပေါ့လေ။ စောလုံဟာ ငယ်ရွယ်ချောမောသလောက် အလှဂုဏ်နဲ့ မာန်မာနကြီးရတဲ့ အထဲ ရေသဘင်ပွဲမှာ အရှက်တကွဲဖြစ်ခဲ့ရတော့ မင်းကြီးအပေါ် အမျက်သိုနှလုံးနာပြီး ပွဲတော်စာ (ထမင်းအုပ်)မှာ အဆိပ်ခပ်ပါရော။ ဒီအမှုပေါ်သွားတော့ မင်းကြီးက စောလုံကို စစ်မေးပါတယ်။ စောလုံက “ဟယ်. . ပန်းပွတ်သည်မြေး ၊ နင့်ကို ငါလုပ်ကျွေးမွေးမြူ၍ ငါ့ကိုနင် သူကောင်းပြုလျင် ဤသို့သော ကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်းငယ်ကို နှုတ်ထည့်၍ အ၀တ်အစားဦးဆံစွတ်အောင် နင်လုပ်သောကြောင့် နင့်ကို ငါ နှလုံးောင့်၍ ကြံသည်” လို့ပြန်ပြောပါတယ်။ “ပန်းပွတ်သည်မြေး” ဆိုတဲ့ စကားလုံးဟာ နရသီဟပတေ့ရဲ့ မျိုးရိုးဇာစ်မြစ်ကို လှန်ပြီး ငယ်ကျိုးငယ်နာဖော်လိုက်တဲ့စကားပါ။ ဒီစကားကို ဘုရင်မခံနိုင်ပါဘူး။ ဒါ့အပြင် အဆိပ်ခပ်လုပ်ကြံတယ်ဆိုတာကလည်း အဆုံးစွန်သော ရာဇ၀တ်ပြစ်မှုဆိုတော့ . . . ပန်းပဲသမားတွေခေါ် သံကျပ်စင်လုပ်ခိုင်းပြီး ‘ ဖိုထိုးကျပ်တင်သတ်စေ’ အမိန့်ချပါတယ်။ မိဖုရားစောလုံဟာ ခုနှစ်ရက်လုံးလုံး အဓိဌာန်ဝင် ၊ သီတင်းသီလစောင့်ပြီးမှ သံကျပ်စင်တက်တယ်လို့ ဆိုပါတယ်။ သီလဂုဏ်ကြောင့် မီးသုံးကြိမ်သေပြီးမှ ငါသည် ခဏချင်း ကျွမ်း၍ပျောက်စေသားလို့ ဓိဌန်ပြီး အနိစ္စရောက်သွားပါတယ်။ နရသီဟပတေ့မင်းဟာ စောလုံကို သတ်ပြီးနောက် စက်တော်ခေါ်ချိန်ရောက်ရင် ယောင်ယမ်းတမ်းတ ခေါ်မိပါတယ်တဲ့။ အခါတိုင်း သူအိပ်ရာအ၀င်မှာ ထွေးပွေ့ချော့သိပ် ခစားရသူဟာ စောလုံဖြစ်ခဲ့တာကလား။ ဒီတော့ မင်းကြီးဟာ အိပ်ရာဝင်တာနဲ့ မြည်တမ်းပါတော့တယ်။ “စောလုံ. . . စောင့်ပါခလှည့် ၊ စောလုံ . . .စောင့်ပါခလှည့်” တဲ့။ စောလုံကို စီရင်ပြီးပါပကောလို့ မိဖုရားစော သတိပေးတော့မှ ငါမှားပြီရယ်လို့ နှလုံးကြေကွဲပြီး အိပ်မပျော်နိုင်ဖြစ်ရပါတယ်။ မဟာထေရ် ဆရာတော် တရားနဲ့ ဆုံးမမှ အတန်အသင့် ဝေဒနာပြေပြီး “နောင် ငါမျက်ကဲ့သော် လခွဲဆယ်ရ်ာထားပြီးမှ အချင်းခပ်သိမ်းကို မေးမြန်းစိစစ်ဦး ၊ ပြီးမှ စီရင်သင့်သူ စီရင် ၊ လွှတ်သင့်သူ လွှတ်စေ” လို့ မိန်မှာပါသတဲ့။ နရသီဟပတေ့ကတော့ “စောလုံ ၊ စောင့်ပါခလှည့်” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက မြည်တမ်းရေရွတ်ခဲ့ဖူးပြီ။ ချစ်ဦးညို (သမိုင်းမတွင်ပေမဲ့ သမိုင်းဝင်နေတဲ့စကားများ) Comments 2 Comments Categories ဆောင်းပါး အတိတ်တွေ 21 Aug ဘယ်အရာမှ မမြဲဘူး ၊ အရာရာဟာပြောင်းလဲနေတယ်ဆိုတာကို ငါအကြွင်းမဲ့လက်ခံတယ်။ လက်မခံလို့လဲ မရဘူးလေ။ပြီးခဲ့တဲ့ မိနစ်ပိုင်းက ဖြစ်ပျက်နေတာတွေဟာ ခုချိန်မှာ ပြီးဆုံးသွားတယ်။အခုဒီအချိန်မှာဖြစ်နေတာတွေဟာ မကြာခင်မှာ ပြောင်းလဲသွားမယ်။ မနေ့ကနဲ့ ဒီနေ့နဲ့လဲ ရုပ်ဖြစ်စဉ် ၊ စိတ်ဖြစ်စဉ်တွေဟာ အရှိန်ကောင်းကောင်းနဲ့ ပြောင်းလဲနေတာပဲ။ ဒါကြောင့် ပြောင်းလဲသွားတဲ့ တစ်ချို့ဖြစ်စဉ်တွေကို ငါ လက်မခံချင်လဲ လက်ခံရမှာပဲ။ တစ်ချို့ကတော့ ဖြစ်နိုင်ရင် အတိတ်ကိုပြန်သွားချင်တယ်လို့ပြောကြတယ်။ တစ်ချို့က ပျိုမြစ်ငယ်ရွယ်နုနယ်တဲ့ အပိုင်းမှာပဲ ရပ်တန့်ထားချင်တယ်လို့ပြောကြတယ်။ ဘာမှ မတည်မြဲတဲ့ လောကကြီးကို သူတို့က ပြောင်းလဲမှုတွေရပ်တန့်ပြီး အနိုင်နဲ့ပိုင်းချင်ကြသတဲ့။ မဖြစ်ခင်က ကြိုတင်မကာကွယ်၊ အစဉ်းစားခဲ့ကြပဲ ၊ ဖြစ်ပြီးပျက်ပြီးသွားမှ ဒီအဖြစ်အပျက်ကို ပြန်ပြင်ဆင်ချင်ကြတယ်။အဲဒီလူတွေကို တန်းစီလိုက်ရင် ငါလဲ ထိပ်ဆုံးနားမှာ ပါခဲ့တာပဲ။ ပြီးခဲ့တဲ့ နောက်ဆုံးမွေးနေ့ မရောက်ခင်အချိန်ကအထိ ငါဆိုတဲ့ ငါဟာ အတိတ်ကို ရူးသွပ်စွာ ပြန်လည်တမ်းတနေတက်သူပါ။ငါ့ရဲ့ ပထမဆုံး ပြန်လိုချင်တဲ့ အတိတ်တစ်ခုက ဆယ်တန်းပေါ့။ စာမေးပွဲအောင်စာရင်းထွက်ပြီးတဲ့ အချိန်ကစလို့ ဆယ်တန်းကို ပြန်တက်ချင်ခဲ့တာ။ မရနိုင်တော့မှန်းသိသိရက်နဲ့ ပြန်လိုချင်ခဲ့တာ။ နောက်ဆုံးဘာသာ ဖြေတဲ့အချိန်ထိ ငါ့မှာ ရွေးချယ်ခွင့်တွေရှိနေသားနဲ့ ငါမယူခဲ့တာ။ အဖေ့ အမိန့် နဲ့ အမေ့အမိန့်ကြားမှာ ငါလုပ်ချင်တာ လုပ်ခဲ့တာ။ နောက်ဆုံးတော့ ငါရခဲ့တာ အချိန်တွေ နောက်ပြန်ဆုတ်ချင်တဲ့ နောင်တတွေပဲ။ နောက်ထပ်ပြန်လိုချင်တဲ့ အတိတ်ကာလ တစ်ခုက အဖွားနဲ့အတူရှိစဉ်အချိန်တွေ။ မိဘတွေနဲ့အတူမနေရတဲ့ ငါ့အတွက် အဖွားကပဲ အဖေ ၊ အဖွားကပဲ အမေ။ သူငယ်ချင်းလဲ သူပဲ ၊ သင်ပြပေးတဲ့ဆရာဆိုလဲ သူပဲဆိုရင် မမှားဘူး။ ကလေးဘ၀ကတည်းက ဘုရား၊တရားနဲ့နီးအောင် ဆောင်ခဲ့တာပဲ အဖွားပဲ။ ဒါပေမဲ့ ငါကလည်း အလိုလိုက်ခံရတဲ့ ကလေးပီပီ ဆိုးလိုက်တာ လူကြီးဖြစ်တဲ့အထိပဲ။ အရွယ်တော်တော်ရလာတဲ့အထိ အဖေနဲ့ အမေ ဟာ ငါ့အတွက်တော့ သူစိမ်းပြင်ပြင်တွေပဲ။ အဖွားသာလျှင်ငါ့အတွက် အားကိုးရာ ၊ တွယ်တာရာ ၊ တိုင်တည်ရာပါ။ ဘယ်သူနဲ့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါမှန်တယ် ၊ ငါမညာတက်ဘူးဆိုတဲ့ စကားကို ငါ့အဖွားတစ်ယောက် လက်ကိုင်သုံးနေကျစကား။ ဒါပေမဲ့ ပစ္စည်းငွေကြေးတွေအဝေအခွဲ မတက်တဲ့ အဖွားဟာ သမီးတွေ၊ မြေးတွေနဲ့အတူ နေချင်ခဲ့ပေမဲ့ သူ့ဘ၀ရဲ့ နေ၀င်ချိန်တွေကို သူ့သားအိမ်မှာပဲ စတည်းချခဲ့ရတယ်။ ငါ့ရဲ့ မာနတွေ ဦးလေးရဲ့ မာန်တွေကြောင့် အဖွားရဲ့ နောက်ဆုံးအချိန်တွေ ပိုပြီးတိုသွားခဲ့ရတာလား။ အဖွားရဲ့ နောက်ဆုံးထွက်သက်မှာ သူ့ရဲ့ အချစ်ဆုံးမြေးကို အနားမှာရှိနေစေချင်ခဲ့သလား။ ငါ့ရဲ့ မာနတွေ ရိုင်းစိုင်းမှုတွေကြောင့် အဖွားရဲ့နောက်ဆုံး ရုပ်အလောင်းတောင် မမြင်နိုင်အောင် ကံကြမ္မာက ဒဏ်ခတ်လိုက်တာလား။ဖြစ်နိုင်မယ်ဆိုရင်ပေါ့ . . .ငါ့ရဲ့ စိတ်တွေကိုလျော့ပြီး အဖွားနားမှာ နေပေးချင်လိုက်တာ။ နောက်ဆုံး ပြန်လိုချင်တဲ့ အခွင့်အရေးလေးတစ်ခုက ကြောင်မလေးတစ်ကောင်ကြောင့်။ ငါ ငယ်ငယ်လေးကတည်းက ကြောင်ဆိုသိပ်မုန်းတာ။ ခွေးတွေ ၊ ငှက်တွေ မွေးခဲ့ဖူးပေမဲ့ ဖေဖေက ကြောင်တွေ အိမ်ခေါ်လာတိုင်း ငါနဲ့ ပြသနာဖြစ်ပြီး ပြန်သွားရတာချည်းပဲ။ ကြောင်သိပ်ချစ်တဲ့ လူတစ်ယောက်ကိုတောင် ငါတအံ့တသြဖြစ်ဖူးတယ်။ ကြောင်မချစ်တဲ့ ငါက ထုံးစံအတိုင်းပဲ သူ့ကို ကြင်ကြင်နာနာ မဆက်ဆံခဲ့မိဘူး။ သူ့ကို ဂျပ်ပုန်းထဲ ထည့်ပိတ်ထားဖူးတယ်။ အကြောင်းမရှိ အကြောင်းရှာ ဆေးထိုးအပ်နဲ့ လိုက်ထိုးဖူးတယ်။သင်္ကြန်မှာ ခြင်းတောင်းနဲ့ အုပ်ပြီး ရေပတ်ဖူးတယ်။ ရီးစားထားလို့ နှစ်ကောင်လုံးကို အသေအကြေ အပြစ်ပေးဖူးတယ်။ ငါသူ့ကို တစ်ခါ အနိုင်ကျင့်လိုက်တိုင်း ငါ့ရင်ထဲကို သူပိုပိုပြီး ရောက်သွားတယ်ဆိုတာ သိတော့သိနေခဲ့တယ်။ အတူနေချိန်တွေ သိပ်မကြာလိုက်ပေမဲ့ သူဟာ တစ်မိသားစုလုံးရဲ့ ချစ်ခင်နှစ်လိုခြင်းကို ခံခဲ့ရပါတယ်။ သူ့အမေတစ်ယောက်လုံး ကွယ်လွန်တာတောင် မငိုခဲ့တဲ့ ငါ့အမေတောင် မျက်ရည်ကျရတဲ့အထိ သူဟာစွမ်းခဲ့ပါတယ်။ သူ့ကို မုန်းတယ်လို့ အကြိမ်ကြိမ် ကြွေးကြော်နေတဲ့ ငါလဲ မျက်ကြောတွေပြတ်တဲ့အထိ ငိုမိခဲ့တယ်။ ငါ့မှာ နောက်ထပ် နောင်တ ဆိုတာ ၊ ပြန်လိုချင်တဲ့ အတိတ်ဆိုတာ မရှိအောင် အတက်နိုင်ဆုံး စဉ်စားဆုံးဖြတ် နေထိုင်သွားတော့မယ်။ Comments 2 Comments Categories စပ်မိစပ်ရာ ပြောင်းလဲသွားသောစာမျက်နှာများ 13 Aug တူနှစ်ကိုယ် မေတ္တာဆက်သွင်း၊ သစ္စာအပ်နှင်းခဲ့လို့  ငါမင်းကိုကျေးဇူးတင်တယ်။ လောကဓံ အလှည့်အပြောင်း၊ အထုအထောင်းကြားမှာ ငါမင်းကိုပါရမီဖြည့်ခဲ့တယ်။ အကျင့်သီလ အပြောအဆို၊ အထားအသိုမှန်အောင် ငါမင်းကိုလမ်းပြပေးခဲ့တယ်။ အောင်မြင်မှု အသီးအပွင့်၊ အဆီအနှစ်တွေအတွက် ငါမင်းကိုဂုဏ်ပြုခဲ့တယ်။ ရန်သူ့  အဖျက်အဆီး၊ အနှောင့်အယှက်ကိုရှောင်ဖို့  ငါမင်းကိုသတိပေးခဲ့တယ်။ အခုတော့ကြုံရာ အပြုအစု၊ အယုအယတွေကြားဗျာများနေလို့  ငါမင်းကိုသတ်ချင်တယ်။ တောသား (သူငယ်ချင်း တောသား ရဲ့ ကဗျာလက်ဆောင်လေးပါ) Comments 7 Comments Categories ကဗျာ သူငယ်ချင်းရေ. . . . (၁) 12 Aug ဇွန်လ (၂၀)ရက်နေ့ ။ ငါ့မွေးနေ့။ ဘယ်လောက်အဝေးကြီးမှာ တာဝန်ကျကျ ၊ ဘာကိတ်စတွေဘယ်လောက်ပဲအရေးကြီးကြီး ၊ ငါ့မွေးနေ့ကို နင်အမြဲလာနေကျ။ ဘယ်သူမှမတက်တဲ့ ငါ့မွေးနေ့ပွဲကို နင်နဲ့ပဲ ကျင်းပနေကျ။ ဒီကြားထဲမှာ ငါတို့နှစ်ယောက် ဘယ်လောက်ပဲ စိတ်ဆိုးစရာရှိရှိ ၊ နင့်ဘက်ကပဲစစချော့ပြီး ပြန်အဆက်အသွယ်လုပ်တက်မှန်းသိလို့လဲ ငါ့ဘက်ကဘယ်တော့မှ နင့်ကို ဆက်သွယ်ဖို့မကြိုးစားမိခဲ့ဘူးလေ။ ထုံးစံအတိုင်းပဲ နင့်ဘက်ကပဲစပြီး ငါ့ကိုပြန်ဆက်သွယ်တယ်။ အစီအစဉ်တွေချတယ်။ အရင်နှစ်တွေက မွေးနေ့တွေအကြောင်းပြန်ပြောမိကြတယ်။ ငါ့မွေးနေ့တိုင်းသာ နင်ကအနားမှာရှိနေပေးတက်တာ။ နင့်မွေးနေ့တိုင်းမှာတော့ ငါကအဝေးမှာရောက်ရောက်နေတက်တာ။ ဒါပေမဲ့ နင် မငြိုငြင်ခဲ့ဘူး။အပြစ်မပြောခဲ့ဘူး။ “ရပါတယ်ဟာ . . “ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ပြီးခဲ့ရတာပဲ။ အမှန်တော့ ငါက အနီးမှုန်ဖြစ်နေခဲ့တာပါ။ ဟိုးအဝေးက မမြင်နိုင်တော့တာကိုပဲ တောင့်တမိနေတာ။ ကလေးတစ်ယောက်က ဖိုးလမင်းဆီက ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါဆိုပြီး တောင်းနေသလိုပါပဲ။ အနီးမှာရှိနေတာကို တန်ဖိုးမထားမိခဲ့ဘူး။ ငါတောင့်တလိုက်တိုင်း ဖြစ်စေခဲ့တာကိုလဲ သတိမထားမိခဲ့ဘူး။ ဒီနှစ်မွေးနေ့ . . . နင်လာမယ်တဲ့။ တာဝန်ချိန်ရှိနေပေမဲ့ . . . မဖြစ်ဖြစ်အောင်လာမယ်တဲ့။ ငါ စောင့်နေခဲ့ပါတယ် . . . နင်လဲ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ . . .တို့နှစ်ယောက်မတွေ့ခဲ့ကြဘူး။ ဘယ်တော့မှ မတွေ့ကြရတော့ဘူး။ (တစ်နေ့တော့ ငါလဲ ဖေဖေ့ကို နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။) Comments 5 Comments Categories သူငယ်ချင်း ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း 12 Aug ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း လူတိုင်း စိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက် ကြိုတင် ကာကွယ်တဲ့ နည်းပါပဲ။ • သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။ • သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။ • ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိ တ် ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။ • မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့် ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။ • ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။ • စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။ • ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။ • စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။ • အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။ • ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။ • စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ် ။ • စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။ • အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။ • လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။ • အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။ • အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။ • ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။ • လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။ Comments Leave a Comment Categories ဆောင်းပါး Project a confident image 10 Aug Here are five tips to help you believe in yourself and your abilities Successful people are usually confident people. They believe that the best will happen to them. It is confidence that spurs them on despite the obstacles that are placed before them. As English novelist and literary critic Samuel Johnson said, “Self-confidence is the requisite to great undertakings.” Here are five tips to get you on the road to being a confident, successful person: Be positive To develop confidence, you need to believe in yourself and engage in positive self-talk. Believe in your abilities and talents. Believe in your ability to do anything that you want to do. Each day you should say to yourself:” I am an able, valuable person.” Speak positively. Make positive statements to yourself before you sleep at night and when you wake up in the morning. For example, you can say to yourself:” I am confident” or “I am feeling great.” Start each day by telling yourself: “Today is going to be a great day for me. I am going to do my best.” 2. Visualise success Always think of the successes you have achieved, visualise them and enjoy the feelings that come with them. Feel the exhilaration of victory. Do this regularly and your confidence will grow. 3. Improve your image Next, you should engage in practices that will help you present and image of confidence to others. These practices include the way you speak, the way you dress, your posture and your body language. When you speak, you should avoid vocalise pauses like “er”, “um”,”uh”,”well” and “you know”. Use a strong, steady voice, neither shouting nor mumbling. Your talk should include “I” statements, such as “I think”, “I feel” and “I want”. Avoid qualifiers such as “may be”, “I wonder if you could”, “just”, “would you mind very much” and “I can’t”. Dress appropriately for the occasion. Adopt a relaxed posture and maintain your poise. Avoid a hesitant demeanor and a timid walk. Eliminate mannerisms such as the shifting of weight and a slumped body posture. Instead, you should walk tall and sit confidently. Present yourself as a confident person. Avoid nervous actions like fiddling with your pen or jewellery, keeping your arms crossed and looking away from the person who is speaking to you. Eye contact is important, as it establishes confidence. Adopt assertive body language and a style that helps you to make a presence wherever you are. Do not sit at the back of a room, be it for a meeting or a presentation. Sit in front and participate by asking questions and making comments. When someone is speaking, lean forward, nod and smile. 4. Prepare well for an event One of the best ways to ensure that you present yourself to others as a confident person is to be well prepared, whether it is for a meeting, a presentation or any other occasion. When you well prepared, you exude confidence. Your thoughts are organized and you can present clearly and confidently. Be enthusiastic about what you have to say. If it is a meeting, prepare your notes well in advance. Make a list of relevant questions or answers to the items on the agenda. Do your research and make sure that your facts are right. To feel more confident, rehearse the points and arguments you wish to raise before the meeting. Use words and phrases that are familiar to you. 5. Leave your comfort zone Offer your services, undertake tasks and work at them with confidence. Never be afraid of trying something new, something different. Take the risk and face the new challenge. Always think,”I can.” Concentrate on what you want to get. Speak to yourself confidently and tell yourself that you can succeed. This way, you will look confident. If you are the confidence in yourself, you generate positive energy, great determination and drive within you. This, in turn, will help you to face the challenges, overcome the odds, the hurdles, the hiccups and the bumps. Comments 2 Comments Categories ဆောင်းပါး ကြယ်ကြွေသတို့သား (တာရာမင်းဝေအမှတ်တရ) 10 Aug သူငယ်ချင်း မင်းဟာ ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။ သူငယ်ချင်း မင်းဟာ ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။ သူငယ်ချင်း မင်းဟာ ကိုယ့်အနာ ကိုယ့်လျှာနဲ့ ပြန်သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။ သူငယ်ချင်း မင်းဟာ ကိုယ့်အရေပြား ကိုယ်လွှာ ကိုယ့်အရိုးကို အပ်လိုသွေး ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့ ကျကျနန လှခဲ့ပြီးပြီပဲ။ သူငယ်ချင်း သွားနှင့် သူငယ်ချင်း ကြယ်အစင်းစင်း ကြွေတဲ့ ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို စွမ်းသမျှ ကုစားဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ မင်းရဲ့ ကဗျာတွေ မာတိကာစီဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။ သွားနှင့် သူငယ်ချင်း ကျောင်းနံရံတ၀ိုက် ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့ ငါတို့ ………. ။ မင်းကိုနိုင် (၂၀၀၇ သြဂုတ်လ ၇ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ) (သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ကနေ ကူးယူထားခြင်းဖြစ်ပါတယ်) Comments Leave a Comment Categories ကဗျာ သင့်မြတ်ကြစေလို 9 Aug ဒီပို့စ်လေးကို သူငယ်ချင်းများအတွက်ရည်ရွယ်ပြီးရေးထားတာပါ။(ကိုယ်ပိုင်ခံစားချက်လေးပါ) တစ်နေ့က . . တစ်နေ့ကဆိုပေမဲ့ . . ၆လတောင်ကျော်ခဲ့တဲ့တစ်နေ့က. . .နည်းပညာပြပွဲတစ်ခုမှာ . . လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်ကျော်လောက်ကတည်းက ကွဲနေတဲ့ သူငယ်ချင်းမလေးတစ်ယောက်နဲ့ပြန်တွေ့တယ်။ ကျောင်းတုန်းကတော့ သူ့ကို သေးသေးလေးလေးမို့လို့ . .အသေးလေးလို့တောင်ချစ်စနိုးခေါ်ခဲ့ကြတာ။ ခုသူက နဲနဲပြည့်လာတာကလွဲလို့ အဲဒီတုန်းကအတိုင်းလေးပဲ။ ဆံပင်လေးတွေက ကုပ်ပေါ်မှာ ၀ဲပြီးစင်းကျနေတာ။ပါးဖောင်းဖောင်းလေးတွေက ပိုတောင်ချစ်ဖို့ကောင်းလာသလိုပဲ။သူကကိုယ့်ကိုတွေ့လို့ ၀မ်းသာအားရနဲ့ လာနှုတ်ဆက်လို့ ကိုယ်ကလဲသူ့မျက်နှာကိုပဲကြည့်ပြီး စကားတွေပြောနေမိတာ။ပတ်ဝန်းကျင်ကို သတိမထားမိလိုက်ဘူး။ နောက်မှ အောက်ကနေ လက်ကိုဆောင့်ဆွဲခံလိုက်ရလို့ ငုံ့ကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းနဲ့ ကလေးလေးတစ်ယောက်။သူငယ်ချင်းက ရယ်လိုက်ပြီး “သူငယ်ချင်း . . အဲဒါ ငါ့သားလေ. . . ငါနဲ့တူတယ်မလားတဲ့. . .”။အံ့သြခြင်းများစွာနဲ့ သူ့သားဆိုတာလေးကို ကောက်ချီကြည့် လိုက်တော့ ကလေးက ကော့ကန်ပြီး ပြန်ဆင်းတယ်။ ဒါနဲ့ သူ့အဖေရောလို့မေးလိုက်တော့ မပါဘူးတဲ့။ အော် မိသားစုတူတူလျှောက်မလည်နိုင်အောင်တောင် အလုပ်များတဲ့ အဖေပါလား။ မလွယ်ဘူးပဲလို့မှတ်ချက်ချလိုက်မိတယ်။ သူငယ်ချင်းက လိပ်စာတွေဖုန်းနံပါတ်တွေ ပေးသွားလို့ သွားလည်မိတယ်သူ့အိမ်ကို။ ၁ခါသွားလည်လဲ သူ့အဖေကို မတွေ့ ၊ ၂ခါသွားလည်လဲ သူ့အဖေနဲ့မဆုံ။ နောက်တော့ မနေနိုင်လို့ သူကဘာတွေလုပ်နေလို့ အဲလောက်အလုပ်ရှုပ်တာလဲလို့ မေးလိုက်တော့မှ. . .သူငယ်ချင်းက “ငါ အိမ်ကဆင်းလာတာ. . .ဆက်ပြီးသည်းမခံနိုင်တော့လို့. . သူဖောက်ပြန်နေတာတွေကို ငါကခါးစည်းခံနိုင်ပေမဲ့ . . ငါ့သားတော့ ဒီဒဏ်တွေမခံစေချင်ဘူး” တဲ့။ကဲ . . ကောင်းကြရော။သိပ်ချစ်စရာကောင်းတဲ့ ကလေးလေးကိုကြည့်ပြီး ကျွန်မသနားသွားမိတယ်။ကလေးကို တစ်စက်မှ ပြန်လှည့်မကြည့်တဲ့ ကလေးအဖေကိုလဲ ဘယ်လိုအဖေများလဲလို့ တွေးကြည့်မိတယ်။သူ့မျက်နှာကို ခုထိလုံးဝမမြင်ဖူးပါ။နာမည်ကိုလဲ မသိပါ။ ဒါပေမဲ့ . . ဒီလိုအကျင့်စာရိတ်တနဲ့ သူ့နောက်ကလူတွေကို ဘယ်လိုများဦးဆောင်မှာလဲလို့. . စဉ်းစားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ခြားသူငယ်ချင်းတစ်ယောက်ကိုလဲ တစ်ချိန်တည်းမှာပြန်တွေ့ရတယ်။ သူကတော့အိမ်နီးနားချင်းလဲဖြစ် ၊ ကျောင်းတက်ဖော်လဲဖြစ်တဲ့ သူငယ်ချင်းပါ။သူ့ကိုပြန်တွေ့ပုံကတော့. . .ရုံးကိတ်စနဲ့ ရန်ကုန်ဆင်းဖို့ အထုပ်အပိုးတွေနဲ့အိမ်ရှေ့မှာ ကားရပ်စောင့်နေတုန်း . . ဆိုင်ကယ်တစ်စင်းဖြတ်သွားလို့ လှမ်းကြည့်လိုက်တော့ သူဖြစ်နေတယ်။ရှေ့မှာလဲ ကလေးလေးတစ်ယောက်နဲ့။သူက ကျွန်မကိုတွေ့တော့ပြန်ကွေ့လာတယ်။အလာပသလာပတွေပြောပြီး. . ရှေ့က ကလေးလေးကို ထိုးပြပြီး . . “ငါ့သမီး ကျောင်းသွားပို့မလို့တဲ . . .”။ သူမိန်းမရသွားတာတော့ ကြားလိုက်မိပါတယ်။ကလေးဒီအရွယ်ရောက်သွားမှန်းမသိလိုက်ရတာပဲရှိတာ။ ကလေးလေးက ဖြူဖြူလေး ၊ သွားကျိုးလေးနဲ့ ကျွန်မကို ရယ်ပြတယ်။ကျွန်မက ရယ်ပြလိုက်ရင်း “သမီး မေမေမပါဘူးလား . . ဖေဖေ့ကို ကုလားမကြီးခေါ်သွားမှာ မကြောက်ဘူးလား “လို့ စလိုက်တော့ ကျွန်မသူငယ်ချင်းက မလုပ်ပါနဲ့ဟာ. . .သမီးငိုသွားပါအုံးမယ်တဲ့။သူတို့လင်မယား ကွာရှင်းထားတာ ၂နှစ်တောင်ရှိပြီတဲ့။အို. . ဘုရားရေ။ ဘုရားတမိသွားတယ်။ ဒါပေမဲ့ သဘောထားချင်းမတိုက်ဆိုင်တော့လဲ အပြင်လူတွေက ဘာတက်နိုင်မှာလဲလေလို့ တွေးမိပါတယ်။ နောက်တော့ သိပ်မကြာပါဘူး။ ကျွန်မ ဈေးသွားတော့ သူနဲ့ပြန်တွေ့ပါတယ်။ ဒီတစ်ခါလဲ သူကတစ်ယောက်ထဲ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်နဲ့ . . . အရင်တစ်ခါ တွေ့တဲ့ ကလေးထက်ငယ်တဲ့ ကလေးတစ်ယောက်နဲ့ပါ။ကျွန်မက အရင်မြင်လို့ သူ့ကိုသွားနှုတ်ဆက်တော့. . . သူက သူရဲ့ အမျိုးသမီးနဲ့မိတ်ဆက်ပေးတယ်။ဒါက သူ့သမီးအငယ်လေးပါတဲ့။အော်. . ဒီကလေးကြည့်ရတာတော့ ၁နှစ်တောင်ကျော်နေပြီပဲ. . ။ ကျွန်မ နောက်ထပ်သူငယ်ချင်းတွေလဲ အများကြီးတွေ့မိပါသေးတယ်။ ဒီထက်ဆိုးတာနဲ့ . . ဒီလောက်နီးပါးဆိုးတဲ့သူတွေချည်းပဲဖြစ်နေကြတယ်။ မလုပ်ခင်မှာ စဉ်းစားကြပြီး ၊ လုပ်ပြီးသွားတဲ့အခါမှာလဲ ရှေ့ဆက်အဆင်ပြေအောင် ဖန်တီးသင့်တယ်။ ကိုယ့်ကြောင့် လူဖြစ်လာတဲ့ ကလေးတွေမှာ အနာဂတ်တွေကိုယ်စီနဲ့။ ကိုယ်စိတ်ကြီးတာတစ်ခုလေးနဲ့ ကလေးဘ၀က မိတစ်ကွဲ ၊ ဖတစ်ကွဲ ဖြစ်သွားရမယ် ၊ လူ့လောကမှာ ထောင့်မကျိုးတဲ့ ဘယ်သူနဲ့မှ အဆင်မပြေတဲ့ ကလေးဖြစ်သွားရမယ်ဆိုရင် ကိုယ့်မှာ တာဝန်တွေအများကြီးရှိသွားပါပြီ။ ဒါကြောင့် အားလုံးကို သင့်မြတ်စေချင်ပါတယ်။ Comments Leave a Comment Categories စပ်မိစပ်ရာ သွားလေ့ရှိသော နေရာလေးတွေ ကဗျာဥယျာဉ် ကိုတူကြီး စန္ဒာသူရိယ မမမိုးထက်အိမ် မလေး မနိုင်းနဒီ မနှင်းဖြူ အကိုကြီး ၀င်းဇော်နိုင် တောသား နောင်တော် မောင်လေးညီမင်း My belove sweety belly My belove sweety ..:: Be With U ::.. A moment I miss the most A moment I miss the most ဒီနေရာမှာ သတင်းတွေဖတ်တယ် ဧရာဝတီ Myanmar Times The Voice Weekly Eleven နောက်ဆုံးတင်ခဲ့သောပို့စ်များ စည်းချက်ကျကျ အတွေးစများ ချစ်သူသိစေ အချစ် ချစ်စရာလေးတွေပါ မိုးကိုနမ်းပါ (ဘီလီမိုင်းယားစ်) ဒီလိုပြောခဲ့ကြတယ်. . . Ян Аунг Пьо on အချစ်ဆုံးသို့ . . . ကြယ်စင် on ကျောက်သင်ပုန်းလေး ဇေယျလင်းထင် on ကျောက်သင်ပုန်းလေး ဇေယျလင်းထင် on HappY BirthdaY U NainG ဇေယျလင်းထင် on မိုးကိုနမ်းပါ (ဘီလီမိုင်း… ဒါလေးတွေ ဖတ်လို့ရတယ် ကဗျာ ခံစားချက် စပ်မိစပ်ရာ မိသားစု သူငယ်ချင်း ဆောင်းပါး မွေးနေ့ Computer Uncategorized လာဖတ်တဲ့သူ 3,758 hits
Posted on: Sat, 27 Jul 2013 12:27:50 +0000

Trending Topics



Recently Viewed Topics




© 2015