ပြင်သင့်တဲ့အချက်ပါ.....Rule - TopicsExpress



          

ပြင်သင့်တဲ့အချက်ပါ.....Rule တစ်ခုခုသက်မှတ်ပြီးတောပဲဖြစ်ဖြစ်... ခေတ်ပြိုင်စီးပွားအမြင် ရန်ကုန် ရုံးခန်းဌားခ နယူးယောက်ထက် ပိုများနေသလား ထိုင်းအိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီဖြစ်တဲ့ CBRE Group ရဲ့ အဆိုအရ ၁၉၉ဝ ပြည့် နှစ်တစ်ဝိုက်က ဆောက်လုပ်ခဲ့တဲ့ ရန်ကုန်မြို့ မှာရှိတဲ့ Sakura တာဝါ၊ FMI စင်တာနဲ့ Centrepoint တာဝါတွေက ရုံးခန်းတွေရဲ့ တစ်နှစ်ငှားရမ်းခဟာ ယခုအခါ တစ်စတု ရန်းပေကို အမေရိကန်ဒေါ်လာ ၁ဝဝ ကျော်အထိရှိလာတဲ့အတွက် နယူးယောက်မြို့လယ်က Manhattan ဒေသမှာရှိတဲ့ ရုံးခန်းတွေ ရဲ့ လက်ရှိတစ်နှစ်ငှားရမ်းခနှုန်း အမေရိကန်ဒေါ်လာ ၇၅ ထက်များနေတယ်လို့ ဆိုပါတယ်။ ယခုအခါ နိုင်ငံ ခြားကုမ္ပဏီ ရာပေါင်း များစွာဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံပြီး လုပ်ကိုင်ဖို့ စီးပွားရေးမြို့ တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးမှာ မိမိတို့ရဲ့ရုံးခန်းတွေ ဖွင့်လှစ်ဖို့ အပြိုင်အဆိုင် ကြိုးစားလာနေကြပါတယ်။ ရိုးမမဟာဗျူဟာဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အဆိုအရ အဲဒီနိုင်ငံခြား ကုမ္ပဏီတွေ ဖွင့်လှစ်ကြမယ့် ရုံးခန်းတွေအတွက် နေရာအကျယ် စုစုပေါင်းဟာ အနည်းဆုံး စတုရန်းပေ ၈.၇ သန်း လိုအပ်တယ်လို့ ခန့် မှန်း ထားပါတယ်။ လောလောဆယ် ရန်ကုန်မြို့မှာ ရုံးခန်းနေရာ စုစုပေါင်း စတုရန်းပေ ၆ သိန်းခန့်ပဲ ရှိတယ်လို့ ဗြိတိန်နိုင်ငံမှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တစ်ခုဖြစ်တဲ့ Colliers International မြန်မာရုံးခွဲက ဆိုပါတယ်။ စင်ကာပူမှာ စာရင်းဝင်တဲ့ ရိုးမကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်တဲ့ Cyrus Pun က 'ငှားရမ်းခ မြင့်တက်ပြီး အခန်းနေ ရာရှားပါးမှု ဟာ လာမယ့် ၇ နှစ်အထိ ရှိနိုင်တဲ့အတွက် ပြည်ပဆောက်လုပ်ရေး လုပ်ငန်းတွေအဖို့ ဆွဲဆောင်မှုရှိတဲ့ ဈေးကွက်ကြီးတစ် ခု ဖြစ်နေ ပါတယ်' လို့ ထောက်ပြ ထားပါတယ်။ ရိုးမကုမ္ပဏီရဲ့ ဝင်ငွေအများစုဟာ မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေမှ ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလနောက်ပိုင်း အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးပြီးတဲ့နောက်မှာ ကုမ္ပဏီရဲ့ ရှယ် ယာဈေးနှုန်းဟာ နှစ်ဆအထိ တက်လာခဲ့ပါတယ်။ ရိုးမဆောက်လုပ်ရေးလုပ်ငန်းဟာ ဂျပန်၊ စင်ကာပူ နဲ့ အင်ဒိုနီးရှား ဆောက် လုပ်ရေး ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ တခြား အရှေ့တောင်အာရှ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ စင်ကာပူက Soilbuild Construction Group ၊ ဗီယက်န မ်နိုင်ငံက HAGL Joint-Stock ကုမ္ပဏီနဲ့ ဟောင်ကောင်က Shangri-La Asia Ltd တို့အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခန်းတွေ၊ လက်လီ အရောင်းဌာန (ကုန်တိုက်) တွေ၊ လူနေအိမ် တိုက်ခန်းတွေနဲ့ ဟိုတယ်တွေ တည်ဆောက်သွားမယ်လို့ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံက အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း CBRE ရဲ့ ကိန်းဂဏန်းတွေအရ ၂၇ ထပ် ထက်မမြင့်တဲ့ ရန်ကုန်မြို့က Sakura တာဝါ၊ FMI စင်တာနဲ့ Centrepoint တာဝါတွေမှာ ရှိကြတဲ့ အခန်းတွေရဲ့ တစ်နှစ်အတွက် စတုရန်းတစ်ပေရဲ့ ငှားရမ်းခဟာ ၂ဝ၁၁ ခုနှစ်ကုန်မှာ အမေရိကန် ဒေါ်လာ ၂၂ သာ ရှိပေမယ့် ယခုအခါ ငါးဆနီးပါး မြင့်တက်လာနေတယ်လို့ သိရပါတယ်။ အဲဒီ အဆောက် အအုံ သုံးခုမှာ ရုံးခန်း ငှားပြီး ဖွင့်လှစ်ထားရှိတဲ့ ထင်ရှား တဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲမှာ Standard Chartered ကုမ္ပဏီ၊ Coca Cola ကုမ္ပဏီ၊ Nestle ကုမ္ပ ဏီ၊ Sumiton ကော်ပိုရေးရှင်း၊ Tokyo- Mitsubishi ဘဏ်နဲ့ မလေးရှား Bhd ဘဏ်တို့ ပါဝင်ပါတယ်။ လောလောဆယ် ရုံး အဆောက်အအုံသစ်တွေ ရှာဖွေ ရရှိဖို့ စောင့်ဆိုင်းရင်း တချို့ကုမ္ပဏီတွေက ဟိုတယ်တွေမှာ ငှားရမ်း ဖွင့်လှစ်နေတာ တွေ့ရပါတယ်။ Mizuho Corporate ဘဏ်လီမိတက်က ဆီဒိုးနားဟိုတယ်မှာ ရုံးဖွင့်ထားပါတယ်။ အဲဒီဟိုတယ်မှာ လွန်ခဲ့တဲ့နှစ် ဧပြီလက စတုရန်းပေ ၁ဝဝဝ ရှိတဲ့ အခန်းကို တစ်လ အမေရိကန်ဒေါ်လာ ၃၂ဝဝ နဲ့ ငှားရမ်းလို့ ရခဲ့ပေမယ့် ယခု အခါ နှစ်ဆတိုးပြီး တစ်လဒေါ်လာ ၆၇၂ဝ ပေးပြီး ငှားရမ်းလာခဲ့ရပါတယ်။ ဆီဒိုးနားဟိုတယ်မှာ ရုံးခန်း ဖွင့်လှစ်ထားတဲ့ တခြား ကုမ္ပဏီတွေက Hyundai Heavy Industries ကုမ္ပဏီ၊ Yamaha Motor ကုမ္ပဏီနဲ့ Kawasaki Heavy Industries ကုမ္ပဏီ တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ကမ္ဘာမှာ ဒုတိယအကြီးဆုံး လူသုံးကုန်ပစ္စည်း ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Unilever NV ကုမ္ပဏီကတော့ အိပ်ခန်းလေးခန်း ပါရှိတဲ့ ခြံဝင်းနဲ့ အိမ်တစ်လုံး ကို လွန်ခဲ့တဲ့ နှစ်စက တစ်လကို အမေရိကန်ဒေါ်လာ ၆၅ဝဝ နဲ့ ငှားရမ်းနိုင်ခဲ့ပေမယ့် နှစ်ကုန်ကျတော့ ငှားခ ၄၆ ရာခိုင်နှုန်း တိုးမြှင့်လာပြီး အမေရိကန်ဒေါ်လာ ၉၅ဝဝ အထိ ပေးရ တယ်လို့ ရန်ကုန်မှာ အခြေစိုက်တဲ့ Scipio Services အိမ်ခြံမြေ အတိုင်ပင်ခံ ကုမ္ပဏီမှ မန်နေဂျာချုပ် Brett Miller က ပြောပါတယ်။ စင်ကာပူက ရိုးမကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အခြေချထားတဲ့ မိမိရဲ့ ကုမ္ပဏီခွဲ Serge Pun & Associates Myanmar ကုမ္ပဏီ လီမိတက်နဲ့ ဖက်စပ်ပြီး ရန်ကုန်မြို့လယ်မှာ ရုံးခန်းတွေ ပါရှိတဲ့ တာဝါကြီးနှစ်ခုကို ၂ဝ၁၄ ခုနှစ် ပထမ လေးလအတွင်း စတင် တည်ဆောက်မယ်လို့ သိရပါတယ်။ အဲ ဒီတာဝါကြီးနှစ်ခုမှာ စီးပွားရေး လုပ် ငန်းတွေအတွက် ရုံးခန်းနေရာတွေ စုစုပေါင်း စတုရန်းပေ ၇ သိန်း ပါ ဝင်တယ်လို့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Serge Pun က ပြောပါတယ်။ ဟောင်ကောင်မှာ စာရင်းဝင်တဲ့ Shangri-La ဟိုတယ် ကြီးရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ ရန်ကုန်မြို့လယ်က Trader ဟိုတယ်လုပ်ငန်း ကလည်း မိမိရဲ့ ဟိုတယ်အနီးရှိ မြေကွက်လပ်ကြီးမှာ ရုံးခန်းနေရာ စတုရန်းပေ ၃၅ဝဝဝ ပါရှိတဲ့ အဆောက်အအုံသစ်တစ်ခုကို ၂ဝ၁၆ ခုနှစ်မှာ အပြီးတည် ဆောက်နေတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြီး ဆုံး ဆောက်လုပ်ရေးလုပ်ငန်း ကြီး ဖြစ်တဲ့ HAG ကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာ ရုံးခန်းနေရာ စတုရန်းပေ ၂.၄ သန်း ပါရှိတဲ့ အဆောက်အအုံ တစ်ခု၊ ဟိုတယ်တစ်လုံးနဲ့ ဝန်ထမ်းအိမ်ရာ တွေ ပါရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ၂ဝ၁၆ ခုနှစ်မှာ အပြီးတည်ဆောက်မယ် လို့ အဲဒီကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Serge Pun ရဲ့ အဆိုအရ အလွန်ကြီးမားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ တချို့နိုင်ငံခြားကုမ္ပဏီကြီးတွေဟာ သူတို့ နိုင်ငံက အလုပ်သမားတွေကို ခေါ်ယူလာပြီး လုပ်ကိုင်တာရှိသလို တခြားလိုအပ်တဲ့ အရင်းအမြစ်တွေကို ဒေသတွင်းမှာပဲ ရှာဖွေ အသုံးပြုတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အလုပ်သမားဦးရေ အများအပြား ရှိပေမယ့် ကျွမ်းကျင်တဲ့ အလုပ်သမားနဲ့ ကြီးကြပ်ကွပ်ကဲသူတွေ ရှားပါးတဲ့ ပြဿနာတော့ ရှိနေတယ်လို့ဆိုကြောင်းပါ ခင်ဗျား။(မောင်ပုဆိုးကြမ်း)
Posted on: Sun, 08 Sep 2013 08:19:28 +0000

Trending Topics



Recently Viewed Topics




© 2015