ပညာရေးဝန်ကြီးဌာနဟာ - TopicsExpress



          

ပညာရေးဝန်ကြီးဌာနဟာ နေပြည်တော်ကောင်စီက အလယ်တန်းပြကျောင်းဆရာမတဦးကို မယူမနေရပင်စင်ပေးတဲ့ ပြန်တမ်းကိုပယ်ဖျက်ပြီး အလုပ်က ထုတ်ပစ်လိုက်ကြောင်း ပြန်တမ်းတစောင် ထပ်ပြီးထုတ်ပြန်လိုက်ပါတယ်။ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းက ဆရာမဒေါ်စိုးစိုးခိုင်ကို အလုပ်ကထုတ်လိုက်တာ ဖြစ်ပါတယ်။ မတရားမှုလို့ ခံယူတဲ့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ရင်ဆိုင်သွားမယ်လို့လဲ ဒေါ်စိုးစိုးခိုင်က ပြောပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင် ၈၈အခမ်းအနားတက်လို့ အလုပ်က ပင်စင်ပေးခံရတယ်လို့ စာနယ်ဇင်းမီဒီယာ အတော်များများမှာ ရေးသားဖော်ပြထုတ်လွှင့်ခဲ့ကြပြီးတဲ့နောက် အခုလို အလုပ်က ထုတ်တဲ့စာ ထပ်ထွက်လာတာလဲ ဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာန၊၀န်ကြီးရုံးအဖွဲ့မှုး ဦးဝေလွင်ဦးကတော့ အမိန့်မနာခံလို့ အလုပ်ကထုတ်တာလို့ ပြောပါတယ်။ DVB TV News
Posted on: Thu, 22 Aug 2013 10:59:19 +0000

Trending Topics




© 2015