"ပြည်သူ့လွှတ်တော် ဥက္ကဌ - TopicsExpress



          

"ပြည်သူ့လွှတ်တော် ဥက္ကဌ ဦရွှေမန်းကို ကာလီဖိုးနီးယားလွှတ်တော်က အသိအမှတ်ပြုလွှာပေးအပ်" 18.6.2013 ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ် လွှတ်တော်ဥက္ကဌ ( California State Assembly Speaker ) က အသိအမှတ်ပြုလွှာ တစ်စောင်ကို တနင်္ဂနွေနေ့ညက ပေးအပ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် လွှတ်တော်ဥက္ကဌ John Perez ကိုယ်စား California ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ Ms Fiona Ma က ပေးအပ်တာဖြစ်ပါတယ်။ မြန်မာလုပ်ငန်းရှင်တွေ ဖွဲ့စည်းထားတဲ့ ဆန်ဖရန်စ္စကို-မြန်မာ မဟာမိတ်အဖွဲ့က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့ကြောင်း ဆန်ဖရန်စ္စကို အခြေစိုက် ဒေါက်တာကျော်တင့်က ပြောပါတယ်။ မြန်မာလုပ်ငန်းရှင်တွေနဲ့ညစာစားပါတယ်။ကာလီဖိုးနီယားလွှတ်တော် ကလည်း လွှတ်တော်အခြင်းခြင်း အသိအမှတ်ပြုလွှာပုံစံမျိုး ဂုဏ်ပြုလွှာတစ်ခု ပေးပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းကတော့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ မြန်မာ မိသားစုတွေနဲ့ ဆန်ဖရန်စ္စကို ပြည်နယ် တက္ကသိုလ်က ခန်းမတခုမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ တက်ရောက်လာသူတွေက မေးမြန်း တာတွေကို သူရဦးရွှေမန်းက ပြန်လည် ဖြေကြားခဲ့ကြောင်း ဒေါက်တာကျော်တင့်က ပြောပါတယ်။ ပြည်သူတို့ရဲ့ နှစ်သက်၍ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဟုတ်မဟုတ်က ၂၅ မှတ်၊ထိရောက်စွာ ဦးဆောင်မှုပေးနိုင်သူ ဟုတ်မဟုတ်က ၂၅ မှတ်၊နိုင်ငံရေး တည်ငြိမ်မှု ရှိနိုင်မှုမရှိက ၂၅ မှတ်၊တခြား အထွေထွေဆွဲဆောင်နိုင်မှုကို ၂၅ မှတ်ပေးရန် ဦးရွှေမန်းအနေနဲ့ ဘယ်နှမှတ်ရပါမလဲလို့မေးတော့ သူ့အဖြေက ၁၀၀ ရာနှုန်းရမယ်လို့ ဖြေပါတယ်။ အချိန်မရတဲ့အတွက် သူရဦးရွှေမန်းက မေးခွန်းတွေကို ယူသွားပြီး တချို့မေးခွန်းတွေကိုတော့ လေ့လာရဦးမယ်လို့ ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေက ပြောကြားပါတယ်။ RFA Burmese
Posted on: Tue, 18 Jun 2013 05:11:34 +0000

Trending Topics



Recently Viewed Topics




© 2015