ပထမ ကဗျာစစ် * P.S - TopicsExpress



          

ပထမ ကဗျာစစ် * P.S (ကျွန်တော်က ကဗျာကိုမဖတ်ခင် ကဗျာဆရာနဲ့  ကဗျာဖြစ်ပေါ်မှုကို အရင်လေ့လာတယ် ။ ဒီတော့သူတို့ ရဲ့  ကဗျာကိုဖတ်ရတာ ပိုလွယ်တယ် ။ကျွန်တော့အယူအဆပါ။) ဒေါ်နယ်အလန် ရဲ့  အမေရိကန်ကဗျာသစ်နဲ့  အခြားအုပ်စုများ အမေရိကန်ကဗျာကိုလေ့လာတော့ အံ့အားသင့်စရာစာလုံးတစ်လုံးကိုတွေ့ ရတယ် ။ အဲဒါကတော့ ပေါင်းချုပ်စစ်ပွဲများ ( Anthology Wars ) ပါပဲ ။ အမေရိကန်ကဗျာလောကဟာ ပေါင်းချုပ်တွေ ( Anthology ) အတော်များများ ထွက်ရာအရပ် ဖြစ်တယ် ။ အထင်ကရမဟုတ်တဲ့ကဗျာသမားတွေ ၊ပါမောက္ခတွေဟာ သူတို့ ရဲ့ နာမည်ကိုတည်ဆောက်ဖို့ အတွက် ပေါင်းချုပ်တွေထုတ်ကြတယ် ။ တစ်ချို့ သောပေါင်းချုပ်တွေဟာ တစ်ကယ်ကိုအကျိုးရှိတဲ့ပေါင်းချုပ်တွေပါ ။ တစ်ချို့ ကတော့ ပေါင်းပြီးချုပ်ထားတဲ့ အဆင့်ထက်မပိုပါဘူး ။ ဒီတော့ပေါင်းချုပ်တွေကို ဝယ်ယူတဲ့အခါမှာ စာဖတ်သူဟာ စာအုပ်ဆိုင်ထဲမှ ရတဲ့အချိန်အကန့် အသတ်အတွင်းမှာ မြည်းကြည့် ၊ ချိန်ဆကြည့် နောက်တော့ ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန်ချပြီး ဝယ်ကြရပါတယ် ။ တစ်ခါတစ်လေ အိမ်ရောက်လို့  သေချာလှန်လှော ကြည့်မိကာမှ ထူးမခြားနားပတ်ပျိုးတွေနဲ့ လည်း ကြုံရတတ်ပါတယ် ။ ကဗျာနဲ့ ပတ်သက်ပြီး ပေါင်းချုပ်ကိုဝယ်တော့မယ်ဆိုရင် ကျွန်တော်က တည်းဖြတ်သူကို အရင်ဆုံးကြည့်ပါတယ် ။ ကဗျာသမားလား ၊ စကော်လာလား ။ ဒါဟာ ကျွန်တော့်အတွက် သိပ်ကိုအရေးပါပါတယ် ။ တည်းဖြတ်သူဟာ ကဗျာဆရာဆိုရင် သူ့ ပေါင်းချုပ်အစီအစဉ်ဟာ ကဗျာဘက်ကို အလေးသာမယ်လို့ ယူဆရပါတယ် ။ ကဗျာကောင်းတွေ ပါဖို့ များတယ် ။ တည်းဖြတ်သူဟာ စကော်လာဆိုရင် သူ့ ပေါင်းချုပ်ဟာအစီအစဉ်သေသပ်ပါလိမ့်မယ် ။ ကဗျာမကောင်းပေမယ့်နည်းစနစ်ရှုထောင့်က တင်ပြသင့်တယ်လို့  သူယူဆရင် ထည့်သွင်းပါလိမ့်မယ် ။ ပြီးတော့ သူ့ ရဲ့ ဝေဖန်ချက်နဲ့  မှတ်ချက်တစ်ချို့ ကို ကျွန်တော်တို့ ရကောင်းရနိုင်ပါတယ် ။ဒါကကျွန်တော့အယူအဆပါ ။ ဒီနေရာမှာတော့ ပေါင်းချုပ်ဝယ်မယ့်သူဟာ အင်မတန်မှ ပါးနပ်ဖို့  လိုတယ် ။ သူအရွေးမှားခဲ့ရင် သူ့ စာအုပ်စင်မှာစာအုပ်ထူထူကြီးတစ်အုပ်ပိုလာတာကလွဲပြီး တစ်ခြားအကျိုးမရှိနိုင်ပါ။ကျွန်တော့်ဘဝမှာကဗျာနဲ့ ပတ်သက်ပြီး ပေါင်းချုပ် လေးအုပ်လောက်ဝယ်ဖူးပါတယ် ။ဒီအထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ The Rattle Bag ဆိုတဲ့ကဗျာပေါင်းချုပ်ပါ ။တည်းဖြတ်သူကတော့ ကဗျာဆရာ နှစ်ယောက်ပါ ။ သာမန်ကဗျာဆရာတွေမဟုတ် ။ ကဗျာလောကရဲ့  ထိတ်ထိတ်ကြဲ နှစ်ဦးပါ ။ ရှေးမတ်ဟေနီ ( Seamus Heaney ) နဲ့  တက်ဟူးခ်ျ ( Ted Hughes ) တို့ ရဲ့ ပေါင်းချုပ်ဟာ သူတို့ ကဗျာတွေမဟုတ်ပဲ သူတို့ ကြိုက်တဲ့ကဗျာတွေကို စုထုတ်ထားတဲ့ ပေါင်းချုပ်ပါ ။ ဒီပေါင်းချုပ်ကို ဝယ်ဖို့ အတွက် ကျွန်တော်ဟာ ရက်သတ္တနှစ်ပတ်လောက် အချိန်ယူခဲ့ရတယ် ။ စာအုပ်ဆိုင်ကို နှစ်ခေါက်သွားခဲ့ပြီး တစ်အုပ်တည်းရှိတဲ့ အဲဒိစာအုပ်ကို တစ်ခြားသူ မ မသွားဖို့ အကြိမ်ကြိမ် ဆုတောင်းရင်း နောက်ဆုံးလက်ထဲရောက်လာမှ သက်ပြင်းချနိုင်ခဲ့တယ် ။ ( တစ်ခါတုန်းက ကဗျာအဘိဓာန်တစ်အုပ်နဲ့ လွဲခဲ့ဖူးတယ် ) အဓိကပြောချင်တာက ပေါင်းချုပ်ကိစ္စပါပဲ ။ ကဗျာလောကမှာ ရှေ့ ကပြောခဲ့သလို ပေါင်းချုပ်များစွာ ထွက်နေခဲ့တာဟာသိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့်ထူးထူးခြားခြားကဗျာလောကကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ပေါင်းချုပ်တွေဟာ အင်မတန်ရှားပါတယ် ။ ဒီထဲမှာ အမေရိကန်ကဗျာလောကရဲ့ အထင်ကရပေါင်းချုပ်တစ်အုပ်ကိုရွေးရရင် ဒေါ်နယ်အလန် ( Donal Allen ) ရဲ့ အမေရိကန်ကဗျာသစ် (The New American Poetry)ပါ... ဒေါ်နယ်အလန် ( Donal Allen ) ဟာကဗျာသစ်ဆိုတဲ့အမည်နာမကို အခြေချပေးနိုင်ခဲ့တယ် ။ဒီပေါင်းချုပ်ဟာ အခုထိသွေးသစ် ကဗျာဆရာတွေကို သြဇာသက်ရောက်မှု ရှိတယ်လို့ ဆိုတယ် ။ အလန်ဟာ သူ့ ပေါင်းချုပ်ကို ကဗျာဂိုဏ်း သုံးခုရဲ့ ကဗျာဆရာတွေနဲ့  တည်ဆောက်ခဲ့တယ် ။ အဲဒါတွေကတော့ ၁။ နယူးယောက်ဂိုဏ်း ( The New York School ) ၂။ အနက်ရောင်တောင်တန်းဂိုဏ်း ( The Black Mountain School ) ၃။ ဘိ(ထ)မျိုးဆက် ( The Beat Generation ) တို့ ကို အဓိကထား တည်ဆောက်ထားတဲ့ စာအုပ်ပေါင်းချုပ် ဖြစ်တယ် ။ * ( ဒီဂိုဏ်းတွေက ကျွန်တော့်ရဲ့  Noteတွေထဲမှာ ဖော်ပြပြီး ဖြစ်တယ် ။)
Posted on: Thu, 07 Nov 2013 16:46:38 +0000

Trending Topics



Recently Viewed Topics




© 2015