ပထမအကြိမ် - TopicsExpress



          

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့အစီအစဉ် [ ၈ - ၇ - ၂၀၁၃ ](တနင်္လာနေ့) ၅။ နိုင်ငံတော်သမ္မတက ပေးပို့သည့် အောက်ပါ သဝဏ်လွှာများကို တင်ပြခြင်းနှင့် ပြည်ထောင်စုလွှတ်တော် က မှတ်တမ်းတင်ခြင်း- (က) နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၅-၂-၂၀၁၃ ရက်မှ ၈-၃-၂၀၁၃ ရက်ထိ ဥရောပ (၅) နိုင်ငံဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း၊ (ခ) နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၁၃-၃-၂၀၁၃ရက်မှ ၂၀-၃-၂၀၁၃ ရက်ထိ နယူးဇီလန် နှင့် သြစတြေးလျဓနသဟာယ နိုင်ငံများသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ခြင်း၊ (ဂ) နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၅-၄-၂၀၁၃ ရက်မှ ၇-၄-၂၀၁၃ ရက်ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောင်းမြို့တွင် ကျင်းပသည့် ဘိုအောင်းဖိုရမ် အစည်းအဝေး တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း၊ (ဃ) နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၄-၄-၂၀၁၃ မှ ၂၅-၄-၂၀၁၃ ရက်ထိ ဘရူနိုင်းဒါရု ဆလမ်နိုင်ငံ၊ ဘန်ဒါစရီ ဘီဂါဝန်မြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း၊ (င) နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၉-၄-၂၀၁၃ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း၊ (စ) နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၁၇-၅-၂၀၁၃ မှ ၂၂-၅-၂၀၁၃ ရက်အထိ အမေရိကန်သမ္မတ Mr.Barak Obama ၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့သို့ တရားဝင်အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်း။ ၆။ နိုင်ငံတော်သမ္မတက သဝဏ်လွှာဖြင့် ပေးပို့သည့် ပြည်ထောင်စုဝန်ကြီးဌာန အမည်ပြောင်းလဲ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း။ ၇။ နိုင်ငံတော်သမ္မတက ပေးပို့သည့် ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးခန့်အပ် တာဝန်ပေးခြင်း နှင့် စပ်လျဉ်းသည့် သဝဏ်လွှာကို တင်ပြခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း။ ၈။ နိုင်ငံတော်သမ္မတက ပေးပို့သည့် ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ချထားရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် သဝဏ်လွှာကို တင်ပြခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခြင်း။ ၉။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အောက်ပါ ဥပဒေကြမ်းများကို မှတ်တမ်း တင်ခြင်း- (က) တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း၊ (ခ) လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်း၊ (ဂ) အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ (ဃ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ (င) ၂၀၁၃ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း။ ၁၀။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ကော်မတီဝင် အစားထိုး တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း။ ၁၁။ Convention on the Means of Prohibiting and Preventing the Illicit Import, Export and Transfer of Ownership of Cultural Property 1970 သို့ အတည်ပြုလက်မှတ်ရေးထိုး ဝင်ရောက်ခွင့်ရရှိ ရေးနှင့် စပ်လျဉ်း၍ ညောင်ဦးမဲဆန္ဒနယ်မှ ဦးအောင်ကြိုင်က ဆွေးနွေးခြင်း။ ၁၂။ အထက်ပါ ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းရန်ရှိပါက ရှင်းလင်းတင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၁၃။ မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်အုပ်စု၏ Multilateral Investment Guarantee Agency – MIGA Convention သို့ အတည်ပြု လက်မှတ်ရေးထိုး ဝင်ရောက်ရေးနှင့် အစုရှယ်ယာနှင့် အခြားသတ်မှတ် ဝင်ကြေးများ ထည့်ဝင်ရေး နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၁၄။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခြင်း၊ ဦးကြည်မြင့်(လသာမဲဆန္ဒနယ်) က သက်ဆိုင်ရာ အပိုဒ်အလိုက် ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၁၅။ ဦးတင်ထွတ်၊ ဇလွန်မဲဆန္ဒနယ်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သော အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆောလျင်စွာ အရေးယူဖြေရှင်း ဆောင်ရွက်ပေးရန် အဆိုတင်သွင်းခြင်း။ ၁၆။ အဆိုနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ အပိုင်း (၁) နှင့် အပိုင်း (၂) အပေါ် ဆွေနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၁၇။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံသားများ ရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၁၈။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၁၉။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၂၀။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၂၁။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၂၂။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၂၃။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၂၄။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၂၅။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၂၆။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၂၇။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၂၈။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။ ၂၉။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော လာဘ်ပေးလာလ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။ ၃၀။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယက က ကြေညာခြင်း။
Posted on: Mon, 08 Jul 2013 07:35:20 +0000

Trending Topics



Recently Viewed Topics




© 2015