ပိုးညို FB - TopicsExpress



          

ပိုးညို FB စစသုံးခြင်းတုန်းက ခုပိုးညိုဆိုတဲ့နာမည်မဟုတ်ပါဘူး တခြားနာမည်တစ်ခုနဲ့ပါ ဒါပေမဲ့သိပ်မသုံးဖြစ်တာရယ် passwordနဲ့account IDပြောင်းလိုက်တာတိုင်ပတ်ပြီးlockကျသွားပါတယ်။ဖြစ်ပုံက gmail ac လည်းgtalkကလော့ချလိုက်တာခံရတာကစတာပါ။(Hackခံရတာမဟုတ်ပါ။Gtalk teamကနေAuto lockလုပ်ခံရတာပါ။အကောင့်ထဲမှာထူးထူးဆန်းဆန်း ဘာမှမရှိလေတော့ပြန်ဆယ်မယူတော့ပဲထားလိုက်တော့တယ်။ဒါနဲ့Gmail A/Cအသစ်ဖွင့် အရင်အဟောင်းနဲ့ဖွင့်ထားတဲ့IDတွေအကုန်လိုက်ပြောင်းရတော့တာပေါ့။တခြားဟာတွေကျအေးအေးဆေးဆေးနဲ့အဆင်ပြေသွားပေမဲ့ FBကျမှတိုင်ပတ်တော့တာပဲ။original mailမရှိတော့ချိန်ဆိုတော့ပြန်ဆယ်မရတော့ အကောင့်ထဲမယ်မယ်ရရဘာမှမရှိတော့တာနဲ့ ခေါင်းစားခံပြီး ပြန်လဲရအောင်မယူတော့ပဲလွှတ်ထားလိုက်တော့တယ်။ အဲ့လိုနဲ့အတိုချုပ်ပြောရရင် ယခုပိုးညိုဆိုတဲ့အကောင့်လေးအသက်ပိုဝင်လာတာကတော့ MMAS / MMUG ရဲ့လက်တွဲခေါ်မှုကြောင့်ပါ။ အဲ့အတွက်လဲ MMAS ဟာ ပိုးညိုရဲ့တစိပ်တပိုင်းလို့တောင်ပြောလို့ရပါတယ်။ ထားပါ ပိုးညိုပြောချင်တာပိုးညိုနာမည် အကြောင်းပါ။ ဂျပန်အကြောင်းတစေ့တစောင်းသိသူများကတော့ နာမည်ကြားတာနဲ့ မြန်မာနာမည်မဟုတ်မှန်းသိလောက်ပါတယ်။ပိုးညိုဆိုတာ မြန်မာနာမည်မဟုတ်ပါဘူး။ ပိုးညိုcrazyဖြစ်တဲ့ဂျပန်Animation ဇာတ်ကောင်နာမည်ကို မြန်မာမှုပြန်ပြုထားတာပါ။ အဟဲ အဲ့ဂလိုကနေ ခုဆို နာမည်အရင်းလိုကိုဖြစ်နေပြီ။ သူများတွေမပြောနဲ့တခါတလေ ကိုယ့်ကိုကိုယ်တောင် ပိုးညိုဆိုတဲ့ နာမည်ရဲ့လွှမ်းမိုးသွားတာခံရသလိုပါပဲ။ ပိုးညိုဆိုတာ ဂျပန်မှာနာမည်ကြီး animation director ဆရာကြီး မီယဇခီ ဟယအို (Miyazaki Hayao)ရဲ့ နာမည်ကြီး ကာတွန်းတစ်ခုဖြစ်တဲ့ 崖の上のポニョ Gake no Ue no Ponyo( Ponyo on the Cliff by the Sea) ဆိုတဲ့ကားထဲက ရွှေငါးမလေး Ponyo ရဲ့နာမည်အသံထွက်ကိုပြန်ပြီးမြန်မာလိုယူရေးထားတာပါ။ အဲ့ဒါကြောင့် လူနဲ့နာမည်နဲ့ တခြားဆီဖြစ်နေသလို တချို့ကလဲပိုးညိုဆိုတဲ့နာမည်ကြောင့် ယောက်ျားလေးလို့ထင်ကြတာလဲရှိပါတယ်။ သေချာတာကတော့ အဲ့နာမည်ကို နာမည်အရင်းထက်တောင် ပိုကြိုက်နေသေး ဘာလို့ဆိုAnime ပိုးညိုလေးရဲ့ အခက်အခဲတွေကြားက တွန်းကန်ရုန်းထွက်နိုင်တဲ့ခွန်အားလေးကိုသဘောကျလို့ပါ။စိတ်ကူးယဉ်ကြည့်တာပေါ့ နောင်တချိန် (မည်သည့်အချိန်ဖြစ်လာမလဲတော့မပြောနိုင်သေးဘူးပေါ့နော်။)ပိုးညိုနဲ့ ညီလင်းသော် ရဲ့ မျိုးဆက်သစ်လေးကို ပိုးညိုဆိုပြီးနာမည်ပေးဖို့ ကြိုတွေးပြီးထားပြီ။ အဲ့အချိန်ကျ ဒီအကောင့်ပိုင်ရှင်ကလဲ အဲ့မျိုးဆက်သစ်လေး ဖြစ်သွားပါလိမ့်မယ်။ အဲ့ချိန်က မောင်ပိုးညို ဖြစ်သွားနိုင်သလို လက်ရှိအတိုင်း မပိုးညိုလဲဆက်ဖြစ်နိုင်ပါတယ်။
Posted on: Sat, 29 Jun 2013 19:28:27 +0000

Trending Topics



Recently Viewed Topics




© 2015