ဖြူဖြူ လူတစ်ယောက်ကို - TopicsExpress



          

ဖြူဖြူ လူတစ်ယောက်ကို သတိရတဲ့အခါ မရပါနဲ့လို့ အတင်းတားလို့ မရဘူး ဒါပေမယ့် သတိတော့ရပါ ။ အဲဒီ့ထက် မပိုစေနဲ့ ။ ဖြူဖြူရေ လောကမှာ စိတ်ဓါတ်ပြက်သားပြီး အသိဥာဏ်ကြီးသူတွေသာ အောင်မြင်မှု ရကြတာ ပါ ။ အဲဒီတော့ကာ သတိတော့ရချင်ရပါ။ ပြီးရင် မေ့ထားလိုက်ပါ။ အချိန်တွေက သိပ်တန်ဖိုးရှိတယ် ဖြူ ရ။ လူတစ်ယောက်ကြောင့် အဖိုးတန်အချိန်တွေကို အလဟသ မဖြုန်းတီးမိစေနဲ့ ။ လုပ်စရာရှိတာတွေကို ကြိုးကြိုးစားစားလုပ် ။ ဒါမှ ဖြူဟာ နောင်တကင်းပြီး ပျော်ရွှင်တဲ့လူတစ် ယောက်ဖြစ်မှာ ။ မှတ်မိတယ်နော် ။good person ဖြစ်ဖို့ ကိုယ်အမှုအယာ နဲ့ နှုတ်အမူအယာ ကောင်းမန် တည်ကြည်ရမယ်… right person ဖြစ်ဖို့ ကိုယ် နှုတ် စိတ် သန့်ရှင်းရမယ် စိတ်သန့်ရှင်းဖို့ သမာဓိကောင်းအောင်းလုပ်ရမယ် သမာဓိကောင်းဖို့ ဝိပသနာ ရှုပြီး သန့်စင်စေရမယ် နောက်ဆုံး novel person ဖြစ်ဖို့အတွက် သီလ သမာဓိ ပညာ ပြီးတော့ မေတ္တာ ပညာတတ်အောင် တော်အောင် အားထုတ်ရမယ် အားလုံးပြည့်စုံပြီဆိုရင် နှလုံးသားထဲမှာ မေတ္တာကိန်း ရမယ်… ကဲ ဖြူ ရေ နင် ဘယ် အ ဆင့် ရောက် ပြီ လဲ … ခုရော သတိရခြင်းနဲ့ပဲ အချိန်ကုန်ချင်သေးလား လူ့ဘဝက တိုတောင်းတယ်… အချိန်ကတော့ အကုန်မြန်တယ် …ဖြူ ဖြူဖြူ နိုဝင်ဘာလ သုံးရက်နေ့ ည ကိုးနာရီ လေးဆယ့်ခြောက်မိနစ် ပေါင်းတည်မြို့ ။
Posted on: Sun, 03 Nov 2013 15:17:50 +0000

Recently Viewed Topics




© 2015