ဗိတိန်မိန်းကလေး ၂ ဦးကို - TopicsExpress



          

ဗိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက် ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့် ပက် (page 15/world) ဗြိတိန်သူ မိန်းကလေး (၂)ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် မွတ်ဆလင် တရားဟောဆရာ တစ်ဦးအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အယူဝါ ဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက် ခဲ့ခြင်း ဖြစ်သည်။ ဘက်ထရီသုံး အက်ဆစ် သည် ပြင်းထန်လွန်းပြီး မိန်းကလေး နှစ်ဦး၏ အဝတ်အစားများ မိနစ်ပိုင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို အရေပြားများပါ လောင်ကျွမ်းကုန်သည် အစ်ဆာကို ခြေရာခံ ရှာဖွေသော ရဲများသည် နိုင်ငံ၏မြို့တော် ဒါအက်စ်ဆာလမ် အနီးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အစ်ဆာအား မီးခုံးဗုံး သေနတ်ကျည်ဖူးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ သူငယ်ချင်း နှစ်ဦးဖြစ်သော ကေတီဂီးနှင့် ခရစ္စတီထရပ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ခြောက်ခြားစရာ ဖြစ်စဉ်အတွင်း လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ လန်ဒန်ရှိ ဝက်စ်မင်နစ်စတာ ဆေးရုံမှ ဆရာဝန်များက မိန်းကလေး နှစ်ဦး၏ အခြေအနေသည် စိတ်ချရလောက်အောင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် တန်ဇန်းနီးယား ကမ်းလွန်တွင် တည်ရှိပြီး တန်ဇန်းနီးယား အစိုးရ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသအဖြစ် ရပ်တည်နေသော ဇင်ဇီဘာကျွန်းသို့ အားလပ်ရက် အပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မိန်းကလေး နှစ်ဦးကို မိဘများက ချက်ချင်းလိုလို လန်ဒန်သို့ ပြန်လည် ခေါ်ဆောင်လာကာ ကုသမှု ခံယူစေခြင်း ဖြစ် သည်။ ဆေးရုံမှ ဆရာဝန် တစ်ဦးက လူနာတွေဟာ လောလော ဆယ် ဆေးရုံမှာ သက်တောင့်သက်သာ အနားယူနေပါတယ်။ သူတို့ကို မိသားစုတွေက တစ်နေကုန် စောင့်ကြည့်နေကြတယ်။ နှစ်ယောက်စလုံးကို ဆက်ပြီး ကုသမှု ပေးနေဆဲပါဟု ပြောကြားခဲ့သည်။ ဗြိတိန် လွှတ်တော်ရှိ တိုရေးအမတ် ဘီလ်ကက်ရှ်က နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် တန်ဇန်းနီးယားနှင့် ဇင်ဇီဘာတို့သို့ သွားရောက် လည်ပတ်သည့် ဗြိတိန်နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ ယခုဖြစ်စဉ်သည် သာမန် ရာဇဝတ်မှု တစ်ခုထက် လွန်ကဲကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း တန်ဇန်းနီးယားသို့ လည်ပတ်မှု လမ်းညွှန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်ကို သောကြာနေ့က ရေးသား လွှင့်တင်ခဲ့သည်။ မိန်းကလေး နှစ်ဦး၏ မိသားစုက Twitterတွင် လွှင့်တင်သော ဓာတ်ပုံ၌ အရေပြား၌ ဆိုးရွားသော လောင်ကျွမ်းမှုများကို တွေ့မြင်နိုင်သည်။ မိန်းကလေး တစ်ဦး၏ ဒဏ်ရာမှာ အခင်းဖြစ်ပွားစဉ် ကူညီသူများက ညစ်ညမ်းသော ရေများ သုံးမိသဖြင့် ပိုးဝင်ပြီး အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်းလည်း သိရှိရသည်။ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သော စတုန်းတောင်းတွင် သူငယ်ချင်းများက ပင်လယ်ရေများကိုခပ်ကာ လောင်ကျွမ်းဒဏ်ရာကို ဆေးကြောပေးပြီး ကျန်တစ်ဦးမှာမူ အိမ်သာထဲမှ ရေများကို အသုံးပြုခဲ့မိခြင်း ဖြစ်သည်။ အက်ဆစ်ရယ်၊ ဆားငယ်ရေရယ်ဆိုတော့ ရလဒ်က တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကြောက်ကြောက်လန့်လန့် ဖြစ်ပြီး လျှောက်ပြေးရာက အများသုံး အိမ်သာထဲ ရောက်သွားတယ်။ အဲဒီမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးလိုက်မိတယ်လေဟု ထရပ်၏ ဖခင်က ဆိုသည်။ ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ (၅)ဦးကို မေးမြန်းခဲ့ပြီး မော်တော် ဆိုင်ကယ် စီးလာသူနှစ်ဦးက မိန်းကလေးများ လမ်းလျှောက်လာစဉ် အက်ဆစ်ဖြင့် ပက်သွားခြင်းဟု ထွက်ဆိုခဲ့ကြသည်။ မိန်းကလေးတွေနောက် ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်သွားတယ်။ ပြီးတော့ အရည်တွေ လောင်းပက်သွားတာပဲ။ ဒါက အက်ဆစ်လို့ ထင်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်ဟု မျက်မြင်တစ်ဦးက ဆိုသည်။ မိန်းကလေးများသည် သူငယ်ချင်းများနှင့်အတူ ညစာစားရန် လမ်းလျှောက်လာစဉ် ယခုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ သတင်းများက အစ်ဆာသည် အစွန်းရောက် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အူရမ်ရှိုနှင့် ဆက်စပ်မှု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အစ်ဆာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ၎င်း၏ ကြံရာပါနှင့် ပတ်သက်၍ တိတိကျကျ မသိရှိရသေးချေ။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဇင်ဇီဘာကျွန်းသည် အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး မိန်းကလေးများက အပန်းဖြေခရီး ထွက်လာရင်း စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။ Planet Myanmar Network Thit Htoo Lwin - World News သြစီရဲ့ ပါပူဝါနယူးဂနီ အစီအစဉ် မအောင်မြင်နိုင်လို့ ဆိုကြ တိုင်ဖွန်းမိုင်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူ ၂၃ ဦး ပျောက်ဆုံး ဆီးရီးယား ကာ့ဒ် လူမျိုးများကို ကာကွယ်ရန် ဝင်ရောက် စွက်ဖက်မည်ဟု အီရတ် ကာ့ဒ်ခေါင်းဆောင် ခြိမ်းခြောက် ဖိလစ်ပိုင်တပ်ဖွဲ့နှင့် မွတ်ဆလင် သူပုန်များ တိုက်ပွဲဖြစ် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေး ပြည်သူ့အသံ နားထောင်လို၍ တက္ကစီမောင်းသည့် နော်ဝေးဝန်ကြီးချုပ် ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက် သတိပေးမှုတွေကြား အီဂျစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား အီဂျစ်သမ္မတဟောင်းမော်စီ ချုပ်ရက်သက်တမ်းတိုး အီဂျစ် သပိတ် နောက်ဆုံးအခြေအနေ နိုင်ငံခြားအလုပ် လိမ်ညာတဲ့ပွဲစားကို အပြစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အတည်ပြု ? Ditulis Oleh : Thit Lwin Hari: 11:17 AM Kategori: World News ‹ ပြည်သူ့အသံ နားထောင်လို၍ တက္ကစီမောင်းသည့် နော်ဝေးဝန်ကြီးချုပ် ကရင်အာဇာနည်နေ့ သံတောင်တွင် နှစ် ၆၀ကျော်အတွင်း ပထမဦးဆုံးကျင်းပ › Last 30 Days Pageviews 12651903 Share on facebook Share on twitter Share on email Share on print More Sharing Services 4 ? ? ဗိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက် ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့် ပက် (page 15/world) ဗြိတိန်သူ မိန်းကလေး (၂)ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် မွတ်ဆလင် တရားဟောဆရာ တစ်ဦးအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အယူဝါ ဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက် ခဲ့ခြင်း ဖြစ်သည်။ ဘက်ထရီသုံး အက်ဆစ် သည် ပြင်းထန်လွန်းပြီး မိန်းကလေး နှစ်ဦး၏ အဝတ်အစားများ မိနစ်ပိုင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို အရေပြားများပါ လောင်ကျွမ်းကုန်သည် အစ်ဆာကို ခြေရာခံ ရှာဖွေသော ရဲများသည် နိုင်ငံ၏မြို့တော် ဒါအက်စ်ဆာလမ် အနီးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အစ်ဆာအား မီးခုံးဗုံး သေနတ်ကျည်ဖူးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ သူငယ်ချင်း နှစ်ဦးဖြစ်သော ကေတီဂီးနှင့် ခရစ္စတီထရပ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ခြောက်ခြားစရာ ဖြစ်စဉ်အတွင်း လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ လန်ဒန်ရှိ ဝက်စ်မင်နစ်စတာ ဆေးရုံမှ ဆရာဝန်များက မိန်းကလေး နှစ်ဦး၏ အခြေအနေသည် စိတ်ချရလောက်အောင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် တန်ဇန်းနီးယား ကမ်းလွန်တွင် တည်ရှိပြီး တန်ဇန်းနီးယား အစိုးရ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသအဖြစ် ရပ်တည်နေသော ဇင်ဇီဘာကျွန်းသို့ အားလပ်ရက် အပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မိန်းကလေး နှစ်ဦးကို မိဘများက ချက်ချင်းလိုလို လန်ဒန်သို့ ပြန်လည် ခေါ်ဆောင်လာကာ ကုသမှု ခံယူစေခြင်း ဖြစ် သည်။ ဆေးရုံမှ ဆရာဝန် တစ်ဦးက လူနာတွေဟာ လောလော ဆယ် ဆေးရုံမှာ သက်တောင့်သက်သာ အနားယူနေပါတယ်။ သူတို့ကို မိသားစုတွေက တစ်နေကုန် စောင့်ကြည့်နေကြတယ်။ နှစ်ယောက်စလုံးကို ဆက်ပြီး ကုသမှု ပေးနေဆဲပါဟု ပြောကြားခဲ့သည်။ ဗြိတိန် လွှတ်တော်ရှိ တိုရေးအမတ် ဘီလ်ကက်ရှ်က နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် တန်ဇန်းနီးယားနှင့် ဇင်ဇီဘာတို့သို့ သွားရောက် လည်ပတ်သည့် ဗြိတိန်နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ ယခုဖြစ်စဉ်သည် သာမန် ရာဇဝတ်မှု တစ်ခုထက် လွန်ကဲကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း တန်ဇန်းနီးယားသို့ လည်ပတ်မှု လမ်းညွှန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်ကို သောကြာနေ့က ရေးသား လွှင့်တင်ခဲ့သည်။ မိန်းကလေး နှစ်ဦး၏ မိသားစုက Twitterတွင် လွှင့်တင်သော ဓာတ်ပုံ၌ အရေပြား၌ ဆိုးရွားသော လောင်ကျွမ်းမှုများကို တွေ့မြင်နိုင်သည်။ မိန်းကလေး တစ်ဦး၏ ဒဏ်ရာမှာ အခင်းဖြစ်ပွားစဉ် ကူညီသူများက ညစ်ညမ်းသော ရေများ သုံးမိသဖြင့် ပိုးဝင်ပြီး အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်းလည်း သိရှိရသည်။ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သော စတုန်းတောင်းတွင် သူငယ်ချင်းများက ပင်လယ်ရေများကိုခပ်ကာ လောင်ကျွမ်းဒဏ်ရာကို ဆေးကြောပေးပြီး ကျန်တစ်ဦးမှာမူ အိမ်သာထဲမှ ရေများကို အသုံးပြုခဲ့မိခြင်း ဖြစ်သည်။ အက်ဆစ်ရယ်၊ ဆားငယ်ရေရယ်ဆိုတော့ ရလဒ်က တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကြောက်ကြောက်လန့်လန့် ဖြစ်ပြီး လျှောက်ပြေးရာက အများသုံး အိမ်သာထဲ ရောက်သွားတယ်။ အဲဒီမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးလိုက်မိတယ်လေဟု ထရပ်၏ ဖခင်က ဆိုသည်။ ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ (၅)ဦးကို မေးမြန်းခဲ့ပြီး မော်တော် ဆိုင်ကယ် စီးလာသူနှစ်ဦးက မိန်းကလေးများ လမ်းလျှောက်လာစဉ် အက်ဆစ်ဖြင့် ပက်သွားခြင်းဟု ထွက်ဆိုခဲ့ကြသည်။ မိန်းကလေးတွေနောက် ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်သွားတယ်။ ပြီးတော့ အရည်တွေ လောင်းပက်သွားတာပဲ။ ဒါက အက်ဆစ်လို့ ထင်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်ဟု မျက်မြင်တစ်ဦးက ဆိုသည်။ မိန်းကလေးများသည် သူငယ်ချင်းများနှင့်အတူ ညစာစားရန် လမ်းလျှောက်လာစဉ် ယခုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ သတင်းများက အစ်ဆာသည် အစွန်းရောက် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အူရမ်ရှိုနှင့် ဆက်စပ်မှု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အစ်ဆာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ၎င်း၏ ကြံရာပါနှင့် ပတ်သက်၍ တိတိကျကျ မသိရှိရသေးချေ။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဇင်ဇီဘာကျွန်းသည် အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး မိန်းကလေးများက အပန်းဖြေခရီး ထွက်လာရင်း စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။ Planet Myanmar Network Thit Htoo Lwin - World News သြစီရဲ့ ပါပူဝါနယူးဂနီ အစီအစဉ် မအောင်မြင်နိုင်လို့ ဆိုကြ တိုင်ဖွန်းမိုင်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူ ၂၃ ဦး ပျောက်ဆုံး ဆီးရီးယား ကာ့ဒ် လူမျိုးများကို ကာကွယ်ရန် ဝင်ရောက် စွက်ဖက်မည်ဟု အီရတ် ကာ့ဒ်ခေါင်းဆောင် ခြိမ်းခြောက် ဖိလစ်ပိုင်တပ်ဖွဲ့နှင့် မွတ်ဆလင် သူပုန်များ တိုက်ပွဲဖြစ် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေး ပြည်သူ့အသံ နားထောင်လို၍ တက္ကစီမောင်းသည့် နော်ဝေးဝန်ကြီးချုပ် ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက် သတိပေးမှုတွေကြား အီဂျစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား အီဂျစ်သမ္မတဟောင်းမော်စီ ချုပ်ရက်သက်တမ်းတိုး အီဂျစ် သပိတ် နောက်ဆုံးအခြေအနေ နိုင်ငံခြားအလုပ် လိမ်ညာတဲ့ပွဲစားကို အပြစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အတည်ပြု ? Ditulis Oleh : Thit Lwin Hari: 11:17 AM Kategori: World News ‹ ပြည်သူ့အသံ နားထောင်လို၍ တက္ကစီမောင်းသည့် နော်ဝေးဝန်ကြီးချုပ် ကရင်အာဇာနည်နေ့ သံတောင်တွင် နှစ် ၆၀ကျော်အတွင်း ပထမဦးဆုံးကျင်းပ › Last 30 Days Pageviews 12651903 Share on facebook Share on twitter Share on email Share on print More Sharing Services 4 ? ?
Posted on: Tue, 13 Aug 2013 12:09:33 +0000

Trending Topics



Recently Viewed Topics




© 2015