မြောင်းမြရဲ့စခန်းနှင့် - TopicsExpress



          

မြောင်းမြရဲ့စခန်းနှင့် ဦးအန်းကူ။ တရားခံအဖြစ်အသုံးချခံကလေးငယ်တစ်ဦး။ ငွေကြေးရှိတော့ အကျင့်ပျက်လိုင်စင်ရလူမိုက် အာဏာပိုင်နဲ့ပေါင်း လူသားချင်းမစာနာပဲ ကိုယ့်သားသမီးအရွယ်ကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကိုယ်အင်္ဂါပျက်ယွန်းသည်အထိ ညှင်းပမ်းနှိပ်စက်မှုတွေပြု။ မြောင်းမြရဲစခန်းက ဥပဒေမဲ့စွာပြုမူလိုက်တဲ့ ရင်နင့်ဖွယ်အဖြစ်ကလေးပါ။ ကံနဲ့ကံရဲ့အကျိုးကိုမသိတော့ ရဲစခန်းက ရဲ ကလည်း ပိုက်ဆံမျက်နှာကိုကြည့်ပြီး ကိုယ့်သားကိုယ့်တူအရွယ်လေးကို သခင်အားရ ကျွန်စာဝ သဘောနဲ့ စံပြနှိပ်စက်ပြကြတယ်။ မိမိနှိပ်စက်ရုံတင်မက ပြင်ပလူကိုလည်း ပိုက်ဆံမျက်နှာထောက်ပြီး ၀င်ရောက်နှိပ်စက်ခွင့်ပေးထားကြတယ်။ ဦးအန်းကူ ခမျာ မိမိရဲ့အကုသိုလ်ကံအကြောင်းကြောင့် ရလာတဲ့ မသန်မစွမ်းသားသမီးတစ်ယောက်ရှိနေတာတောင်မှ သူတစ်ပါးသားသမီးကို အင်္ဂါချွတ်ယွမ်းသည်အထိ ငွေကြေးသုံးပြီး နှိပ်စက်ခဲ့တယ်။ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုလုံးဟာ တရုတ်စီးပွါးရေးလုပ်ငန်းရှင်နှင့် ခရိုနီလူချမ်းသာတွေရဲ့ ခါးပိုက်ထဲရောက်နေတဲ့သဘောကို ပြသနေခြင်းပင်။ ဗမာပြည် Democratic transition အကူးအပြောင်းမှာ အဓိကတည်ဆောက်ရမဲ့ မဏ္ဍိုင်က တရားရေးမဏ္ဍိုင်ပဲ (Legislative Branch) ဖြစ်ပါတယ်။ စစ်မှန်တဲ့ တရားရေးကျင့်ထုံး တွေ(Genuin Legislative process ) မပေါ်ပေါက်သေးသရွေ့ ဒီအကူးအပြောင်းကို နှောက်နှေးစေမှာဖြစ်သလို ဒီမိုကရေစီနိုင်ငံရေး ( Democratic Politics ) ကိုဦးမတည်နိုင်ပဲ စစ်အာဏာရှင်အောက်ရောက်မဲ့အန္တရာယ်နဲ့လည်း ကြုံရတတ်ပါတယ်။ တရားဥပဒေစိုးမိုးမှု ( Rule of Law) ဆိုတဲ့ ဖောင်ဒေးရှင်း ပေါ်မှာသာ အခြားသော နိုင်ငံရေး၊ လူမှုရေး ၊ စီးပွါးရေးအသီးအပွင့်တွေ ဖြစ်ထွန်းအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ တိုင်းသူပြည်သားတွေကို ကိုယ်စားမပြုပဲ တစ်သီးပုဂ္ဂလ လိုင်စင်ရလုပ်ချင်ရာလုပ်ခွင့်ရှိတဲ့အဖွဲ့အသီး ဖြစ်ပြီး။ လူနည်းစုခရိုနီတစ်စုရဲ့ အကျိုးစီးပွါးတစ်ခုအတွက်သာ ကိုယ်စားပြုနေလျှင် ဗမာပြည် ဒီမိုကရေစီ နိုင်ငံရေးနှင့် ဝေးနေသေးသည်ဟု ဆိုရမည်ထင်၏။
Posted on: Sat, 09 Nov 2013 02:29:55 +0000

© 2015