မစ်မြန်မာခင်ဝင့်ဝါ၏ - TopicsExpress



          

မစ်မြန်မာခင်ဝင့်ဝါ၏ ပရိသတ်သို့ စကားသံ.............. ညီမ အစက official voting မှာ မဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။ အဲဒါကလည်း ညီမကိုချစိတဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit/Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာ မတွင်ကျယ်သလို ပရိသတ်ကြီးပိုက်ဆံကုန်မှာစိုးလို့ ပါ။ နောက်ပြီး နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက credit/debit card အားလုံးမှာရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။ အခု ညီမကို ချစ်တဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ်ကြီးတွေက ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။ ပရိသတ်ကြီးတို့ ကုန်သွားတဲ့ပိုက်ဆံတွေ အလကားမဖြစ်ရအောင် ညီမ Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေအားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်.....
Posted on: Thu, 05 Sep 2013 20:33:24 +0000

Trending Topics



Recently Viewed Topics




© 2015