မြန်မာသမ္မတ ၂၀၁၅ - TopicsExpress



          

မြန်မာသမ္မတ ၂၀၁၅ ရွေးကောက်ပွဲတွင် မြ ပိုင်တော့ (The Diplomat 26 Oct 2013 “Burma’s President will not run in 2015 elections” သတင်းကို ဘာသြာ ပန်ဆိုသည်) ပြင်ပကမ္ဘာနှင့် မရောမနှော အထီးကျန်နေရာမှ ပြန်လ ည်ပေါင်းစည်းခဲ့သည့် မြန်မာနိုင်ငံ၏ အရွေ့ကို ကြီးကြပ် ခဲ့သူ သမ္မတဦးသိန်းစိန်က လာမည့် ၂၀၁၅ ရွေးကောက် ပွဲတွင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင် တော့မည်မ ဟုတ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ တွင် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာ ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အနာဂါတ်ခေါင်းေ ဆာင်ပိုင်းကိစ္စအပေါ် မရေရာမှုများဖြစ်ပေါ်စေပြီး နိုင်ငံေ ရးနယ်ပယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ဒီမို ကရက်တစ်များနှင့် တပ်မတော်အစိုးရ လိုလားသောေ ဖာက်ပြန်ရေးအင်အားစုများအကြား ပြိုင်ဆိုင်မှုပေါ်ပေါ က်လာစေနိုင်သည်။ ၎င်းဆုံးဖြတ်ချက်သည် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တ စ်ဦးဖြစ်သူ လွှတ်တော်ဥက္ကဌဦးရွှေမန်းမှ တစ်ဆင့် နိုင်ငံ တကာ မီဒီယာများသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။ Reuters သတင်းတွင် “၂၀၁၁ ခုနှစ်က ဖျက်သိမ်းခဲ့သော တပ်မေ တ်ာအစိုးရဟောင်း တွင် ဦးသိန်းစိန်ထက် ရာထူးမြင့်သူ ဦးရွှေမန်းသည် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းပြီး လွှတ်တော်အမတ်များ၏ လေးစားခြင်းခံရသူဖြစ်၍ ပြုပြ င်ပြောင်းလဲလိုစိတ်ရှိသူ အလယ်အလတ်ဝါဒီတစ်ဦးဟု သတ်မှတ်ခံရသည့်အပြင် သမ္မတရွေးပွဲဝင်လိုသော ဆန္ဒကို မဖုံးမကွယ်ထုတ်ဖော်ခဲ့သူ ဖြစ်သည်” ဟု ရေးသား ထားသည်။ မြန်မာနိုင်ငံ၌ အသွင်ကူးပြောင်းရေးကို ဦးတည်သည့်ေ မျှာ်လင့်မထားသော လမ်းကြောင်းပုံစံတွင် သမ္မတအဖြ စ် ဦးသိန်းစိန်ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန် သည် ၎င်း၏ စီးပွားရေးမူဝါဒများ၊ တိုင်းရင်းသားလက် န က်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ ဒေါ်အော င်ဆန်းစုကြည်နှင့် NLD ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ြ ပုသည့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်တွင်းြ ပည်ပတွင် အသိအမှတ်ပြု ချီးကျူးခြင်းခံရသည့် ဦးသိန်းစိ န်က ၎င်း၏ ဒုတိယသက်တမ်း ပြန်လည်ယှဉ်ပြိုင်ရေး ဆုံးဖြတ်ချက်သည် ကျန်းမာရေးအခြေအနေနှင့် လူထုသေ ဘာထားဆန္ဒအပေါ် မူတည်နေကြောင်း ယခင်ကတည်း က ပြောကြားထားပြီး ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ပြည်ပအင်အားကြီး နိုင်ငံများသာမကပဲ အိမ်နီးချင်းနိုင်ငံများအားလုံးနှင့်ပါ ရင်းနှီးသော ဆက်ဆံရေးထူထောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးကဏ္ဍကိုလည်း အခြေခံကျကျ ပြုပြင်ပြောင်း လဲပေးခဲ့သည်။ ၎င်း၏ ယခုနှစ် အစောပိုင်း အမေရိကန်ြ ပည်ထောင်စု ခရီးစဉ်သည် ၄၇ နှစ်အတွင်း မြန်မာနိုင်ငံ အကြီးအကဲတစ်ဦး ပထမဆုံးအကြိမ်ဝါရှင်တန်သို့ ခြေချ မှုအဖြစ် မှတ်တမ်းဝင်သွားသည်။ တစ်ချိန်တည်းမှာပင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံး ကိုလည်း စီးပွားရေးကိ စ္စများနှင့် ပတ်သက်၍ စည်းရုံးလုပ်ဆောင်ခဲ့သည်။ မြန်မာ နိုင်ငံတွင် တရုတ်တို့အပေါ် ရှုမြင်ပုံသည် စီးပွားရေးလု ပ်ထုံးလုပ်နည်းများ၊ ပြည်တွင်းပြုပြင်ပြောင်းလဲမှုများ၏ ရ လဒ်အဖြစ် ထွက်ပေါ်လာသော်လည်း မရှေးမနှောင်းမှာ ပင် အပြုသဘောဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းမှုများကို ပြုလုပ်ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် ပိုမိုရ င်းနှီးလာခဲ့ သည်။ အိန္ဒိယသည် မကြာသေးမှီကပင် မြန် မာနိုင်ငံသို့စစ်ဖက်နည်းပညာတစ်ခုကို ရောင်းချပေးခဲ့ပြီး ၊ စီးပွားရေးအရ မြန်မာနိုင်ငံနှင့်ဆက်လက် ထိတွေ့ဆ က်ဆံလျက်ရှိသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို မဟာဗျူဟာ မြောက် အရေးပါသော ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး၊ အိန္ဒိယနိုင်ငံကမူ ၎င်း တို့၏ ရေရှည်ခံ အရှေ့မျှော်မူဝါဒ၏ ပထမဆုံးစခန်းအဖြစ် ရှုမြင်သည်။ ထို့အပြင် ဒေသတွင်း အဖွဲ့အစည်း၏ အလှ ည့် ကျ ဥက္ကဌတာဝန်ကို ယခုလအတွင်း လက်ခံလိုက်ပြီ ဖစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အရေးပါသော မို င်တိုင်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုက ထုတ်လုပ်ပေးလိုက်သော အရှိန်အ ဟုတ် အိန္ဒိယနှင့် တရုတ်အကြားတွင် ရပ်တည်မှု စသ ည်တို့ကို ထည့်သွင်းစဉ်းစားပါက မြန်မာနိုင်ငံ၏ နောက် တက်မည့် သမ္မတသည် အာရှဒေသတွင်း ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းရင်း တိုင်းပြည်ကို လက်ရှိလမ်ြးေ ကာင်းအတိုင်း ဆက်သွားရမည့် ခက်ခဲသောတာဝန်ကို ရင်ဆိုင်ရပေလိမ့်မည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကမ္ဘာသို့ဝင်ဆန့်ပေါင်းစည်းရေးအတွက် အသွင် ပြောင်းလမ်းကြောင်းအတိုင်း ဆက်သွားနေသည့်အေ လျှာက် စိန်ခေါ်မှုများကလည်း နည်းလိမ့်မည်မဟုတ်သောကြောင့် တိုင်းပြည်ကို ရှေ့သို့ဆက်တွန်းရန်အတွက် အြ မင်ကျယ်သော ခေါင်းဆောင်မျိုးကို လိုအပ်ပေလိမ့်မည်။ အာဆီယံဥက္ကဌနေရာကို လက်ခံတာဝန်ယူခြင်းနှင့် ပတ် သက်၍ သမ္မတဦးသိန်းစိန်က “အခုအချိန်မှာ ကျွန်တော် တို့ နိုင်ငံသားတွေနဲ့ တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို အနီးကပ်စောင့်ကြည့်နေကြပါတယ်”ဟု ပြောကြားခဲ့သ ည်။ ၂၀၁၅ တွင်လည်း အလားတူ စောင့်ကြည့် ခြင်းကို ခံရပေလိမ့်ဦးမည်။ Yangon chronicl
Posted on: Wed, 30 Oct 2013 06:09:30 +0000

Trending Topics



Recently Viewed Topics




© 2015