မြန်မာနိုင်ငံတွင် - TopicsExpress



          

မြန်မာနိုင်ငံတွင် အခွန်ဆောင်သူ လုပ်ငန်းရှင် ရာခိုင်နှုန်း ၃၀ မှာ အခွန်မဆောင်သူ လုပ်ငန်းရှင်ကြီးများနှင့် ယှဉ်ပြိုင် လုပ်ကိုင်နေရ Created on Monday, 12 August 2013 22:37 မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအနက် လုပ်ငန်းရှင် ရာခိုင်နှုန်း ၃၀ မှာ အခွန်မဆောင်သူ လုပ်ငန်းရှင်ကြီးများနှင့် ယှဉ်ပြိုင်လုပ်ကိုင် နေရကြောင်း International Growth Center(LSE/ Oxford) မှ စီးပွားရေး ပညာရှင် Mr.Andrea Smurra က ပြောကြားသည်။ 'မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်များရဲ့ ရာခိုင်နှုန်း ၃၀ ဟာ အခွန်မဆောင်သူ လုပ်ငန်းရှင်ကြီးတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင် နေရပါတယ်။ လုပ်ငန်းရှင် အများစုဟာ အခွန်မဆောင်ကြဘူး။ လုပ်ငန်းကြီးကြီး လုပ်နေတဲ့ သူတွေက အခွန်မဆောင်တာဟာ တိုင်းပြည်အတွက် အရမ်းကို နစ်နာပါတယ်။ လူတိုင်း လုပ်ငန်းတိုင်း အခွန်ဆောင်ဖို့ လိုတဲ့အတွက် အခွန်တွေ မှန်မှန်ကန်ကန် ကောက်ခံရဖို့ လိုပါတယ်။ အထူးသဖြင့် လုပ်ငန်းရှင်ကြီးတွေ အခွန်ပေးဆောင်ဖို့ လိုပါတယ်' ဟု စီးပွားရေး ပညာရှင် Mr.Andrea Smurra က ပြောကြားသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ တွင် GDP ၏ ရာခိုင်နှုန်း ၁၇၊ စင်ကာပူ နိုင်ငံတွင် GDP ၏ ရာခိုင်နှုန်း ၁၄ ပေးဆောင် နေရသော်လည်း မြန်မာနိုင်ငံတွင်မူ GDP ၏ လေးရာခိုင်နှုန်း အောက်သာ အခွန်စည်းကြပ်မှု ရှိကြောင်း စီးပွားရေး ပညာရှင် Mr.Andrea Smurra က ပြောကြားသည်။ မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်များရဲ့ ရာခိုင်နှုန်း ၃၀ ဟာ အခွန်မဆောင်သူ လုပ်ငန်းရှင်ကြီးတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင် နေရပါတယ်။ လုပ်ငန်းရှင် အများစုဟာ အခွန်မဆောင်ကြဘူး။ လုပ်ငန်းကြီးကြီး လုပ်နေတဲ့ သူတွေက အခွန်မဆောင်တာဟာ တိုင်းပြည်အတွက် အရမ်းကို နစ်နာပါတယ်။ လူတိုင်း လုပ်ငန်းတိုင်း အခွန်ဆောင်ဖို့ လိုတဲ့အတွက် အခွန်တွေ မှန်မှန်ကန်ကန် ကောက်ခံရဖို့ လိုပါတယ်။ အထူးသဖြင့် လုပ်ငန်းရှင်ကြီးတွေ အခွန်ပေးဆောင်ဖို့ လိုပါတယ်... 'မြန်မာနိုင်ငံရဲ့ အခွန်စည်းကြပ် ကောက်ခံမှုဟာ GDP ရဲ့ လေးရာခိုင်နှုန်း အောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အခွန်ဝင်ငွေ နည်းတော့ အစိုးရက အများပြည်သူသုံး ပစ္စည်းတွေအတွက် သိပ်လုပ်မပေးနိုင်ဘူး။ နောက်တစ်ခုက အခွန်ဝင်ငွေ အများစုက ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါတွေကိုလည်း ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ လိုပါတယ်' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 'တိုင်းပြည် ပြောင်းလဲဖို့အတွက် အခွန်တွေပေးဖို့ လိုတယ်။ အခွန်ကောက်ခံတဲ့ လူတွေဘက်ကလည်း အခွန်စနစ်တွေကို ပြုပြင်ပေးဖို့ လိုပါတယ်။ အခွန်ထမ်းတွေ ဘက်ကလည်း သိပ်မများရင် အခွန်တွေကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ညှိပေးဖို့တော့ လိုပါတယ်' ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်ကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပြီး လူတိုင်း ပေးဆောင်နိုင်သည့် အခွန်နှုန်းထားမျိုး ဖြစ်သင့်ကြောင်း၊ ထို့ပြင် အခွန်ကင်းလွတ်ခွင့် ပေးထားသည်များကို လျှော့ချရန်နှင့် ပြည်သူ့ဝင်ငွေခွန်ကို ပွင့်လင်းမြင်သာမှု ရှိစွာ သုံးစွဲရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုမှ ၀င်ငွေတိုးတက် ရရှိရန်အတွက် မြင့်မားသော အခွန်နှုန်းများ မလိုအပ်ဘဲ ပိုကောင်းသော အခွန်စနစ်များသာ လိုအပ်ကြောင်း စီးပွားရေး ပညာရှင် Mr.Andrea Smurra က ထောက်ပြခဲ့သည်။ Credit To >>> EMG
Posted on: Mon, 12 Aug 2013 21:35:25 +0000

© 2015