မိုဘိုင်းလ်ဖုန်းဖြင့် - TopicsExpress



          

မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးမည် by Myanmar ICT ======================================= ပြည်သူများ ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေရန် ရည်ရွယ်၍ မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေးအကြံဥာဏ်များ ပေးနိုင်မည့် ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်လျက်ရှိကြောင်း Blue Ocean Operating Managementမှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က သြဂုတ် ၂၃ရက်တွင် ဆမ်းမစ်ပတ်ဗျူး ဟိုတယ်၌ပြုလုပ်သော ကျန်းမာရေးဟောပြောပွဲတွင် ပြောကြားသည်ဟု သိရသည်။ ယင်းကဲ့သို့ မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေးအကြံဥာဏ်များ ရယူနိုင်ရန် Blue Tooth Systemပါရှိသော ကျန်းမာရေး ကိရိယာများကိုလည်း ဝယ်ယူရန်လိုအပ်ပြီး စက်ကိရိယာများ၏ ဈေးနှုန်းမှာလည်း သာမန်ကျန်းမာရေး ကိရိယာများနှင့် မကွာကြောင်း သိရသည်။ အဆိုပါမိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးမည့် အစီအစဉ်ကို Blue Ocean Operating Mangement ကုမ္ပဏီနှင့် မလေးရှားနိုင်ငံ Ming Medical Sevicesတို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေး အကြံဥာဏ်များ ပေးမည့်ဝန်ဆောင်မှုအတွက် အခကြေးငွေ ဖြတ်တောက်မှုကို အတိအကျပြောနိုင်ရန် ခက်ခဲသေးကြောင်း Blue Ocean, Healty Care Service၏ မန်နေဂျာ ဒေါက်တာတင်နိုင်လင်းက စံတော်ချိန်သို့ ပြောဆိုသည်ဟု သိရသည်။
Posted on: Mon, 26 Aug 2013 17:33:02 +0000

Trending Topics



Recently Viewed Topics




© 2015