ယာဉ်မောင်းလိုင်စင် - TopicsExpress



          

ယာဉ်မောင်းလိုင်စင် ဗုံးပေါလအော ထုတ်ပေးခြင်း မပြုတော့ဟုဆို ================================================== ယာဉ်မောင်းလိုင်စင်ကို ပိုမိုစိစစ် ခြင်းဖြင့်သာ ထုတ်ပေးတော့ကြောင်း ကညနက ပြောသည်။ ယခင်က ယာဉ်အစီးရေနှင့် ယာဉ် မောင်းများလိုက်လျော ညီထွေရှိစေရန် ပမာဏများများစားစား ထုတ်ပေးခဲ့မှု ရှိခဲ့သော်လည်း ယခုတွင် လိုအပ်သည့် ပမာဏကိုသာ ထုတ်ပေးနေသည်ဟု ကညနက ဆိုသည်။ 'အဲဒီအတွက် နှစ်စဉ်ထုတ်ပေးမှု က လျော့ကျလာတယ်'ဟု ကညန ဒုညွှန်ချုပ်က ပြောသည်။ ကညနစာရင်းအရ တစ်နိုင်ငံလုံး တွင် ယာဉ်မောင်းလိုင်စင် ၂၇ သိန်းရှိ ရာ ထိုထဲတွင် မော်တော်ဆိုင်ကယ် မောင်းနှင်မှု လိုင်စင်က ငါးပုံ၊ သုံးပုံ ခန့် ရှိပြီး ကားမောင်းလိုင်စင်က ငါးပုံ၊ နှစ်ပုံသာရှိကြောင်း၊ ယခုစိစစ်မှုက နှစ်ခု စလုံးတွင်ဖြစ်သော်လည်း ကားမောင်း လိုင်စင်ကို ပိုမို စိစစ်ကြောင်း ¤င်းထံမှ သိရသည်။ 'ယာဉ်တိုက်မှုတွေက နေရာအနှံ့ မှာ ဖြစ်ပွားနေတယ်။ အဓိကကတော့ ကျွမ်းကျင်တတ်မြောက်မှု မရှိတာကြောင့် နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားမလည်ကြတာကြောင့်ပဲ'ဟု ဒုညွှန် ချုပ်ကဆိုသည်။ ယာဉ်မောင်းလိုင်စင်ကို အမှန်တ ကယ် တတ်မြောက်ကျွမ်းကျင်မှသာ ထုတ်ပေးပြီး ယာဉ်မောင်းခြင်းကို အသိ အမှတ်ပြု ယာဉ်မောင်းကျောင်း များမှ ဆင်းမှသာ ထုတ်ပေးတော့ကြောင်း၊ ယာဉ်မောင်းကျောင်းမရှိ သည့်ဒေသများ မှ ဆိုပါလျှင် ကညနက ကျွမ်းကျင်သင် တန်းလိုက်ပေးခြင်းဖြင့် အောင်မြင်မှ သာ ထုတ်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ 'ဒါ့ကြောင့် ပုဂ္ဂလိက သင်တန်း ကျောင်းတွေ များများရှိဖို့ ကျွန်တော် တို့ အားပေးနေပါတယ်'ဟု ဒုညွှန်ချုပ်က ထပ်လောင်းဆိုသည်။ ယာဉ်ထိန်းရဲမှူးကြီး ဦးကျော်ထွေး က ယာဉ်မတော်တဆဖြစ်မှုများ၏ ၆ဝ ရာခိုင်နှုန်းမှာ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပြီး၊ စည်းကမ်းမဲ့ မှုကြောင့် နေ့စဉ်လူ ၁ဝ ဦးသေပြီး လူ ၅ဝ ခန့်ပုံမှန် ထိခိုက် ဒဏ်ရာရေ နကြောင်း ပြောသည်။ PN-051 Popular Myanmar News Journal
Posted on: Thu, 01 Aug 2013 07:01:23 +0000

Trending Topics



="min-height:30px;">
My My My mind is on The dawning of a New Year! I am coming before

Recently Viewed Topics




© 2015