ရွှေလုပ်ကွက် - TopicsExpress



          

ရွှေလုပ်ကွက် တစ်ဝက်နီးပါးမှာ လုပ်ကိုင်မည့်သူပင် မရှိတော့သည်အထိ ကျဆင်းသွားကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံ ဇူလိုင်လ ၁၂ ရက် ၂၀၁၃ ရွှေလုပ်ကွက် တစ်ဝက်နီးပါးမှာ လုပ်ကိုင်မည့်သူပင် မရှိတော့သည်အထိ ကျဆင်းသွားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်တင်ပြခဲ့သည်။ ဇူလိုင် ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယင်းကော်မတီက သတ္တုတွင်း ၀န်ကြီးဌာန အမှတ် (၂) သတ္တုလုပ်ငန်း၏ ရွှေကြွေးကျန်များပေါ် စာရင်းစစ် ကန့်ကွက်ချက်နှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ သတ္တုတွင်း ၀န်ကြီးဌာန၏ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြချက်အရ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်ကုန်အထိ ရွှေကြွေး ကျန် ၃၃၉၀၃ ဒသမ ၂၂ ကျပ်သား ကျန်ရှိပြီး အဆိုပါ ကြွေးကျန်အား ၂၀၁၂ခုနှစ် နိုဝင်ဘာလကုန်ထိ ရွှေကျပ်သား ၁၂၉၈၀ ကျော် ထပ်မံပေးသွင်းသည့် အတွက် ၂၀၉၂၂ ကျပ်သား ကျော်သာ ပေးသွင်းရန် ကျန်ရှိကြောင်းလည်း သိရသည်။ ထိုသို့ ကြွေးကျန်များ ဖြစ်ပေါ်ရခြင်း အဓိက အကြောင်းရင်းများထဲတွင် ၀န်ကြီးဌာနနှင့် ထုတ်လုပ်သူအကြား စာချုပ်စည်းကမ်းအရ ရွှေအခွန်ကို ပြင်ဆင်ချိန်ကာလ ခြောက်လအတွက် ကင်းလွတ်ခွင့် ပြုထားကြောင်း၊ သို့သော် ယခုအခါ ထိုသို့ ကင်းလွတ်ခွင့် ပေးခဲ့သည်ကို ပြန်လည်တွက်ချက် ကောက်ခံခြင်း၊ ယခင်သတ္တုတွင်း ၀န်ကြီးဌာနမှ ပြစ်ဒဏ်ချမှတ် ပယ်ဖျက်ပေးခဲ့ပြီးသော ရွှေကြွေးကျန်များကို ပြန်လည်ပေးသွင်းရန် ကျန်သည့် စာရင်း၌ ထည့်သွင်းဖော်ပြခြင်း စသည့် အချက်များ ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။ ၀န်ကြီးဌာနမှ အရင်းအနှီးငွေကြေး ထည့်ဝင်မှု မရှိဘဲ အမြတ်ရာခိုင်နှုန်း ရယူသည့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော စနစ် ကျင့်သုံးနေသည့် အချက်မှာလည်း မကျင့်သုံးသင့် တော့သည့် အချက်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ် (Production Sharing Contract) ချုပ်ဆိုရာ၌ အကြီးစား ရွှေထုတ်လုပ်မှု အတွက် နိုင်ငံတော်မှ ရင်းနှီးငွေ ထည့်ဝင်ရန် မလိုဘဲ နိုင်ငံတော်က ရာခိုင်နှုန်း ၄၀၊ ကုမ္ပဏီက ရာခိုင်နှုန်း ၆၀ ခွဲဝေပြီး နိုင်ငံတော်မှ ရရှိသည့် ရာခိုင်နှုန်း ၄၀ မှ ငါးရာခိုင်နှုန်းကို ဓာတ်သတ္တုခွန်အဖြစ် ပြန်လည်ပေးဆောင်သည့် အတွက် နိုင်ငံတော်မှ ၃၅ ရာခိုင်နှုန်း ရရှိကြောင်း သိရသည်။ အသေးစား ရွှေထုတ်လုပ်ငန်းများ အတွက်မူ ၀န်ကြီးဌာနမှ အရင်းအနှီး ထည့်ဝင်မှု မရှိဘဲ ထွက်ရှိသည့် အပေါ်တွင် နိုင်ငံတော်မှ ရာခိုင်နှုန်း ၃၀ ရယူနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အတွက်လည်း လုပ်ငန်းရှင်ငယ်များနှင့် အလတ်စား လုပ်ငန်းရှင်များမှာ လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲပြီး ယခုကဲ့သို့ ရွှေထုတ်လုပ်ကွက်များ ရယူလုပ်ကိုင်ခြင်း နည်းပါးလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ထုတ်လုပ်မှုအပေါ် ခွဲဝေသည့် စနစ်သည် နေ့စဉ်မည်မျှ ထုတ်လုပ် ထွက်ရှိသည်ကို စောင့်ကြည့်ရန် ၀န်ထမ်းများ ထားရှိနေရသဖြင့် ကုမ္ပဏီဦးရေ များပြားလာသည်နှင့်အမျှ ၀န်ထမ်းဦးရေ မလုံလောက်ခြင်း၊ ၀န်ထမ်းများကို အဂတိ လိုက်စားစေရန် အခြေအနေ ဖန်တီးပေးသကဲ့သို့ ဖြစ်ခြင်းတို့ကြောင့် ဈေးကွက်စီးပွားရေး စနစ်တွင် မကျင့်သုံး သင့်တော့ကြောင်း သုံးသပ်ရသည်ဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 'စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ဆောင်ရာမှာ အောင်မြင်သူ ရှိသကဲ့သို့ ဆုံးရှုံးသူလည်း ရှိပါတယ်။ နိုင်ငံတော် အကျိုးစီးပွား တစ်ခုတည်းကို ကြည့်ပြီး ပြည်သူများရဲ့ အခက်အခဲကို လျစ်လျူရှုကာ ပျမ်းမျှခြင်း သတ်မှတ်၍ ပုတ်ပြတ်ကောက်ခံ ရယူသည့်စနစ် သည်လည်း ယခုဖြစ်စဉ်ကဲ့သို့ ကြွေးကျန်များ ဖြစ်ပေါ်ခြင်း၊ ရွှေထုတ်လုပ်ကွက် ၁၃၆၆ ကွက်မှ ၇၇၉ ကွက်သို့ ကျဆင်းသွားခြင်း များအရ မကျင့်သုံးသင့်တော့ကြောင်း သုံးသပ်ရပါတယ်' ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ Eleven
Posted on: Fri, 12 Jul 2013 04:35:56 +0000

Trending Topics



Recently Viewed Topics




© 2015